Skip to main content
ခ်စ္သူနဲ႔ အတူတူေနေပမယ့္ လက္ထပ္ဖို႔အထိေတာ့ မေတြးထားေသးဘူးဆိုတဲ့ ဂ်ာမနီႏုိင္ငံသား Mikis Weber
Ads Block

ခ်စ္သူနဲ႔ အတူတူေနေပမယ့္ လက္ထပ္ဖို႔အထိေတာ့ မေတြးထားေသးဘူးဆိုတဲ့ ဂ်ာမနီႏုိင္ငံသား Mikis Weber

ဂ်ာမနီ ႏုိင္ငံသားတစ္ဦး ျဖစ္ေပမယ့္ ျမန္မာႏုိင္ငံမွာ အႏုပညာ အလုပ္ေတြလုပ္ရင္း ပရိသတ္ေတြရရွိလာတဲ့ Mikis Weber ကေတာ့ သူ ့ခ်စ္သူ ျမန္မာ မေလး နဲ႕လက္ထပ္ဖို႕ အထိ မေတြးထားေသးဘူးလို ့ေျပာပါတယ္။
Mikis Weber ကေတာ့ ျမန္မာျပည္ မွာ လာေရာက္ေနထိုင္ၿပီး အနုပညာလုပ္ငန္းေတြ လုပ္ကိုင္ေနသူလည္းျဖစ္သလို သူ႔ရဲ႕ခ်စ္သူကလည္း ရန္ကုန္သူမဟုတ္တာေၾကာင့္ ရန္ကုန္ၿမိဳ႕မွာေနထိုင္တဲ့ အခ်ိန္မွာ နွစ္ေယာက္စလံုး အိမ္ဌားခ သက္သာေအာင္လို႔ ႏွစ္ေယာက္အတူ အိမ္ဌားၿပီး တူတူေနတယ္လို႕ေျပာပါတယ္

ခ်စ္သူနဲ႔ အတူတူေနေပမယ့္ လက္ထပ္ဖို႔အထိေတာ့ မေတြးထားေသးဘူးဆိုတဲ့ ဂ်ာမနီႏုိင္ငံသား Mikis Weber


Mikis Weber က ခ်စ္သူနဲ႕တစ္အိမ္တည္းအတူေနျဖစ္တဲ့အေၾကာင္းနဲ႕ပတ္သက္ၿပီး“ဂ်ာမနီမွာ က မဂၤလာမေဆာင္ခင္ ခ်စ္သူေတြအတူတူေနတာက မထူးဆန္းေပမယ့္ ျမန္မာနိုင္ငံမွာကေတာ့ တျခားစီပဲ။ ဒါေပမယ့္ ကၽြန္ေတာ္သူ႕ကို ဖိတ္ခဲ့တယ္၊။ သူကလည္း ေမာ္လၿမိဳင္သူျဖစ္တယ္။ ရန္ကုန္မွာေနတာကလည္း ၾကာ ၿပီေလ။ ခ်စ္သူနဲ႔လည္းအတူတူရွိခ်င္တယ္ေလ။ နွစ္ေယာက္စလံုးက အိမ္ဌားေနရတယ္ဆိုရင္ ႏွေျမာစရာႀကီး ပိုက္ဆံအပိုကုန္တယ္ေလ၊ အတူတူေနရတာကလည္း အရမ္းစိတ္ခ်မ္းသာတယ္။ အခုဆိုရင္ ကိုယ့္ဖာ့သာကိုယ္ ထမင္းခ်က္စရာမလိုေတာ့ဘူး။ အရမ္းအဆင္ေျပတယ္။ အခ်စ္ေရးက လံုး၀ကို အဆင္ေျပတယ္” လို႔ အကုန္သိ သတင္းဌာနရဲ႕ ေမးျမန္းခ်က္အေပၚမွာ သူတို႔နွစ္ေယာက္ရဲ႕ အခ်စ္ေရးအေျခအေနကို ေျပာျပခဲ့ၾကတာပါ။

ခ်စ္သူနဲ႔ အတူတူေနေပမယ့္ လက္ထပ္ဖို႔အထိေတာ့ မေတြးထားေသးဘူးဆိုတဲ့ ဂ်ာမနီႏုိင္ငံသား Mikis Weber


Mikis Weber က  ျမန္မာဘာသာစကားကို နားလည္းၿပီး ေသခ်ာျပန္လည္ ေျပာနိုင္တာေၾကာင့္ ျမန္မာနိုင္ငံက ပရိသတ္ေတြရဲ႕ခ်စ္ခင္အားေပးမႈကိုရရွိထားသလို ပရိသတ္ အခိုင္အမာရရွိထားသူလို႕လည္းေျပာလို႕ရပါတယ္။
ခ်စ္သူနဲ႔အတူတူအိမ္ဌားေနတယ္ဆိုေပမယ့္ လက္ထပ္ဖို႔အထိေတာ့ မစဥ္းစားျဖစ္ေသးတဲ့အေၾကာင္းကိုလည္း သူ က  “ပြင့္ပြင့္လင္းလင္းေျပာရရင္ လက္ထပ္ဖို႔က ေခါင္းထဲကို မထည့္ဘူး။ အခုတျခားေသာ အစီအစဥ္ရွိတယ္ေလ။ တျခားကိစၥေတြကို အာရံုစူးစိုက္ခ်င္တယ္။ ဘယ္ေတာ့လက္ထပ္မယ္ ဘာညာဆိုတာက ဖူးစာေပၚမူတည္တယ္။ ေရစက္ေပၚမူတည္တယ္ အဲဒီကိစၥေတြကို ကၽြန္ေတာ္ ဆံုးျဖတ္လို႔မရဘူး” လို႔ Mikis Weber ကေျပာပါတယ္။

ခ်စ္သူနဲ႔ အတူတူေနေပမယ့္ လက္ထပ္ဖို႔အထိေတာ့ မေတြးထားေသးဘူးဆိုတဲ့ ဂ်ာမနီႏုိင္ငံသား Mikis Weber


သူတို႕ႏွစ္ဦး က လူမ်ိဳးခ်င္းမတူတာေၾကာင့္လည္း ဘာသာစကားက အစ အရာအားလံုးညွိနႈိင္းယူရ တယ္ဆိုေပမယ့္ သူ႔ဘ၀မွာ တစ္ခါမွ အခုလို နားလည္မႈအျပည့္ရွိတဲ့ ခ်စ္သူမ်ိဳး မရွိခဲ့ဖူးသလို သူတို႔ အခ်င္း ခ်င္းကေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္က အျပန္အလွန္ေလးစားမႈ၊ နားလည္မႈ၊ စိတ္ရွည္မႈေတြနဲ႔ ခိုင္မာတဲ့ အခ်စ္ေရးကို တည္ေဆာက္ထားတယ္လို႔ သိရပါတယ္။
- အိျဖဴသိမ့္(အကုန္သိသတင္းဌာန)


 

ချစ်သူနဲ့ အတူတူနေပေမယ့် လက်ထပ်ဖို့အထိတော့ မတွေးထားသေးဘူးဆိုတဲ့ ဂျာမနီနိုင်ငံသား Mikis Weber

ဂျာမနီ နိုင်ငံသားတစ်ဦး ဖြစ်ပေမယ့် မြန်မာနိုင်ငံမှာ အနုပညာ အလုပ်တွေလုပ်ရင်း ပရိသတ်တွေရရှိလာတဲ့ Mikis Weber ကတော့ သူ့ချစ်သူ မြန်မာ မလေး နဲ့လက်ထပ်ဖို့ အထိ မတွေးထားသေးဘူးလို့ပြောပါတယ်။
Mikis Weber ကတော့ မြန်မာပြည် မှာ လာရောက်နေထိုင်ပြီး အနုပညာလုပ်ငန်းတွေ လုပ်ကိုင်နေသူလည်းဖြစ်သလို သူ့ရဲ့ချစ်သူကလည်း ရန်ကုန်သူမဟုတ်တာကြောင့် ရန်ကုန်မြို့မှာနေထိုင်တဲ့ အချိန်မှာ နှစ်ယောက်စလုံး အိမ်ဌားခ သက်သာအောင်လို့ နှစ်ယောက်အတူ အိမ်ဌားပြီး တူတူနေတယ်လို့ပြောပါတယ်
Mikis Weber က ချစ်သူနဲ့တစ်အိမ်တည်းအတူနေဖြစ်တဲ့အကြောင်းနဲ့ပတ်သက်ပြီး“ဂျာမနီမှာ က မင်္ဂလာမဆောင်ခင် ချစ်သူတွေအတူတူနေတာက မထူးဆန်းပေမယ့် မြန်မာနိုင်ငံမှာကတော့ တခြားစီပဲ။ ဒါပေမယ့် ကျွန်တော်သူ့ကို ဖိတ်ခဲ့တယ်၊။ သူကလည်း မော်လမြိုင်သူဖြစ်တယ်။ ရန်ကုန်မှာနေတာကလည်း ကြာ ပြီလေ။ ချစ်သူနဲ့လည်းအတူတူရှိချင်တယ်လေ။ နှစ်ယောက်စလုံးက အိမ်ဌားနေရတယ်ဆိုရင် နှမြောစရာကြီး ပိုက်ဆံအပိုကုန်တယ်လေ၊ အတူတူနေရတာကလည်း အရမ်းစိတ်ချမ်းသာတယ်။ အခုဆိုရင် ကိုယ့်ဖာ့သာကိုယ် ထမင်းချက်စရာမလိုတော့ဘူး။ အရမ်းအဆင်ပြေတယ်။ အချစ်ရေးက လုံးဝကို အဆင်ပြေတယ်” လို့ အကုန်သိ သတင်းဌာနရဲ့ မေးမြန်းချက်အပေါ်မှာ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးအခြေအနေကို ပြောပြခဲ့ကြတာပါ။
Mikis Weber က  မြန်မာဘာသာစကားကို နားလည်းပြီး သေချာပြန်လည် ပြောနိုင်တာကြောင့် မြန်မာနိုင်ငံက ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုရရှိထားသလို ပရိသတ် အခိုင်အမာရရှိထားသူလို့လည်းပြောလို့ရပါတယ်။
ချစ်သူနဲ့အတူတူအိမ်ဌားနေတယ်ဆိုပေမယ့် လက်ထပ်ဖို့အထိတော့ မစဉ်းစားဖြစ်သေးတဲ့အကြောင်းကိုလည်း သူ က  “ပွင့်ပွင့်လင်းလင်းပြောရရင် လက်ထပ်ဖို့က ခေါင်းထဲကို မထည့်ဘူး။ အခုတခြားသော အစီအစဉ်ရှိတယ်လေ။ တခြားကိစ္စတွေကို အာရုံစူးစိုက်ချင်တယ်။ ဘယ်တော့လက်ထပ်မယ် ဘာညာဆိုတာက ဖူးစာပေါ်မူတည်တယ်။ ရေစက်ပေါ်မူတည်တယ် အဲဒီကိစ္စတွေကို ကျွန်တော် ဆုံးဖြတ်လို့မရဘူး” လို့ Mikis Weber ကပြောပါတယ်။
သူတို့နှစ်ဦး က လူမျိုးချင်းမတူတာကြောင့်လည်း ဘာသာစကားက အစ အရာအားလုံးညှိနှိုင်းယူရ တယ်ဆိုပေမယ့် သူ့ဘဝမှာ တစ်ခါမှ အခုလို နားလည်မှုအပြည့်ရှိတဲ့ ချစ်သူမျိုး မရှိခဲ့ဖူးသလို သူတို့ အချင်း ချင်းကတော့ တစ်ယောက်နဲ့တစ်ယောက်က အပြန်အလှန်လေးစားမှု၊ နားလည်မှု၊ စိတ်ရှည်မှုတွေနဲ့ ခိုင်မာတဲ့ အချစ်ရေးကို တည်ဆောက်ထားတယ်လို့ သိရပါတယ်။
- အိဖြူသိမ့်(အကုန်သိသတင်းဌာန)


 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။