Skip to main content
ကိုယ္ပိုင္သံစဥ္တစ္ကိုယ္ေတာ္အေခြအတြက္  သံုးႏွစ္ႀကိဳတင္ျပင္ဆင္ခဲ့ရတဲ့ အဆိုေတာ္ ၀ိုင္၀ိုင္း
Ads Block

ကိုယ္ပိုင္သံစဥ္တစ္ကိုယ္ေတာ္အေခြအတြက္  သံုးႏွစ္ႀကိဳတင္ျပင္ဆင္ခဲ့ရတဲ့ အဆိုေတာ္ ၀ိုင္၀ိုင္း

အဆိုေတာ္၀ိုင္၀ုိင္း က သူ႔ရဲ႕ ရွစ္ေခြေျမာက္ တစ္ကိုယ္ေတာ္ကိုယ္ပိုင္သံစဥ္ျဖစ္တဲ့ ခရီးရွည္ အယ္လ္ဘမ္ အေခြကို ဒီကေန႔ ေဖေဖာ္၀ါရီလ ၂၅ ရက္ေန႔မွာ စတင္ျဖန္႔ခ်ီလိုက္ၿပီလို႕ သိရပါတယ္။ 
အိုင္းရင္းခေရာ့စ္ အဖြဲ႕၀င္တစ္ဦးျဖစ္တဲ့ အဆိုေတာ္၀ိုင္၀ုိင္းက သူ႔အေနနဲ႔ ခရီးရွည္ အေခြ ဟာ အတံု႔အလွည့္ အေခြ ထြက္ရွိၿပီး ခုနွစ္နွစ္ေက်ာ္ၾကာမွ ထြက္ႏိုင္ခဲ့သလို ယခုအေခြအတြက္ သံုးႏွစ္တာ အခ်ိန္ယူၿပီး ျပင္ဆင္ခဲ့တာျဖစ္တယ္လို႕ ေျပာပါတယ္။

ကိုယ္ပိုင္သံစဥ္တစ္ကိုယ္ေတာ္အေခြအတြက္  သံုးႏွစ္ႀကိဳတင္ျပင္ဆင္ခဲ့ရတဲ့ အဆိုေတာ္ ၀ိုင္၀ိုင္း


“ကၽြန္ေတာ္ဒီအေခြကိုစလုပ္တဲ့ သံုးနွစ္တာ ကာလလံုး ရင္မခုန္ေသးဘူး။ IC ကေန Live လႊင့္တဲ့အခ်ိန္မွာ ေတာ္ေတာ္ရင္ခုန္တယ္။ အဲေလာက္ေတာ့ ရင္ခုန္မယ္ မထင္ခဲ့ဘူး။ ရႈိးပြဲ မဆိုတာလည္းၾကာၿပီဆိုေတာ့ ေၾကာက္စိတ္ ၀င္တာကေတာ့ သဘာ၀က်ပါတယ္” လို႔ အေခြမထြက္ခင္ We Love IC အဖြဲ႕၀င္တခ်ဳိ႕နဲ႕ ေတြ႕ဆံုၿပီး ၀ိုင္၀ိုင္း ရဲ႕ ကိုယ္ပိုင္စတူဒီယိုမွာ ေတြ႕ဆံုေဆြးေႏြး ေျပာဆိုခဲ့ၾကပါတယ္။
အဆိုေတာ္၀ိုင္၀ိုင္းက သူ႔ရဲ႕ ရွစ္ေခြေျမာက္အယ္ဘမ္ အတြက္ ခရီးရွည္ ဆိုတဲ့သီခ်င္းေခါင္းစဥ္ကိုေပးျဖစ္တာ က IC အဖြဲ႕ထဲမွာ ဂီတနဲ႔လုပ္ငန္းနဲ႔ပတ္သက္ရင္ အေတြ႕အႀကံဳအနည္းဆံုးျဖစ္ေပမယ့္ သူ႔လိုမ်ိဳးအေတြ႕အႀကံဳ အႏုဆံုးဆိုတဲ့သူေတာင္ ဂီတေလာကထဲမွာျဖတ္သန္းခဲ့တာက အနွစ္ ၂၀ ေက်ာ္ၿပီျဖစ္ တာေၾကာင့္ ခရီးရွည္ဆိုတဲ့ အမည္နဲ႔လိုက္တာေၾကာင့္ ခရီးရွည္ ဆုိၿပီးနာမည္ေပးျဖစ္ခဲ့တယ္လို႔ ဆိုပါတယ္။ 
ခရီးရွည္ တစ္ကိုယ္ေတာ္အေခြမွာ သီခ်င္း ၁၃ ပုဒ္ပါရွိၿပီး ေလးျဖဴနဲ႕ မႏၱေလးမွ အမ်ဳိးသမီးအဆိုရွင္သစ္တစ္ဦး က Featuring အေနနဲ႕ ပါ၀င္သီဆိုေပးထားတယ္လို႕သိရပါတယ္။
အိုင္းရင္းခေရာ့စ္အဖြဲ႕၀င္ တစ္ဦးျဖစ္သူ ၀ိုင္၀ိုင္း အေခြထြက္ရွိၿပီး ေနာက္ထပ္ထြက္ရွိမယ့္သူကေတာ့ ေတးသံရွင္ အငဲျဖစ္တယ္လို႕လည္း သတင္းေကာင္းေျပာျပခဲ့ပါတယ္။

- အိျဖဴသိမ့္(အကုန္သတင္းဌာန)

Unicode version

ကိုယ်ပိုင်သံစဉ်တစ်ကိုယ်တော်အခွေအတွက်  သုံးနှစ်ကြိုတင်ပြင်ဆင်ခဲ့ရတဲ့ အဆိုတော် ဝိုင်ဝိုင်း

အဆိုတော်ဝိုင်ဝိုင်း က သူ့ရဲ့ ရှစ်ခွေမြောက် တစ်ကိုယ်တော်ကိုယ်ပိုင်သံစဉ်ဖြစ်တဲ့ ခရီးရှည် အယ်လ်ဘမ် အခွေကို ဒီကနေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ စတင်ဖြန့်ချီလိုက်ပြီလို့ သိရပါတယ်။ 
အိုင်းရင်းခရော့စ် အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ အဆိုတော်ဝိုင်ဝိုင်းက သူ့အနေနဲ့ ခရီးရှည် အခွေ ဟာ အတုံ့အလှည့် အခွေ ထွက်ရှိပြီး ခုနှစ်နှစ်ကျော်ကြာမှ ထွက်နိုင်ခဲ့သလို ယခုအခွေအတွက် သုံးနှစ်တာ အချိန်ယူပြီး ပြင်ဆင်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

ကိုယ္ပိုင္သံစဥ္တစ္ကိုယ္ေတာ္အေခြအတြက္  သံုးႏွစ္ႀကိဳတင္ျပင္ဆင္ခဲ့ရတဲ့ အဆိုေတာ္ ၀ိုင္၀ိုင္း


“ကျွန်တော်ဒီအခွေကိုစလုပ်တဲ့ သုံးနှစ်တာ ကာလလုံး ရင်မခုန်သေးဘူး။ IC ကနေ Live လွှင့်တဲ့အချိန်မှာ တော်တော်ရင်ခုန်တယ်။ အဲလောက်တော့ ရင်ခုန်မယ် မထင်ခဲ့ဘူး။ ရှိုးပွဲ မဆိုတာလည်းကြာပြီဆိုတော့ ကြောက်စိတ် ဝင်တာကတော့ သဘာဝကျပါတယ်” လို့ အခွေမထွက်ခင် We Love IC အဖွဲ့ဝင်တချို့နဲ့ တွေ့ဆုံပြီး ဝိုင်ဝိုင်း ရဲ့ ကိုယ်ပိုင်စတူဒီယိုမှာ တွေ့ဆုံဆွေးနွေး ပြောဆိုခဲ့ကြပါတယ်။
အဆိုတော်ဝိုင်ဝိုင်းက သူ့ရဲ့ ရှစ်ခွေမြောက်အယ်ဘမ် အတွက် ခရီးရှည် ဆိုတဲ့သီချင်းခေါင်းစဉ်ကိုပေးဖြစ်တာ က IC အဖွဲ့ထဲမှာ ဂီတနဲ့လုပ်ငန်းနဲ့ပတ်သက်ရင် အတွေ့အကြုံအနည်းဆုံးဖြစ်ပေမယ့် သူ့လိုမျိုးအတွေ့အကြုံ အနုဆုံးဆိုတဲ့သူတောင် ဂီတလောကထဲမှာဖြတ်သန်းခဲ့တာက အနှစ် ၂၀ ကျော်ပြီဖြစ် တာကြောင့် ခရီးရှည်ဆိုတဲ့ အမည်နဲ့လိုက်တာကြောင့် ခရီးရှည် ဆိုပြီးနာမည်ပေးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ 
ခရီးရှည် တစ်ကိုယ်တော်အခွေမှာ သီချင်း ၁၃ ပုဒ်ပါရှိပြီး လေးဖြူနဲ့ မန္တလေးမှ အမျိုးသမီးအဆိုရှင်သစ်တစ်ဦး က Featuring အနေနဲ့ ပါဝင်သီဆိုပေးထားတယ်လို့သိရပါတယ်။
အိုင်းရင်းခရော့စ်အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဝိုင်ဝိုင်း အခွေထွက်ရှိပြီး နောက်ထပ်ထွက်ရှိမယ့်သူကတော့ တေးသံရှင် အငဲဖြစ်တယ်လို့လည်း သတင်းကောင်းပြောပြခဲ့ပါတယ်။

- အိဖြူသိမ့်(အကုန်သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။