Skip to main content
ဥေရာပႏိုင္ငံမ်ားထဲမွ ၁၀ ႏိုင္ငံကို ဗီဇာေျဖေလွ်ာ့ေပးရန္ ေရြးခ်ယ္ထားဟု ျပည္ေထာင္စုဝန္ႀကီးေျပာ
Ads Block

ဥေရာပႏိုင္ငံမ်ားထဲမွ ၁၀ ႏိုင္ငံကို ဗီဇာေျဖေလွ်ာ့ေပးရန္ ေရြးခ်ယ္ထားဟု ျပည္ေထာင္စုဝန္ႀကီးေျပာ

ခရီးသြားက႑ကို အဆင့္ျမွင့္တင္ရန္ ရည္ရြယ္၍ ျမန္မာႏိုင္ငံအတြက္ အလားအလာေကာင္းသည့္ ဥေရာပႏိုင္ငံမ်ားထဲမွ ဗီဇာေျဖ ေလွ်ာ့ေပးရန္ ၁၀ ႏိုင္ငံကို ေရြးခ်ယ္ထားေၾကာင္း ဟိုတယ္ႏွင့္ ခရီးသြားလာေရး ဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးအုန္းေမာင္ က ေျပာသည္။
ေဖေဖာ္ဝါရီလ ၂၄ ရက္တြင္ အင္းလ်ားလိတ္ဟိုတယ္၌ က်င္းပျပဳလုပ္ခဲ့သည့္ မဟတၱမဂႏီၵ၏ ႏွစ္ ၁၅၀ ေျမာက္ေမြးေန႔ ႏွစ္ပတ္ လည္ေန႔ အထိမ္းအမွတ္ ကားေမာင္းၿပိဳင္ပြဲတြင္ ၄င္းက အထက္ပါအတိုင္း ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ဥေရာပႏိုင္ငံမ်ားထဲမွ ၁၀ ႏိုင္ငံကို ဗီဇာေျဖေလွ်ာ့ေပးရန္ ေရြးခ်ယ္ထားဟု ျပည္ေထာင္စုဝန္ႀကီးေျပာ


“ အေရအတြက္ေပၚမူတည္ၿပီး ဘယ္ႏိုင္ငံကို ေပးမလဲဆိုတာ စဥ္းစားေနတုန္းပါ။ ဒါကိုလည္း သက္ဆိုင္တဲ့ ဝန္ႀကီးဌာန အခ်င္း ခ်င္း ေဆြးေႏြးညွိႏိႈင္းမႈျပဳလုပ္ေနတယ္။ ၿပီးရင္ စီးပြားေရးေကာ္မတီကို တင္ျပသြားဖို႔ စီစဥ္ေနပါတယ္။ ႏိုင္ငံအတိအက်ကိုေတာ့ ေျပာလို႔မရေပမယ့္ ႏိုင္ငံအေရအတြက္ကိုေတာ့ ေျပာလို႔ရပါတယ္။ ႏိုင္ငံ ဆယ္ႏိုင္ငံကို ေရြးခ်ယ္ထားပါတယ္” ဟု ဟိုတယ္ႏွင့္ ခရီးသြားလာေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးအုန္းေမာင္က ေျပာသည္။
ရခိုင္ျပည္နယ္တြင္ ျဖစ္ပြားခဲ့သည့္ ပဋိပကၡျဖစ္စဥ္ေၾကာင့္ အေနာက္ခရီးသြားဧည့္သည္ ဝင္ေရာက္မႈ က်ဆင္းခဲ့သည့္အတြက္ ျမန္မာႏိုင္ငံ၏ ပံုရိပ္ကို ျပန္လည္ျမွင့္တင္ရန္ႏွင့္ ခရီးက႑ျပန္လည္ျမွင့္တင္ရန္ အေရွ႕အာရွႏိုင္ငံမ်ားျဖစ္သည့္ တရုတ္၊ ကိုရီး ယားႏွင့္ ဂ်ပန္တို႔ကို ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာ ၁ ရက္မွစ၍ ဗီဇာေျဖေလွ်ာ့ေပးခဲ့ေၾကာင္း သိရသည္။ 
ယင္းအျပင္ ၂၀၁၈ ခုႏွစ္အတြင္း ျပည္တြင္းသို႔ လာေရာက္လည္ပတ္သည့္ ႏိုင္ငံျခားခရီးသြားဧည့္သည္မွာ ၃ သန္းေက်ာ္ရွိၿပီး ၂၀၁၉ ခုႏွစ္အတြင္း ဧည့္သည္ ၄ သန္းခန္႔ ဝင္ေရာက္လာမည္ဟု ေမွ်ာ္မွန္းထားေၾကာင္း သိရသည္။

- စုသက္ႏွင္း (အကုန္သိသတင္းဌာန)

 

Unicode version

ဥရောပနိုင်ငံများထဲမှ ၁၀ နိုင်ငံကို ဗီဇာဖြေလျှော့ပေးရန် ရွေးချယ်ထားဟု ပြည်ထောင်စုဝန်ကြီးပြော

ခရီးသွားကဏ္ဍကို အဆင့်မြှင့်တင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံအတွက် အလားအလာကောင်းသည့် ဥရောပနိုင်ငံများထဲမှ ဗီဇာဖြေ လျှော့ပေးရန် ၁၀ နိုင်ငံကို ရွေးချယ်ထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် က ပြောသည်။
ဖေဖော်ဝါရီလ ၂၄ ရက်တွင် အင်းလျားလိတ်ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည့် မဟတ္တမဂန္ဒီ၏ နှစ် ၁၅၀ မြောက်မွေးနေ့ နှစ်ပတ် လည်နေ့ အထိမ်းအမှတ် ကားမောင်းပြိုင်ပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဥေရာပႏိုင္ငံမ်ားထဲမွ ၁၀ ႏိုင္ငံကို ဗီဇာေျဖေလွ်ာ့ေပးရန္ ေရြးခ်ယ္ထားဟု ျပည္ေထာင္စုဝန္ႀကီးေျပာ


“ အရေအတွက်ပေါ်မူတည်ပြီး ဘယ်နိုင်ငံကို ပေးမလဲဆိုတာ စဉ်းစားနေတုန်းပါ။ ဒါကိုလည်း သက်ဆိုင်တဲ့ ဝန်ကြီးဌာန အချင်း ချင်း ဆွေးနွေးညှိနှိုင်းမှုပြုလုပ်နေတယ်။ ပြီးရင် စီးပွားရေးကော်မတီကို တင်ပြသွားဖို့ စီစဉ်နေပါတယ်။ နိုင်ငံအတိအကျကိုတော့ ပြောလို့မရပေမယ့် နိုင်ငံအရေအတွက်ကိုတော့ ပြောလို့ရပါတယ်။ နိုင်ငံ ဆယ်နိုင်ငံကို ရွေးချယ်ထားပါတယ်” ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ပြောသည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်ကြောင့် အနောက်ခရီးသွားဧည့်သည် ဝင်ရောက်မှု ကျဆင်းခဲ့သည့်အတွက် မြန်မာနိုင်ငံ၏ ပုံရိပ်ကို ပြန်လည်မြှင့်တင်ရန်နှင့် ခရီးကဏ္ဍပြန်လည်မြှင့်တင်ရန် အရှေ့အာရှနိုင်ငံများဖြစ်သည့် တရုတ်၊ ကိုရီး ယားနှင့် ဂျပန်တို့ကို ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်မှစ၍ ဗီဇာဖြေလျှော့ပေးခဲ့ကြောင်း သိရသည်။ 
ယင်းအပြင် ၂၀၁၈ ခုနှစ်အတွင်း ပြည်တွင်းသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားခရီးသွားဧည့်သည်မှာ ၃ သန်းကျော်ရှိပြီး ၂၀၁၉ ခုနှစ်အတွင်း ဧည့်သည် ၄ သန်းခန့် ဝင်ရောက်လာမည်ဟု မျှော်မှန်းထားကြောင်း သိရသည်။

- စုသက်နှင်း (အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။