Skip to main content
တရုတ္ႏိုင္ငံသုိ႔အလုပ္သြားလုပ္ေသာစစ္ေဘးေရွာင္မ်ားအား တရုတ္ရဲမ်ားကဖမ္းဆီးၿပီး ပုိက္ဆံေပးမွသာ ျပန္လႊတ္ေပးဟုဆုိ
Ads Block

တရုတ္ႏိုင္ငံသုိ႔အလုပ္သြားလုပ္ေသာစစ္ေဘးေရွာင္မ်ားအား တရုတ္ရဲမ်ားကဖမ္းဆီးၿပီး ပုိက္ဆံေပးမွသာ ျပန္လႊတ္ေပးဟုဆုိ

တရုတ္ႏုိင္ငံသုိ႔ အလုပ္သြားလုပ္ေသာ စစ္ေဘးေရွာင္ႏွင့္ေဒသခံမ်ားအား တရုတ္ရဲမ်ားက ဖမ္းဆီးမႈမ်ားရွိေနၿပီး ပုိက္ဆံေပးမွသာျပန္လႊတ္ေၾကာင္း ကခ်င္ၿငိမ္းခ်မ္းေရးကြန္ယက္မွ ညွိနႈိင္းေရးမွဴးေဒၚခြန္ဂ်ာကေျပာသည္။
လက္ရွိကခ်င္ျပည္နယ္တြင္ စစ္ေဘးေရွာင္ျပည္သူတစ္သိန္းခန္႔ရွိၿပီး အမ်ားစုမွာ ျမန္မာ-တရုတ္နယ္စပ္ တစ္ေလွ်ာက္တြင္ ယာယီေနထုိင္ေနၾကေၾကာင္း သိရသည္။

တရုတ္ႏိုင္ငံသုိ႔အလုပ္သြားလုပ္ေသာစစ္ေဘးေရွာင္မ်ားအား တရုတ္ရဲမ်ားကဖမ္းဆီးၿပီး ပုိက္ဆံေပးမွသာ ျပန္လႊတ္ေပးဟုဆုိ


“ လူကုန္ကူးခံရတဲ့သူဆုိရင္ တရုတ္ရဲကျပန္လႊဲေပးတယ္။ ဒါေပမဲ့အဲဒီဘက္မွာအလုပ္သြားလုပ္တဲ့သူေတြေပါ့။ အဲဒီသူေတြကုိေတာ့ သူတုိ႔က လ.၀.က ဥပေဒအရ ဖမ္းဆီးတာေတြရွိတယ္။ တခ်ိဳ႕လည္း ယြမ္ ၅၀၀၊ ၁၀၀၀ ေထာင္ေပးရင္ ျပန္လြတ္လာၾကတယ္။ တခ်ိဳ႕လည္း ယြမ္၂၅၀၀ေပါ့။ အဲဒီလုိမွမေပးႏုိင္ရင္ အဲဒီဘက္မွာ ဖမ္းဆီးခံရတယ္။ ဒီလုိျဖစ္ေနတာကုိအစုိးရကမသိတာေတာ့မဟုတ္ဘူး။ သိတယ္။ စစ္ေဘးေရွာင္တင္ မဟုတ္ဘူး။ ေဒသခံေတြကလည္းအဲဒီဘက္မွာအလုပ္သြားလုပ္တယ္။ မလုပ္လုိ႔လည္းမရဘူး။ ျပန္ထြက္လုိက္။ ျပန္၀င္လုိက္။ ဒီလုိပဲလုပ္ေနၾကရတာေပါ့’’ ဟု ကခ်င္ၿငိမ္းခ်မ္းေရးကြန္ယက္မွ ညွိနႈိင္းေရးမွဴးေဒၚခြန္ဂ်ာက ေျပာသည္။

တရုတ္ႏိုင္ငံသုိ႔အလုပ္သြားလုပ္ေသာစစ္ေဘးေရွာင္မ်ားအား တရုတ္ရဲမ်ားကဖမ္းဆီးၿပီး ပုိက္ဆံေပးမွသာ ျပန္လႊတ္ေပးဟုဆုိ


ကခ်င္ျပည္နယ္သည္ ၂၀၁၁ ခုနွစ္၀န္းက်င္မွစတင္ကာ တုိက္ပြဲမ်ားျပန္လည္ျဖစ္ပြားခဲ့ၿပီး KIA ႏွင့္ တပ္မေတာ္တုိ႔မၾကာခဏထိေတြ႔မႈတုိ႔ရွိခဲ့သည္။
စစ္ေဘးေၾကာင့္ စစ္ေဘးေရွာင္သူမ်ားလည္းရွိခဲ့ၿပီး လက္ရွိတြင္ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးေကာ္မရွင္မွ ႏွစ္ဖက္ေတြ႔ဆုံႏုိင္ရန္ ပမာဏာေတြ႔ဆုံေဆြးေႏြးျခင္းတုိ႔ရွိေၾကာင္း သိရသည္။
- မင္းသီဟန္(အကုန္သိသတင္းဌာန) 

 

 

Unicode version

တရုတ်နိုင်ငံသို့အလုပ်သွားလုပ်သောစစ်ဘေးရှောင်များအား တရုတ်ရဲများကဖမ်းဆီးပြီး ပိုက်ဆံပေးမှသာ ပြန်လွှတ်ပေးဟုဆို

တရုတ်နိုင်ငံသို့ အလုပ်သွားလုပ်သော စစ်ဘေးရှောင်နှင့်ဒေသခံများအား တရုတ်ရဲများက ဖမ်းဆီးမှုများရှိနေပြီး ပိုက်ဆံပေးမှသာပြန်လွှတ်ကြောင်း ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ ညှိနှိုင်းရေးမှူးဒေါ်ခွန်ဂျာကပြောသည်။
လက်ရှိကချင်ပြည်နယ်တွင် စစ်ဘေးရှောင်ပြည်သူတစ်သိန်းခန့်ရှိပြီး အများစုမှာ မြန်မာ-တရုတ်နယ်စပ် တစ်လျှောက်တွင် ယာယီနေထိုင်နေကြကြောင်း သိရသည်။
“ လူကုန်ကူးခံရတဲ့သူဆိုရင် တရုတ်ရဲကပြန်လွှဲပေးတယ်။ ဒါပေမဲ့အဲဒီဘက်မှာအလုပ်သွားလုပ်တဲ့သူတွေပေါ့။ အဲဒီသူတွေကိုတော့ သူတို့က လ.ဝ.က ဥပဒေအရ ဖမ်းဆီးတာတွေရှိတယ်။ တချို့လည်း ယွမ် ၅၀၀၊ ၁၀၀၀ ထောင်ပေးရင် ပြန်လွတ်လာကြတယ်။ တချို့လည်း ယွမ်၂၅၀၀ပေါ့။ အဲဒီလိုမှမပေးနိုင်ရင် အဲဒီဘက်မှာ ဖမ်းဆီးခံရတယ်။ ဒီလိုဖြစ်နေတာကိုအစိုးရကမသိတာတော့မဟုတ်ဘူး။ သိတယ်။ စစ်ဘေးရှောင်တင် မဟုတ်ဘူး။ ဒေသခံတွေကလည်းအဲဒီဘက်မှာအလုပ်သွားလုပ်တယ်။ မလုပ်လို့လည်းမရဘူး။ ပြန်ထွက်လိုက်။ ပြန်ဝင်လိုက်။ ဒီလိုပဲလုပ်နေကြရတာပေါ့’’ ဟု ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ ညှိနှိုင်းရေးမှူးဒေါ်ခွန်ဂျာက ပြောသည်။
ကချင်ပြည်နယ်သည် ၂၀၁၁ ခုနှစ်ဝန်းကျင်မှစတင်ကာ တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ပြီး KIA နှင့် တပ်မတော်တို့မကြာခဏထိတွေ့မှုတို့ရှိခဲ့သည်။
စစ်ဘေးကြောင့် စစ်ဘေးရှောင်သူများလည်းရှိခဲ့ပြီး လက်ရှိတွင် ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်မှ နှစ်ဖက်တွေ့ဆုံနိုင်ရန် ပမာဏာတွေ့ဆုံဆွေးနွေးခြင်းတို့ရှိကြောင်း သိရသည်။
- မင်းသီဟန်(အကုန်သိသတင်းဌာန) 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။