Skip to main content
အပ်ဳိႀကီးမလုပ္ဘူးဆိုတဲ့ သရုပ္ေဆာင္ေအးျမတ္သူ
Ads Block

အပ်ဳိႀကီးမလုပ္ဘူးဆိုတဲ့ သရုပ္ေဆာင္ေအးျမတ္သူ

သရုပ္ေဆာင္ သူထူးစံရဲ႕ မဂၤလာပြဲမွာ ေတာက္တိုမယ္ရ လုပ္ကိုင္ေပးတဲ့ ေအးျမတ္သူက သူထူးစံကို လူပ်ဳိႀကီး မျဖစ္ေစခ်င္သလို ကိုယ္တိုင္လည္း အပ်ဳိႀကီးလုပ္မွာ မဟုတ္ဘူးလို႕ အကုန္သိသတင္းဌာနကို ေျပာလိုက္ပါတယ္။ 
သရုပ္ေဆာင္ေတြထဲမွာ သူထူးစံကို အစ္ကို အရင္းတစ္ေယာက္လို အခ်စ္ရဆံုးျဖစ္ၿပီး အခုလို ခ်စ္သူနဲ႕လက္တြဲသြားတာ ၀မ္းသာမိသလို သူထူးစံလူပ်ဳိႀကီးျဖစ္မွာလည္းစိုးရိမ္မိခဲ့တယ္လို႕ ေအးျမတ္သူကေျပာပါတယ္။

အပ်ဳိႀကီးမလုပ္ဘူးဆိုတဲ့ သရုပ္ေဆာင္ေအးျမတ္သူ

ေအးျမတ္သူတစ္ေယာက္ ဘယ္ေတာ့ လက္ထပ္ေတာ့မလဲလို႕ ပရိသတ္ေတြ သိခ်င္ေနၾကတဲ့ ေမးခြန္းတစ္ခုကို သရုပ္ေဆာင္ေအးျမတ္သူက “လူပ်ိဳအပ်ိဳႀကီးေတြက အမီွအသြယ္ အရမ္းလိုတယ္။အရမ္းရွားပါးတယ္ေလ။ ျဖစ္ႏုိင္မယ္ဆိုရင္ေတာ့ အိမ္ေထာင္ျပဳေစခ်င္တယ္။ ကိုယ့္ဘဝလက္ တြဲေဖာ္ေပါ့ေနာ္။ သားသမီးေတာင္မွ မေသခ်ာဘူး။ အိမ္ေထာင္ဘက္ကပဲ ကိုယ္နဲ႔ အတူတူ ေသတူရွင္မကြာ ေဆးေပးမီးယူ ေနႏုိင္မွာေပါ့ေနာ္။ ေအးျမတ္သူကေတာ့ လူပ်ိဳႀကီးအပ်ိဳႀကီးျဖစ္တဲ့ သူေတြကို သေဘာမက်ဘူး။ မျဖစ္ေစခ်င္ဘူး။ကိုယ္တိုင္ကလည္းမျဖစ္ေစခ်င္ဘူး။” ေျပာပါတယ္။
လက္ရွိမွာေတာ့ ေအးျမတ္သူက ဇာတ္ကားရုိက္ကူးမႈေတြ ဆက္တိုက္ရွိေနသလို ပရဟိတ အလုပ္ေတြမွာလည္း ပါ၀င္ကူညီ ေပးျဖစ္တာေတြ ေတြ႕ျမင္ေနရပါတယ္။

 - ခေရဖူး(အကုန္သိသတင္းဌာန)

Unicode version

အပျိုကြီးမလုပ်ဘူးဆိုတဲ့ သရုပ်ဆောင်အေးမြတ်သူ

သရုပ်ဆောင် သူထူးစံရဲ့ မင်္ဂလာပွဲမှာ တောက်တိုမယ်ရ လုပ်ကိုင်ပေးတဲ့ အေးမြတ်သူက သူထူးစံကို လူပျိုကြီး မဖြစ်စေချင်သလို ကိုယ်တိုင်လည်း အပျိုကြီးလုပ်မှာ မဟုတ်ဘူးလို့ အကုန်သိသတင်းဌာနကို ပြောလိုက်ပါတယ်။ 
သရုပ်ဆောင်တွေထဲမှာ သူထူးစံကို အစ်ကို အရင်းတစ်ယောက်လို အချစ်ရဆုံးဖြစ်ပြီး အခုလို ချစ်သူနဲ့လက်တွဲသွားတာ ဝမ်းသာမိသလို သူထူးစံလူပျိုကြီးဖြစ်မှာလည်းစိုးရိမ်မိခဲ့တယ်လို့ အေးမြတ်သူကပြောပါတယ်။
အေးမြတ်သူတစ်ယောက် ဘယ်တော့ လက်ထပ်တော့မလဲလို့ ပရိသတ်တွေ သိချင်နေကြတဲ့ မေးခွန်းတစ်ခုကို သရုပ်ဆောင်အေးမြတ်သူက
 “လူပျိုအပျိုကြီးတွေက အမှီအသွယ် အရမ်းလိုတယ်။အရမ်းရှားပါးတယ်လေ။ ဖြစ်နိုင်မယ်ဆိုရင်တော့ အိမ်ထောင်ပြုစေချင်တယ်။ ကိုယ့်ဘဝလက် တွဲဖော်ပေါ့နော်။ သားသမီးတောင်မှ မသေချာဘူး။ အိမ်ထောင်ဘက်ကပဲ ကိုယ်နဲ့ အတူတူ သေတူရှင်မကွာ ဆေးပေးမီးယူ နေနိုင်မှာပေါ့နော်။ အေးမြတ်သူကတော့ လူပျိုကြီးအပျိုကြီးဖြစ်တဲ့ သူတွေကို သဘောမကျဘူး။ မဖြစ်စေချင်ဘူး။ကိုယ်တိုင်ကလည်းမဖြစ်စေချင်ဘူး။” ပြောပါတယ်။
လက်ရှိမှာတော့ အေးမြတ်သူက ဇာတ်ကားရိုက်ကူးမှုတွေ ဆက်တိုက်ရှိနေသလို ပရဟိတ အလုပ်တွေမှာလည်း ပါဝင်ကူညီ ပေးဖြစ်တာတွေ တွေ့မြင်နေရပါတယ်။

 - ခရေဖူး(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။