Skip to main content
အေမရိကန္နိုင္ငံက ၿမိဳ႕ႀကီး ရွစ္ၿမိဳ႕မွာ  တစ္ကိုယ္ေတာ္ေဖ်ာ္ေျဖပြဲေတြက်င္းပသြားမယ့္ ေဆာင္းဦးလႈိင္
Ads Block

အေမရိကန္နိုင္ငံက ၿမိဳ႕ႀကီး ရွစ္ၿမိဳ႕မွာ  တစ္ကိုယ္ေတာ္ေဖ်ာ္ေျဖပြဲေတြက်င္းပသြားမယ့္ ေဆာင္းဦးလႈိင္

ေတးသံရွင္ ေဆာင္းဦးလႈိင္က သူ႔ရဲ႕တစ္ကိုယ္ေတာ္ဂီတေဖ်ာ္ေျဖပြဲကို ေမလမွာ  အေမရိကန္နိုင္ငံရွိ ၿမိဳ႕ႀကီး ရွစ္ၿမိဳ႕မွာ ခမ္းနားႀကီးက်ယ္စြာက်င္းပျပဳလုပ္သြားမယ္လို႕ သူ ကိုယ္တိုင္အသံုးျပဳတဲ့ေဖ့ဘုတ္စာမ်က္ႏွာကေန အသိေပးလာပါတယ္။
ေဆာင္းဦးလႈိင္ဟာ လြန္ခဲ့တဲ့ ၂၀၀၇ ခုနွစ္ေလာက္ကတည္းက ေဖ်ာ္ေျဖပြဲတိုင္းမွာ အခေၾကးေငြမယူဘဲ ေမတၱာ ျဖင့္သာသီဆိုေဖ်ာ္ေျဖေပးျဖစ္တာ ၁၁ ႏွစ္ေက်ာ္ၿပီ ျဖစ္တဲ့အတြက္ ယခု သီဆိုေဖ်ာ္ေျဖမယ့္ပြဲကေတာ့ သူ ့ရဲ႕ ၀င္ေငြတစ္ခုအေနနဲ႕ က်င္းပသြားမွာျဖစ္တယ္လို႕ သိရပါတယ္။

အေမရိကန္နိုင္ငံက ၿမိဳ႕ႀကီး ရွစ္ၿမိဳ႕မွာ  တစ္ကိုယ္ေတာ္ေဖ်ာ္ေျဖပြဲေတြက်င္းပသြားမယ့္ ေဆာင္းဦးလႈိင္


ေဆာင္းဦးလႈိင္ရဲ႕တစ္ကိုယ္ေတာ္ေဖ်ာ္ေျဖပြဲေတြကို လာမယ့္ ေမလ ၅ ရက္ေန႔မွာ  Louisville ၿမိဳ႕ Kentucky ျပည္နယ္၊ ေမလ ၁၁ ရက္မွာ Los Angeles ၊ ေမလ ၁၉ ရက္ေန႔မွာ San Francisco ၊ ေမလ ၂၅ ရက္မွာ Chicago ၿမိဳ႕ေတြမွာ ဆက္တို္က္ဆိုသလို က်င္းပျပဳလုပ္သြားမွာျဖစ္ၿပီး ဇြန္လ ၁ ရက္ ေန ့မွာ Fort Wayne ၊ ဇြန္လ ၈ ရက္ ေန ့မွာ Maryland၊ ဇြန္လ ၁၅ ရက္ေန႔မွာ New York ၊  Seattle မွာေတာ့ ဇြန္လ တတိယ (သို႔) စတုတၳအပတ္ အထိသီဆိုေဖ်ာ္ေျဖသြားမွာျဖစ္တယ္လို႕ သိရပါတယ္။

အေမရိကန္နိုင္ငံက ၿမိဳ႕ႀကီး ရွစ္ၿမိဳ႕မွာ  တစ္ကိုယ္ေတာ္ေဖ်ာ္ေျဖပြဲေတြက်င္းပသြားမယ့္ ေဆာင္းဦးလႈိင္


ရိႈးပြဲေတြရဲ႕ ပြဲခ်ိန္ကေတာ့ ၃ နာရီခန္႔ၾကာျမင့္မွာျဖစ္ကာ ရိႈးပြဲတစ္ပြဲဆီမွာေတာ့ ေတးသီခ်င္းအပုဒ္ေရ (၄၀) ခန္႔ သီဆိုေဖ်ာ္ေျဖသြားမွာျဖစ္ၿပီး ေဖ်ာ္ေျဖပြဲမွာ ပြဲလက္မွတ္ေတြကို အခေၾကးေငြနဲ႔ေရာင္းခ်သြားမွာျဖစ္တဲ့အတြက္ ပရိသတ္ေတြအားလံုးကို နားလည္ေပးေစခ်င္သလို ကိုယ္တိုင္တီးခတ္သီဆို live show ေဖ်ာ္ေျဖမွာျဖစ္တယ္ လို႕သိရပါတယ္။

အေမရိကန္နိုင္ငံက ၿမိဳ႕ႀကီး ရွစ္ၿမိဳ႕မွာ  တစ္ကိုယ္ေတာ္ေဖ်ာ္ေျဖပြဲေတြက်င္းပသြားမယ့္ ေဆာင္းဦးလႈိင္


လာမယ့္ ဧၿပီလ ၆ ရက္ေန႔တြင္ Arizona/ Phoenix ၿမိဳ႕မွာက်င္းပျပဳလုပ္သြားမယ့္ ျပည္သူ႔ဂုဏ္ရည္ဆုေပးပြဲ အခမ္းအနားပြဲမွာေတာ့ ေဆာင္းဦးလိႈင္ က အခေၾကးေငြမယူဘဲ ေမတၱာျဖင့္သာသီဆိုေဖ်ာ္ေျဖသြားမွာျဖစ္တယ္ လို႔လည္း သိရပါတယ္။ 
- အိျဖဴသိမ့္ (အကုန္သိသတင္းဌာန) 

 

Unicode version

အမေရိကန်နိုင်ငံက မြို့ကြီး ရှစ်မြို့မှာ  တစ်ကိုယ်တော်ဖျော်ဖြေပွဲတွေကျင်းပသွားမယ့် ဆောင်းဦးလှိုင်

တေးသံရှင် ဆောင်းဦးလှိုင်က သူ့ရဲ့တစ်ကိုယ်တော်ဂီတဖျော်ဖြေပွဲကို မေလမှာ  အမေရိကန်နိုင်ငံရှိ မြို့ကြီး ရှစ်မြို့မှာ ခမ်းနားကြီးကျယ်စွာကျင်းပပြုလုပ်သွားမယ်လို့ သူ ကိုယ်တိုင်အသုံးပြုတဲ့ဖေ့ဘုတ်စာမျက်နှာကနေ အသိပေးလာပါတယ်။
ဆောင်းဦးလှိုင်ဟာ လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ်လောက်ကတည်းက ဖျော်ဖြေပွဲတိုင်းမှာ အခကြေးငွေမယူဘဲ မေတ္တာ ဖြင့်သာသီဆိုဖျော်ဖြေပေးဖြစ်တာ ၁၁ နှစ်ကျော်ပြီ ဖြစ်တဲ့အတွက် ယခု သီဆိုဖျော်ဖြေမယ့်ပွဲကတော့ သူ့ရဲ့ ဝင်ငွေတစ်ခုအနေနဲ့ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဆောင်းဦးလှိုင်ရဲ့တစ်ကိုယ်တော်ဖျော်ဖြေပွဲတွေကို လာမယ့် မေလ ၅ ရက်နေ့မှာ  Louisville မြို့ Kentucky ပြည်နယ်၊ မေလ ၁၁ ရက်မှာ Los Angeles ၊ မေလ ၁၉ ရက်နေ့မှာ San Francisco ၊ မေလ ၂၅ ရက်မှာ Chicago မြို့တွေမှာ ဆက်တိုက်ဆိုသလို ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ဇွန်လ ၁ ရက် နေ့မှာ Fort Wayne ၊ ဇွန်လ ၈ ရက် နေ့မှာ Maryland၊ ဇွန်လ ၁၅ ရက်နေ့မှာ New York ၊  Seattle မှာတော့ ဇွန်လ တတိယ (သို့) စတုတ္ထအပတ် အထိသီဆိုဖျော်ဖြေသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ရှိုးပွဲတွေရဲ့ ပွဲချိန်ကတော့ ၃ နာရီခန့်ကြာမြင့်မှာဖြစ်ကာ ရှိုးပွဲတစ်ပွဲဆီမှာတော့ တေးသီချင်းအပုဒ်ရေ (၄၀) ခန့် သီဆိုဖျော်ဖြေသွားမှာဖြစ်ပြီး ဖျော်ဖြေပွဲမှာ ပွဲလက်မှတ်တွေကို အခကြေးငွေနဲ့ရောင်းချသွားမှာဖြစ်တဲ့အတွက် ပရိသတ်တွေအားလုံးကို နားလည်ပေးစေချင်သလို ကိုယ်တိုင်တီးခတ်သီဆို live show ဖျော်ဖြေမှာဖြစ်တယ် လို့သိရပါတယ်။
လာမယ့် ဧပြီလ ၆ ရက်နေ့တွင် Arizona/ Phoenix မြို့မှာကျင်းပပြုလုပ်သွားမယ့် ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲ အခမ်းအနားပွဲမှာတော့ ဆောင်းဦးလှိုင် က အခကြေးငွေမယူဘဲ မေတ္တာဖြင့်သာသီဆိုဖျော်ဖြေသွားမှာဖြစ်တယ် လို့လည်း သိရပါတယ်။ 
- အိဖြူသိမ့် (အကုန်သိသတင်းဌာန) 


 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။