Skip to main content
ခရီးသြားက႑ ေစ်းကြက္ျမွင့္တင္ရန္ ျမန္မာႏိုင္ငံသားႏွစ္ဦး ေျခာက္လၾကာ ႏိုင္ငံျဖတ္ေက်ာ္ ဆိုင္ကယ္စီးမည္
Ads Block

ခရီးသြားက႑ ေစ်းကြက္ျမွင့္တင္ရန္ ျမန္မာႏိုင္ငံသားႏွစ္ဦး ေျခာက္လၾကာ ႏိုင္ငံျဖတ္ေက်ာ္ ဆိုင္ကယ္စီးမည္

ျမန္မာႏိုင္ငံ၏ ခရီးသြားက႑ ေစ်းကြက္ျမွင့္တင္ရန္အတြက္ ျမန္မာျပည္ဖြား စင္ကာပူႏိုင္ငံသားႏွစ္ဦးမွ ႏိုင္ငံေပါင္း ၂၇ ႏိုင္ငံကို ျဖတ္သန္း၍ ေျခာက္လၾကာ ဆိုင္ကယ္စီးသြားမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံေစ်းကြက္ ျမွင့္တင္ေရးအသင္းမွ ဥကၠ႒ ေဒၚေမျမတ္ မြန္ဝင္းက ေျပာသည္။
ေဖေဖာ္ဝါရီလ ၂၄ ရက္တြင္ အင္းလ်ားလိတ္ဟိုတယ္၌ က်င္းပျပဳလုပ္ခဲ့သည့္ မဟတၱမဂႏီၵ၏ ႏွစ္ ၁၅၀ ေျမာက္ေမြးေန႔ ႏွစ္ပတ္လည္ေန႔ အထိမ္းအမွတ္ ကားေမာင္းၿပိဳင္ပြဲတြင္ ၄င္းက အထက္ပါအတိုင္း ေျပာၾကားခဲ့ျခင္းျဖစ္သည္။
“ျမန္မာႏိုင္ငံသားႏွစ္ေယာက္ျဖစ္တယ္။ စင္ကာပူမွာ ႀကီးတယ္။ ျမန္မာႏိုင္ငံကေနၿပီးေတာ့ အရင္တုန္းက ၁၉၃၀ ေလာက္တုန္း က သြားခဲ့တဲ့ ခရီးစဥ္ကို အေျခခံၿပီးေတာ့ သြားဖို႔ရွိတယ္။ သြားတဲ့အခါမွာလည္း ျမန္မာႏိုင္ငံအတြက္ ပရိုမိုးရွင္းအေနနဲ႔ဆိုၿပီးေတာ့ ျမန္မာႏိုင္ငံအလံကို သယ္သြားမယ္။ သူတို႔ႏွစ္ေယာက္ ႏိုင္ငံေတြကို ျဖတ္သြားတဲ့အခါမွာ ဟိုတယ္ႏွင့္ ခရီးသြးကေရာ ျမန္မာ ႏိုင္ ငံခရီးသြားျမွင့္တင္ေရး အသင္းကပါ အန္ေဒါ့့စ္လုပ္ေပးလိုက္မွာ ျဖစ္ပါတယ္။ ခရီးစဥ္ကေတာ့ ေျခာက္လေလာက္ ၾကာမွာ ျဖစ္ပါတယ္” ဟု ျမန္မာႏိုင္ငံေစ်းကြက္ ျမွင့္တင္ေရးအသင္းမွ ဥကၠ႒ ေဒၚေမျမတ္မြန္ဝင္းက ေျပာသည္။
အဆိုပါ ခရီးစဥ္ကို ေမလတြင္ ျမန္မာႏိုင္ငံမွ စတင္ထြက္ခြာမည္ျဖစ္ၿပီး ေအာက္တိုဘာလတြင္ လန္ဒန္သို႔ေရာက္ရိွကာ ခရီးစဥ္ၿပီး ဆံုးမည္ျဖစ္ေၾကာင္း သိရသည္။
၎တို႔အေနျဖင့္ ခရီးစဥ္တစ္ေလွ်ာက္တြင္လည္း အမွတ္တရ မွတ္တမ္းတင္ရိုက္ကူးသြားမည္ျဖစ္ကာ အြန္လိုင္း၊ T.V Channel တို႔တြင္ ျပန္လည္ျပသရန္ ေဆြးေႏြးညွိႏိႈင္းေနေၾကာင္း သိရသည္။

- စုသက္ႏွင္း (အကုန္သိသတင္းဌာန)

 

Unicode version

ခရီးသွားကဏ္ဍ ဈေးကွက်မြှင့်တင်ရန် မြန်မာနိုင်ငံသားနှစ်ဦး ခြောက်လကြာ နိုင်ငံဖြတ်ကျော် ဆိုင်ကယ်စီးမည်

မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍ ဈေးကွက်မြှင့်တင်ရန်အတွက် မြန်မာပြည်ဖွား စင်ကာပူနိုင်ငံသားနှစ်ဦးမှ နိုင်ငံပေါင်း ၂၇ နိုင်ငံကို ဖြတ်သန်း၍ ခြောက်လကြာ ဆိုင်ကယ်စီးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဈေးကွက် မြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌ ဒေါ်မေမြတ် မွန်ဝင်းက ပြောသည်။
ဖေဖော်ဝါရီလ ၂၄ ရက်တွင် အင်းလျားလိတ်ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည့် မဟတ္တမဂန္ဒီ၏ နှစ် ၁၅၀ မြောက်မွေးနေ့ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ကားမောင်းပြိုင်ပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“မြန်မာနိုင်ငံသားနှစ်ယောက်ဖြစ်တယ်။ စင်ကာပူမှာ ကြီးတယ်။ မြန်မာနိုင်ငံကနေပြီးတော့ အရင်တုန်းက ၁၉၃၀ လောက်တုန်း က သွားခဲ့တဲ့ ခရီးစဉ်ကို အခြေခံပြီးတော့ သွားဖို့ရှိတယ်။ သွားတဲ့အခါမှာလည်း မြန်မာနိုင်ငံအတွက် ပရိုမိုးရှင်းအနေနဲ့ဆိုပြီးတော့ မြန်မာနိုင်ငံအလံကို သယ်သွားမယ်။ သူတို့နှစ်ယောက် နိုင်ငံတွေကို ဖြတ်သွားတဲ့အခါမှာ ဟိုတယ်နှင့် ခရီးသွးကရော မြန်မာ နိုင် ငံခရီးသွားမြှင့်တင်ရေး အသင်းကပါ အန်ဒေါ့စ်လုပ်ပေးလိုက်မှာ ဖြစ်ပါတယ်။ ခရီးစဉ်ကတော့ ခြောက်လလောက် ကြာမှာ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံဈေးကွက် မြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌ ဒေါ်မေမြတ်မွန်ဝင်းက ပြောသည်။
အဆိုပါ ခရီးစဉ်ကို မေလတွင် မြန်မာနိုင်ငံမှ စတင်ထွက်ခွာမည်ဖြစ်ပြီး အောက်တိုဘာလတွင် လန်ဒန်သို့ရောက်ရှိကာ ခရီးစဉ်ပြီး ဆုံးမည်ဖြစ်ကြောင်း သိရသည်။
၎င်းတို့အနေဖြင့် ခရီးစဉ်တစ်လျှောက်တွင်လည်း အမှတ်တရ မှတ်တမ်းတင်ရိုက်ကူးသွားမည်ဖြစ်ကာ အွန်လိုင်း၊ T.V Channel တို့တွင် ပြန်လည်ပြသရန် ဆွေးနွေးညှိနှိုင်းနေကြောင်း သိရသည်။

- စုသက်နှင်း (အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။