Skip to main content
တိရစာၦန္ေတြကုိ မူးေမ့ေအာင္မလုပ္ဘဲ သတ္ျဖတ္ရသည့္ ဟာလာအသားမ်ားကုိ ေအာ္ဂဲနစ္ေလဘယ္ ကပ္ခြင့္မေပးေတာ့ဟု အီးယူတရား႐ုံးက စီရင္ခ်က္ခ်
Ads Block

တိရစာၦန္ေတြကုိ မူးေမ့ေအာင္မလုပ္ဘဲ သတ္ျဖတ္ရသည့္ ဟာလာအသားမ်ားကုိ ေအာ္ဂဲနစ္ေလဘယ္ ကပ္ခြင့္မေပးေတာ့ဟု အီးယူတရား႐ုံးက စီရင္ခ်က္ခ်

တိရစာၦန္တုိ႔အား မူးေမ့ေအာင္လုပ္မေပးဘဲ သတ္ျဖတ္ၿပီး ရလာတဲ့အသားေတြကုိ ေအာ္ဂဲနစ္အစားအစာေလဘယ္ ကပ္ခြင့္မေပးေတာ့ဟု အီးယူတရား႐ုံးက ေဖေဖၚဝါရီလ ၂၆ ရက္ေန႔မွာ စီရင္ခ်က္ခ်ခဲ့ပါတယ္။ 
၄င္းစီရင္ခ်က္ဟာ ဟာလာအသားေတြကုိ အဓိကဦးတည္ပါတယ္။ အစၥလာမ္ဓေလ့အရ သတိကပ္၊ မူးေမ့မေနတဲ့ တိရစာၦန္ကုိ သတ္ျဖတ္မွသာ ဟာလာေျမာက္ပါတယ္။ ၄င္းဓေလ့ဟာ တိရစာၦန္ေတြအေပၚ သက္ၫွာျဖည့္ဆည္းေပးရမယ့္ စံခ်ိန္စံၫႊန္း မျပည့္မီဘူးလုိ႔ အီးယူတရားေရးခုံ႐ုံး(CJEU)က စီရင္ခဲ့ပါတယ္။
ျပင္သစ္အေျခစုိက္ OABA တိရစာၦန္အခြင့္အေရးအဖြဲ႕ဟာ ထုိသုိ႔ေသာ ဟာလာအသားေတြကုိ ေအာ္ဂဲနစ္ေလဘယ္ကပ္ခြင့္မေပးရန္ ျပင္သစ္စုိက္ပ်ိဳးေရးဝန္ႀကီးဌာနထံ တင္ျပခဲ့ၿပီး ျပင္သစ္တရား႐ုံးေတြထံ ဦးတုိက္ေလွ်ာက္ထားခဲ့ပါတယ္။ တရား႐ုံးေတြက ထုိအမႈကုိ အႀကိမ္ႀကိမ္ျငင္းပယ္ခဲ့ၿပီးေနာက္မွာ စီရင္ခ်က္တစ္ရပ္ အၿပီးအျပတ္ခ်ႏုိင္ရန္အတြက္ CJEU ထံ တင္ေပးခဲ့ရာ OABA က အမႈႏုိင္သြားခဲ့ပါတယ္။
 “တိရစာၦန္မ်ားအား မသတ္ျဖတ္မီ မူးေမ့ေစျခင္းသည္ အနိမ့္ဆုံးအားျဖင့္ အမွန္တကယ္သတ္ျဖတ္ခ်ိန္တြင္ သက္ၫွာျဖည့္ဆည္းေပးရာေရာက္ေၾကာင္း သိပၸံနည္းက်ေလ့လာေတြ႕ရွိသည္ကုိ ခုံ႐ုံးက အသိအမွတ္ျပဳသည္”ဟု CJEU က ဆုိခဲ့ပါတယ္။

တိရစာၦန္ေတြကုိ မူးေမ့ေအာင္မလုပ္ဘဲ သတ္ျဖတ္ရသည့္ ဟာလာအသားမ်ားကုိ ေအာ္ဂဲနစ္ေလဘယ္ ကပ္ခြင့္မေပးေတာ့ဟု အီးယူတရား႐ုံးက စီရင္ခ်က္ခ်


ထုိ႔အတြက္ အသားထုတ္လုပ္ေရးလုပ္ငန္းမ်ားအေနျဖင့္ ထုိစီရင္ခ်က္ကုိ လုိက္နာေပးရေတာ့မွာျဖစ္ၿပီး ထုတ္လုပ္မႈျဖစ္စဥ္တြင္ သက္ၫွာျဖည့္ဆည္းေပးမႈ စံခ်ိန္စံၫႊန္းျပည့္မီတဲ့ အသားမ်ားကုိသာ ေအာ္ဂဲနစ္ေလဘယ္ ကပ္ခြင့္ရေတာ့မွာ ျဖစ္ပါတယ္။ ဘာသာေရးဓေလ့နဲ႔အညီ တိရစာၦန္သတ္ျခင္းကုိ အခ်ိဳ႕ႏုိင္ငံမွာ ဆက္လက္လုပ္ေဆာင္ခြင့္ျပဳမည္ဟု ခန္႔မွန္းရေပမဲ့ ၄င္းဟာလာအသားေတြကုိ ထုိေလဘယ္ ကပ္ခြင့္ေပးမွာ မဟုတ္ပါဘူး။
သုိ႔ရာတြင္ ထုိစီရင္ခ်က္အေပၚ အယူခံတင္ထားၾကေၾကာင္းသိရၿပီး ဗာဆုိင္း အယူခံတရား႐ုံးမွ စီရင္ခ်က္ထပ္ခ်ဦးမယ္လုိ႔ သိရပါတယ္။
- ကိုလင္း (အကုန္သိ သတင္း႒ာန) AFP 

 

Unicode version

တိရစ္ဆာန်တွေကို မူးမေ့အောင်မလုပ်ဘဲ သတ်ဖြတ်ရသည့် ဟာလာအသားများကို အော်ဂဲနစ်လေဘယ် ကပ်ခွင့်မပေးတော့ဟု အီးယူတရားရုံးက စီရင်ချက်ချ

တိရစ္ဆာန်တို့အား မူးမေ့အောင်လုပ်မပေးဘဲ သတ်ဖြတ်ပြီး ရလာတဲ့အသားတွေကို အော်ဂဲနစ်အစားအစာလေဘယ် ကပ်ခွင့်မပေးတော့ဟု အီးယူတရားရုံးက ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့မှာ စီရင်ချက်ချခဲ့ပါတယ်။ 
၎င်းစီရင်ချက်ဟာ ဟာလာအသားတွေကို အဓိကဦးတည်ပါတယ်။ အစ္စလာမ်ဓလေ့အရ သတိကပ်၊ မူးမေ့မနေတဲ့ တိရစ္ဆာန်ကို သတ်ဖြတ်မှသာ ဟာလာမြောက်ပါတယ်။ ၎င်းဓလေ့ဟာ တိရစ္ဆာန်တွေအပေါ် သက်ညှာဖြည့်ဆည်းပေးရမယ့် စံချိန်စံညွှန်း မပြည့်မီဘူးလို့ အီးယူတရားရေးခုံရုံး(CJEU)က စီရင်ခဲ့ပါတယ်။
ပြင်သစ်အခြေစိုက် OABA တိရစ္ဆာန်အခွင့်အရေးအဖွဲ့ဟာ ထိုသို့သော ဟာလာအသားတွေကို အော်ဂဲနစ်လေဘယ်ကပ်ခွင့်မပေးရန် ပြင်သစ်စိုက်ပျိုးရေးဝန်ကြီးဌာနထံ တင်ပြခဲ့ပြီး ပြင်သစ်တရားရုံးတွေထံ ဦးတိုက်လျှောက်ထားခဲ့ပါတယ်။ တရားရုံးတွေက ထိုအမှုကို အကြိမ်ကြိမ်ငြင်းပယ်ခဲ့ပြီးနောက်မှာ စီရင်ချက်တစ်ရပ် အပြီးအပြတ်ချနိုင်ရန်အတွက် CJEU ထံ တင်ပေးခဲ့ရာ OABA က အမှုနိုင်သွားခဲ့ပါတယ်။
 “တိရစ္ဆာန်များအား မသတ်ဖြတ်မီ မူးမေ့စေခြင်းသည် အနိမ့်ဆုံးအားဖြင့် အမှန်တကယ်သတ်ဖြတ်ချိန်တွင် သက်ညှာဖြည့်ဆည်းပေးရာရောက်ကြောင်း သိပ္ပံနည်းကျလေ့လာတွေ့ရှိသည်ကို ခုံရုံးက အသိအမှတ်ပြုသည်”ဟု CJEU က ဆိုခဲ့ပါတယ်။
ထို့အတွက် အသားထုတ်လုပ်ရေးလုပ်ငန်းများအနေဖြင့် ထိုစီရင်ချက်ကို လိုက်နာပေးရတော့မှာဖြစ်ပြီး ထုတ်လုပ်မှုဖြစ်စဉ်တွင် သက်ညှာဖြည့်ဆည်းပေးမှု စံချိန်စံညွှန်းပြည့်မီတဲ့ အသားများကိုသာ အော်ဂဲနစ်လေဘယ် ကပ်ခွင့်ရတော့မှာ ဖြစ်ပါတယ်။ ဘာသာရေးဓလေ့နဲ့အညီ တိရစ္ဆာန်သတ်ခြင်းကို အချို့နိုင်ငံမှာ ဆက်လက်လုပ်ဆောင်ခွင့်ပြုမည်ဟု ခန့်မှန်းရပေမဲ့ ၎င်းဟာလာအသားတွေကို ထိုလေဘယ် ကပ်ခွင့်ပေးမှာ မဟုတ်ပါဘူး။
သို့ရာတွင် ထိုစီရင်ချက်အပေါ် အယူခံတင်ထားကြကြောင်းသိရပြီး ဗာဆိုင်း အယူခံတရားရုံးမှ စီရင်ချက်ထပ်ချဦးမယ်လို့ သိရပါတယ်။
- ကိုလင်း (အကုန်သိ သတင်းဋ္ဌာန) AFP 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။