Skip to main content
နာဂဆုိရွယ္လစ္အမ်ိဳးသားေကာင္စီလက္နက္ကုိင္အဖြဲ႔ႏွင့္ ေတြ႔ဆုံအေျဖရွာရန္ လုပ္ေဆာင္ေန
Ads Block

နာဂဆုိရွယ္လစ္အမ်ိဳးသားေကာင္စီလက္နက္ကုိင္အဖြဲ႔ႏွင့္ ေတြ႔ဆုံအေျဖရွာရန္ လုပ္ေဆာင္ေန

“နာဂၿငိမ္းခ်မ္းေရးအေထာက္အကူျပဳေကာ္မတီ” ဖြဲ႔စည္းကာ “နာဂဆုိရွယ္လစ္ အမ်ိဳးသားေကာင္စီ လက္နက္ကုိင္အဖြဲ႔” ႏွင့္ေတြ႔ဆုံအေျဖရွာရန္ လုပ္ေဆာင္ေနေၾကာင္း နာဂအမ်ိဳးသားေရးရာေကာင္စီမွ အေထြေထြအတြင္းေရးမွဴး ေနာ္ဆန္းေအာင္ေျပာျပခ်က္အရ သိရသည္။
ရန္ကုန္ၿမိဳ႕တြင္ ေဖေဖၚ၀ါရီလ ၂၇ ရက္ကက်င္းပေသာ နာဂတုိင္းရင္းသားမ်ားေျမရာဓေလ့ထုံးတမ္းမ်ား သုေတသနစာတမ္း မိတ္ဆက္ပြဲတြင္ အကုန္သိသတင္းဌာနသုိ႔ ယခုကဲ့သို႔ေျပာခဲ့ျခင္း ျဖစ္သည္။ 

နာဂဆုိရွယ္လစ္အမ်ိဳးသားေကာင္စီလက္နက္ကုိင္အဖြဲ႔ႏွင့္ ေတြ႔ဆုံအေျဖရွာရန္ လုပ္ေဆာင္ေန


“ လက္ရွိတပ္မေတာ္နဲ႔ နာဂေဒသမွာရွိတဲ့ လက္နက္ကုိင္ NSCN –K နဲ႔ ဇန္န၀ါရီ ၂၉မွာ ခႏၱီးအေျခစုိက္ ဗ်ဴဟာမွဴး ဦးေဆာင္လာၿပီး နာဂေဒသကုိ၀င္ေရာက္လာတယ္။ ၀င္ေရာက္လာၿပီးေတာ့ နာဂေဒသ NSCN ဌာနခ်ဳပ္ကုိထိန္းခ်ဳပ္တယ္။ ၿပီးေတာ့အဲဒီလုိနဲ႔ဘာျဖစ္လာလဲဆုိေတာ့ တျဖည္းျဖည္းနဲ႔ ဒီေန႔အခ်ိန္အထိ တပ္ဆုတ္ေပးျခင္းမရွိဘူး။ ဒီေန႔အခ်ိန္ထိထိန္းခ်ဳပ္ထားဆဲျဖစ္တယ္။ အဲဒီေက်းရြာမွာရွိေနတဲ့ လူေတြဘ၀လုံၿခံဳေရးေပါ့။ အရမ္းစုိးရိမ္ရတဲ့အေနအထားျဖစ္တယ္။ေနရာတုိင္းမွာ လုံၿခဳံေရးအရ တားျမစ္ထားတဲ့ ကိစၥေတြရွိတယ္။ အထူးသျဖင့္တကားေဒသဆုိရင္စား၀တ္ေနေရးျပႆနာေတြအမ်ားႀကီး ႀကဳံခဲ့ရၿပီ။ ဆန္၊ဆီ၊ဆား ၊ေနာက္လူသုံးကုန္ေစ်းနႈန္းေတြႀကီးျမင့္လာတယ္။ ခက္ခဲလာတယ္။ ဒါေၾကာင့္ ေလာေလာလတ္လတ္ပဲ ဒီတင္းမာမႈေတြကုိေျဖေလ်ာ့ႏုိင္ဖုိ႔ နာဂေဒသၿငိမ္းခ်မ္းေရးအေထာက္အကူျပဳ ေကာ္မတီဆုိၿပီး လတ္တေလာ၂၃ ၊၂၄ မွာဖြဲ႔ၿပီး နွစ္ဦးႏွစ္ဖက္ ဟုိဘက္ ဒီဘက္ေတြ႔ဖုိ႔စၿပီးျပင္ဆင္ေနပါၿပီ’’ဟု နာဂအမ်ိဳးသားေရးရာေကာင္စီမွ အေထြေထြအတြင္းေရးမွဴး ေနာ္ဆန္းေအာင္က ေျပာသည္။ 

နာဂဆုိရွယ္လစ္အမ်ိဳးသားေကာင္စီလက္နက္ကုိင္အဖြဲ႔ႏွင့္ ေတြ႔ဆုံအေျဖရွာရန္ လုပ္ေဆာင္ေန


နာဂအမ်ိဳးသားဆုိရွယ္လစ္ေကာင္စီဌာနခ်ဳပ္(တကား)တြင္ အိႏိၵယႏုိင္ငံအားပုန္ကန္ေနေသာ ကသည္းသူပုန္မ်ားကို လက္ခံထားသည့္အေထာက္အထားမ်ားေတြ႔ရွိဟုဆုိကာ တပ္မေတာ္မွ ၂၀၁၉ ခုႏွစ္၊ ဇန္န၀ါရီ  ၂၉ ရက္၌ တကားေဒသရွိ၄င္းတုိ႔ ဌာနခ်ဳပ္စခန္းကို ထိန္းခ်ဳပ္ခဲ့သည္။
နာဂအမ်ိဳးသားဆုိရွယ္လစ္ေကာင္စီသည္ ျပည္နယ္အဆင့္ ပစ္ခတ္တုိက္ခုိက္မႈရပ္စဲေရးပမာဏ သေဘာတူညီခ်က္ကို ၂၀၁၂ ခုႏွစ္တြင္လက္မွတ္ေရးထုိးထားၿပီး ၄င္းတုိ႔ေတာင္းဆုိမႈအရ ယာယီစခန္းခ်ခြင့္ ေပးထားခဲ့ျခင္းျဖစ္သည္။
- မင္းသီဟန္(အကုန္သိသတင္းဌာန) 

 

 

 

Unicode version

နာဂဆိုရှယ်လစ်အမျိုးသားကောင်စီလက်နက်ကိုင်အဖွဲ့နှင့် တွေ့ဆုံအဖြေရှာရန် လုပ်ဆောင်နေ

“နာဂငြိမ်းချမ်းရေးအထောက်အကူပြုကော်မတီ” ဖွဲ့စည်းကာ “နာဂဆိုရှယ်လစ် အမျိုးသားကောင်စီ လက်နက်ကိုင်အဖွဲ့” နှင့်တွေ့ဆုံအဖြေရှာရန် လုပ်ဆောင်နေကြောင်း နာဂအမျိုးသားရေးရာကောင်စီမှ အထွေထွေအတွင်းရေးမှူး နော်ဆန်းအောင်ပြောပြချက်အရ သိရသည်။
ရန်ကုန်မြို့တွင် ဖေဖေါ်ဝါရီလ ၂၇ ရက်ကကျင်းပသော နာဂတိုင်းရင်းသားများမြေရာဓလေ့ထုံးတမ်းများ သုတေသနစာတမ်း မိတ်ဆက်ပွဲတွင် အကုန်သိသတင်းဌာနသို့ ယခုကဲ့သို့ပြောခဲ့ခြင်း ဖြစ်သည်။ 
“ လက်ရှိတပ်မတော်နဲ့ နာဂဒေသမှာရှိတဲ့ လက်နက်ကိုင် NSCN –K နဲ့ ဇန်နဝါရီ ၂၉မှာ ခန္တီးအခြေစိုက် ဗျူဟာမှူး ဦးဆောင်လာပြီး နာဂဒေသကိုဝင်ရောက်လာတယ်။ ဝင်ရောက်လာပြီးတော့ နာဂဒေသ NSCN ဌာနချုပ်ကိုထိန်းချုပ်တယ်။ ပြီးတော့အဲဒီလိုနဲ့ဘာဖြစ်လာလဲဆိုတော့ တဖြည်းဖြည်းနဲ့ ဒီနေ့အချိန်အထိ တပ်ဆုတ်ပေးခြင်းမရှိဘူး။ ဒီနေ့အချိန်ထိထိန်းချုပ်ထားဆဲဖြစ်တယ်။ အဲဒီကျေးရွာမှာရှိနေတဲ့ လူတွေဘဝလုံခြုံရေးပေါ့။ အရမ်းစိုးရိမ်ရတဲ့အနေအထားဖြစ်တယ်။နေရာတိုင်းမှာ လုံခြုံရေးအရ တားမြစ်ထားတဲ့ ကိစ္စတွေရှိတယ်။ အထူးသဖြင့်တကားဒေသဆိုရင်စားဝတ်နေရေးပြဿနာတွေအများကြီး ကြုံခဲ့ရပြီ။ ဆန်၊ဆီ၊ဆား ၊နောက်လူသုံးကုန်ဈေးနှုန်းတွေကြီးမြင့်လာတယ်။ ခက်ခဲလာတယ်။ ဒါကြောင့် လောလောလတ်လတ်ပဲ ဒီတင်းမာမှုတွေကိုဖြေလျော့နိုင်ဖို့ နာဂဒေသငြိမ်းချမ်းရေးအထောက်အကူပြု ကော်မတီဆိုပြီး လတ်တလော၂၃ ၊၂၄ မှာဖွဲ့ပြီး နှစ်ဦးနှစ်ဖက် ဟိုဘက် ဒီဘက်တွေ့ဖို့စပြီးပြင်ဆင်နေပါပြီ’’ဟု နာဂအမျိုးသားရေးရာကောင်စီမှ အထွေထွေအတွင်းရေးမှူး နော်ဆန်းအောင်က ပြောသည်။ 
နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီဌာနချုပ်(တကား)တွင် အိန္ဒိယနိုင်ငံအားပုန်ကန်နေသော ကသည်းသူပုန်များကို လက်ခံထားသည့်အထောက်အထားများတွေ့ရှိဟုဆိုကာ တပ်မတော်မှ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ  ၂၉ ရက်၌ တကားဒေသရှိ၎င်းတို့ ဌာနချုပ်စခန်းကို ထိန်းချုပ်ခဲ့သည်။
နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီသည် ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးပမာဏ သဘောတူညီချက်ကို ၂၀၁၂ ခုနှစ်တွင်လက်မှတ်ရေးထိုးထားပြီး ၎င်းတို့တောင်းဆိုမှုအရ ယာယီစခန်းချခွင့် ပေးထားခဲ့ခြင်းဖြစ်သည်။
- မင်းသီဟန်(အကုန်သိသတင်းဌာန) 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။