Skip to main content
က်န္းမာေရးအာမခံအမ်ိဳးအစားကို စိတ္၀င္စားသူမ်ားျပားလာ 
Ads Block

က်န္းမာေရးအာမခံအမ်ိဳးအစားကို စိတ္၀င္စားသူမ်ားျပားလာ 

က်န္းမာေရးအာမခံအမ်ိဳးအစားကို စိတ္ဝင္စားသူမ်ားျပားလာၿပီး အုပ္စုလိုက္ထားရိွလာေၾကာင္း IKBZ (Public and special sale department) မွ ဒုတိယအေထြေထြ မန္ေနဂ်ာဦးေမာင္ေမာင္ျမင့္က ေျပာၾကားခ်က္အရ သိရသည္။
က်န္းမာေရးအာမခံသည္ ယခင္ကတည္းကရိွေသာ္လည္း ေစ်းႏႈန္းျမင့္မားသည့္အတြက္ ၿပီးခဲ့သည့္လပိုင္း၌ ေစ်းႏႈန္းေလ်ာ့ခ်လိုက္သည့္အျပင္ ျပည္တြင္းပုဂၢလိကအာမခံလုပ္ငန္းမ်ားကိုပါ ေဆာင္ရြက္ခြင့္ျပဳခဲ့ျခင္း ျဖစ္ကာ ယခုအခါ စက္ရုံ၊ အလုပ္ရုံမ်ားမွထားရိွမႈမ်ားျပားလာၿပီး စက္ရုံတစ္ရုံတည္းမွ အုပ္စုလိုက္ က်န္္းမာေရး အာမခံထားရိွမႈ က်ပ္သိန္း ၈၀ ခန္႔အထိရွိခဲ႔ေၾကာင္း သိရသည္။ 
“ပထမပိုင္းမွာက်န္းမာေရးအာမခံကိုစိတ္မဝင္စားၾကဘူး။ အခုေတာ့ စိတ္ဝင္စားလာၾကတယ္။ ေတာ္ေတာ္ေလးေတာ့ လုပ္လာၾကတယ္။ အခုမွ စလုပ္တယ္ဆိုေတာ့ အရမ္းသက္သာတဲ့ႏႈန္းေတြနဲ႔ က်န္းမာေရးအာမခံေတြ လုပ္ေပးေနပါတယ္။ အသက္အပိုင္းအျခားေတာ့ရွိတယ္။ ဝန္ထမ္းေတြအတြက္ အဓိကဦးစားေပးလုပ္ေပးပါတယ္” ဟု IKBZ (Public and special sale department) မွ ဒုတိယအေထြေထြ မန္ေနဂ်ာဦးေမာင္ေမာင္ျမင့္က ေျပာသည္။
လက္ရွွိတြင္ ဝန္ထမ္းမ်ားအုပ္စုလိုက္ က်န္းမာေရးထားရိွျခင္းမ်ားျပားလာ၍ ရန္ကုန္တုိင္းေဒသႀကီး စက္မႈဇုန္မ်ားမွ စက္ရုံမ်ားသို႔ဆက္လက္လုပ္ေဆာင္သြားရန္ ေဆာင္ရြက္ေနေၾကာင္းသိရသည္။
က်န္းမာေရးအာမခံထားရာတြင္ တစ္ဦးခ်င္းအလိုက္ထားရွိျခင္းႏွင့္ အုပ္စုလိုက္ထားရွိျခင္းဟူ၍ရွိၿပီး တစ္ဦးခ်င္းထားျခင္းသည္ က်ပ္ ၁၀၀၀ မွ က်ပ္ ၂၀၀၀ ပိုမ်ားေၾကာင္း၊ အာမခံေၾကးမွာလည္း အသက္အရြယ္အပိုင္းအျခားအလိုက္ေပးရၿပီး အသက္အရြယ္ၾကီးပါကေစ်းႏႈန္းပိုမ်ားေၾကာင္း သိရသည္။
က်န္မာေရးအာမခံထားရွိေၾကးမွာဝန္ထမ္းတစ္ဦးအတြက္တစ္ႏွစ္လွ်င္ အသက္ ၁၈ ႏွစ္ မွ ၃၀ ႏွစ္အထိ ၄၃၀၀၀ က်ပ္၊ အသက္ ၃၁ ႏွစ္မွ ၄၀ ႏွစ္အထိလွ်င္ ၅၂၃၀၀ က်ပ္၊ အသက္ ၄၁ ႏွစ္မွ ၅၀ ႏွစ္အထိ ၆၃၈၀၀ က်ပ္၊ ၅၁ ႏွစ္မွ ၆၀ ႏွစ္အထိ ၈၆၈၀၀ က်ပ္ကုန္က်မည္ျဖစ္ၿပီး တစ္လတစ္ႀကိမ္၊ သုးံလတစ္ႀကိမ္ႏွင့္ တစ္နွစ္တစ္ႀကိမ္ စသည္ျဖင့္ ေပးေဆာင္ႏိုင္ေၾကာင္းသိရသည္။
သို႔ရာတြင္ အာမခံေလ်ာ္ေၾကးအျဖစ္မူ အသက္ ၁၈ နွစ္ ၃၀ အၾကားရွိတစ္ဦးဦးမွ ေဆးရုံတက္ရပါက တစ္ေန႔အတြက္ က်ပ္ ၁၀၀၀၀ ႏႈန္းျဖင့္ႏွစ္လစာက်ပ္ ၆၀၀၀၀၀ ရရိွမည္ျဖစ္ကာ ခြဲစိတ္ကုသမႈခံယူရပါက က်ပ္ ၅ သိန္း၊ ေဆးရုံတက္စဥ္ေသဆုံးပါက က်ပ္ ၁၀ သိန္း၊ အမ်ိဳးသမီးမ်ားကိုယ္ဝန္ပ်က္က်ပါကက်ပ္ ၃ သိန္းအထိ ေပးေလ်ာ္သြားမည္ျဖစ္ေၾကာင္း မေတာ္တဆမႈျဖစ္ပြားပါက ဒဏ္ရာရရိွသည့္အေျခအေနေပၚ မူတည္၍ ကုသေပးမည္ျဖစ္ေၾကာင္းသိရသည္။
- သင္းသင္းလိႈင္(အကုန္သိသတင္းဌာန) 

 

Unicode version

ကျန်းမာရေးအာမခံအမျိုးအစားကို စိတ်ဝင်စားသူများပြားလာ 

ကျန်းမာရေးအာမခံအမျိုးအစားကို စိတ်ဝင်စားသူများပြားလာပြီး အုပ်စုလိုက်ထားရှိလာကြောင်း IKBZ (Public and special sale department) မှ ဒုတိယအထွေထွေ မန်နေဂျာဦးမောင်မောင်မြင့်က ပြောကြားချက်အရ သိရသည်။
ကျန်းမာရေးအာမခံသည် ယခင်ကတည်းကရှိသော်လည်း ဈေးနှုန်းမြင့်မားသည့်အတွက် ပြီးခဲ့သည့်လပိုင်း၌ ဈေးနှုန်းလျော့ချလိုက်သည့်အပြင် ပြည်တွင်းပုဂ္ဂလိကအာမခံလုပ်ငန်းများကိုပါ ဆောင်ရွက်ခွင့်ပြုခဲ့ခြင်း ဖြစ်ကာ ယခုအခါ စက်ရုံ၊ အလုပ်ရုံများမှထားရှိမှုများပြားလာပြီး စက်ရုံတစ်ရုံတည်းမှ အုပ်စုလိုက် ကျန်းမာရေး အာမခံထားရှိမှု ကျပ်သိန်း ၈၀ ခန့်အထိရှိခဲ့ကြောင်း သိရသည်။ 
“ပထမပိုင်းမှာကျန်းမာရေးအာမခံကိုစိတ်မဝင်စားကြဘူး။ အခုတော့ စိတ်ဝင်စားလာကြတယ်။ တော်တော်လေးတော့ လုပ်လာကြတယ်။ အခုမှ စလုပ်တယ်ဆိုတော့ အရမ်းသက်သာတဲ့နှုန်းတွေနဲ့ ကျန်းမာရေးအာမခံတွေ လုပ်ပေးနေပါတယ်။ အသက်အပိုင်းအခြားတော့ရှိတယ်။ ဝန်ထမ်းတွေအတွက် အဓိကဦးစားပေးလုပ်ပေးပါတယ်” ဟု IKBZ (Public and special sale department) မှ ဒုတိယအထွေထွေ မန်နေဂျာဦးမောင်မောင်မြင့်က ပြောသည်။
လက်ရှိတွင် ဝန်ထမ်းများအုပ်စုလိုက် ကျန်းမာရေးထားရှိခြင်းများပြားလာ၍ ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန်များမှ စက်ရုံများသို့ဆက်လက်လုပ်ဆောင်သွားရန် ဆောင်ရွက်နေကြောင်းသိရသည်။
ကျန်းမာရေးအာမခံထားရာတွင် တစ်ဦးချင်းအလိုက်ထားရှိခြင်းနှင့် အုပ်စုလိုက်ထားရှိခြင်းဟူ၍ရှိပြီး တစ်ဦးချင်းထားခြင်းသည် ကျပ် ၁၀၀၀ မှ ကျပ် ၂၀၀၀ ပိုများကြောင်း၊ အာမခံကြေးမှာလည်း အသက်အရွယ်အပိုင်းအခြားအလိုက်ပေးရပြီး အသက်အရွယ်ကြီးပါကဈေးနှုန်းပိုများကြောင်း သိရသည်။
ကျန်မာရေးအာမခံထားရှိကြေးမှာဝန်ထမ်းတစ်ဦးအတွက်တစ်နှစ်လျှင် အသက် ၁၈ နှစ် မှ ၃၀ နှစ်အထိ ၄၃၀၀၀ ကျပ်၊ အသက် ၃၁ နှစ်မှ ၄၀ နှစ်အထိလျှင် ၅၂၃၀၀ ကျပ်၊ အသက် ၄၁ နှစ်မှ ၅၀ နှစ်အထိ ၆၃၈၀၀ ကျပ်၊ ၅၁ နှစ်မှ ၆၀ နှစ်အထိ ၈၆၈၀၀ ကျပ်ကုန်ကျမည်ဖြစ်ပြီး တစ်လတစ်ကြိမ်၊ သုးံလတစ်ကြိမ်နှင့် တစ်နှစ်တစ်ကြိမ် စသည်ဖြင့် ပေးဆောင်နိုင်ကြောင်းသိရသည်။
သို့ရာတွင် အာမခံလျော်ကြေးအဖြစ်မူ အသက် ၁၈ နှစ် ၃၀ အကြားရှိတစ်ဦးဦးမှ ဆေးရုံတက်ရပါက တစ်နေ့အတွက် ကျပ် ၁၀၀၀၀ နှုန်းဖြင့်နှစ်လစာကျပ် ၆၀၀၀၀၀ ရရှိမည်ဖြစ်ကာ ခွဲစိတ်ကုသမှုခံယူရပါက ကျပ် ၅ သိန်း၊ ဆေးရုံတက်စဉ်သေဆုံးပါက ကျပ် ၁၀ သိန်း၊ အမျိုးသမီးများကိုယ်ဝန်ပျက်ကျပါကကျပ် ၃ သိန်းအထိ ပေးလျော်သွားမည်ဖြစ်ကြောင်း မတော်တဆမှုဖြစ်ပွားပါက ဒဏ်ရာရရှိသည့်အခြေအနေပေါ် မူတည်၍ ကုသပေးမည်ဖြစ်ကြောင်းသိရသည်။
- သင်းသင်းလှိုင်(အကုန်သိသတင်းဌာန) 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။