Skip to main content
အႏုပညာကိုေစာ္ကားရင္ ေသဒဏ္ေပးေတာင္ မေက်နပ္ဘူးလို႕ ေျပာလာတဲ့ သူထူးစံ
Ads Block

အႏုပညာကိုေစာ္ကားရင္ ေသဒဏ္ေပးေတာင္ မေက်နပ္ဘူးလို႕ ေျပာလာတဲ့ သူထူးစံ

ပူပူေႏြေႏြး မဂၤလာေဆာင္ၿပီးသြားတဲ့ သရုပ္ေဆာင္ သူထူးစံက မၾကာခင္မွာ ဇာတ္ကားေတြ ျပန္လည္ရိုက္ကူးေတာ့မယ္လို႔ ေျပာလိုက္ၿပီး သူ ့အႏုပညာကို ေစာ္ကားရင္ေတာ့ ေသဒဏ္ေပးေတာင္ မေက်နပ္ဘူးဆိုၿပီး အကုန္သိသတင္းဌာနကို ေျပာလိုက္ပါတယ္။
ေဖေဖာ္၀ါရီလ ၂၂ ရက္ေန ့ က Novotel Hotel မွာ မဂၤလာဧည့္ခံပြဲက်င္းပခဲ့ၿပီး ေမာ္ဒယ္လ္ သရုပ္ေဆာင္ထိုက္ဆု၀င္း က သူ အႏုပညာ အလုပ္ေတြမွာ အဆင္မေျပျဖစ္ေနခ်ိန္ေဖးမလက္တြဲကူညီသူတစ္ဦး လည္း ျဖစ္တယ္လို႕ေျပာျပခဲ့ပါတယ္။
အႏုပညာနဲ႔ ပတ္သက္ၿပီး  စိတ္ထိခိုက္ခ်ိန္ေဘးနားမွာ ရွိေပးခဲ့တဲ့ သူတစ္ေယာက္ျဖစ္ေၾကာင္းကို သူထူးစံ က “ကြ်န္ေတာ္ကားရိုက္ေနရင္းနဲ႔ အခက္အခဲေတြ ျဖစ္လာတယ္။ ကြ်န္ေတာ့္အႏုပညာကို တစ္စုံတစ္ေယာက္ ေသာ္လည္းေကာင္း လူတစ္စုေသာ္လည္းေကာင္း ေစာ္ကားရင္ ကြ်န္ေတာ္ကဘယ္လိုျဖစ္ေစခ်င္လဲ ဆိုရင္ ေသဒဏ္ေပးရင္ေတာင္ကြ်န္ေတာ္မေက်နပ္ဘူး။ အဲဒီအခ်ိန္မွာ ကြ်န္ေတာ္အရမ္းတုန္လႈပ္ တယ္။ အဲဒီအခ်ိန္မွာ ကြ်န္ေတာ့္ ေဘးနားမွာသူေနေပးတယ္။ ေနာက္ၿပီးေတာ့ သူ႔အေမေနေပး တယ္။ ပြင့္ပြင့္လင္းလင္းေျပာရရင္ အဲဒီအခ်ိန္တုန္းက ကြ်န္ေတာ္ေစ်းကြက္ အရမ္းျဖစ္ေနတဲ့အခ်ိန္ ကြ်န္ေတာ္အႏုပညာအလုပ္ေတြမလုပ္ေတာ့ဘူးလို႕ေတာင္ အိမ္ကိုေျပာခဲ့ေသးတယ္။သူကေဖးမၿပီးေဘးမွာရွိေနေပးခဲ့တယ္။”လို႕ေျပာျပခဲ့ပါတယ္။

အႏုပညာကိုေစာ္ကားရင္ ေသဒဏ္ေပးေတာင္ မေက်နပ္ဘူးလို႕ ေျပာလာတဲ့ သူထူးစံ

သရုပ္ေဆာင္သူထူးစံ နဲ႕ ထိုက္ဆု၀င္း တို႕ရဲ႕ ႏွစ္ဦး က ေဘာလံုးပြဲတစ္ခု မွာေတြ႔ဆံုခဲ့ၾကၿပီး သူတို႔ႏွစ္ဦးရဲ႕အခ်စ္ဇာတ္လမ္းက ရန္ကုန္သားနဲ႔မႏၱေလးသူ လို႕လည္းေျပာလို႕ရပါတယ္။
ဆယ္ေက်ာ္သက္သစ္ရြက္လႈပ္တဲ့အရြယ္မွာ ေတြ႕ဆံုခဲ့ၾကတာမဟုတ္တဲ့အတြက္ ႏွစ္ေတြအၾကာႀကီးနားလည္မႈယူလက္တြဲၿပီး လက္ထပ္ျဖစ္ခဲ့တာသလို အႏုပညာအလုပ္ေတြလည္း ျပန္လည္လုပ္ကိုင္ဖို႕ရွိေပမယ့္ သူထူးစံ က လက္ရွိမွာေတာ့ ရုိက္ကူးမႈေတြ နားထားတယ္လို႕သိရပါတယ္။

 - ခေရဖူး(အကုန္သိသတင္းဌာန)

Unicode version

အနုပညာကိုစော်ကားရင် သေဒဏ်ပေးတောင် မကျေနပ်ဘူးလို့ ပြောလာတဲ့ သူထူးစံ

ပူပူနွေနွေး မင်္ဂလာဆောင်ပြီးသွားတဲ့ သရုပ်ဆောင် သူထူးစံက မကြာခင်မှာ ဇာတ်ကားတွေ ပြန်လည်ရိုက်ကူးတော့မယ်လို့ ပြောလိုက်ပြီး သူ့အနုပညာကို စော်ကားရင်တော့ သေဒဏ်ပေးတောင် မကျေနပ်ဘူးဆိုပြီး အကုန်သိသတင်းဌာနကို ပြောလိုက်ပါတယ်။
ဖေဖော်ဝါရီလ ၂၂ ရက်နေ့ က Novotel Hotel မှာ မင်္ဂလာဧည့်ခံပွဲကျင်းပခဲ့ပြီး မော်ဒယ်လ် သရုပ်ဆောင်ထိုက်ဆုဝင်း က သူ အနုပညာ အလုပ်တွေမှာ အဆင်မပြေဖြစ်နေချိန်ဖေးမလက်တွဲကူညီသူတစ်ဦး လည်း ဖြစ်တယ်လို့ပြောပြခဲ့ပါတယ်။
အနုပညာနဲ့ ပတ်သက်ပြီး  စိတ်ထိခိုက်ချိန်ဘေးနားမှာ ရှိပေးခဲ့တဲ့ သူတစ်ယောက်ဖြစ်ကြောင်းကို သူထူးစံ က “ကျွန်တော်ကားရိုက်နေရင်းနဲ့ အခက်အခဲတွေ ဖြစ်လာတယ်။ ကျွန်တော့်အနုပညာကို တစ်စုံတစ်ယောက် သော်လည်းကောင်း လူတစ်စုသော်လည်းကောင်း စော်ကားရင် ကျွန်တော်ကဘယ်လိုဖြစ်စေချင်လဲ ဆိုရင် သေဒဏ်ပေးရင်တောင်ကျွန်တော်မကျေနပ်ဘူး။ အဲဒီအချိန်မှာ ကျွန်တော်အရမ်းတုန်လှုပ် တယ်။ အဲဒီအချိန်မှာ ကျွန်တော့် ဘေးနားမှာသူနေပေးတယ်။ နောက်ပြီးတော့ သူ့အမေနေပေး တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် အဲဒီအချိန်တုန်းက ကျွန်တော်ဈေးကွက် အရမ်းဖြစ်နေတဲ့အချိန် ကျွန်တော်အနုပညာအလုပ်တွေမလုပ်တော့ဘူးလို့တောင် အိမ်ကိုပြောခဲ့သေးတယ်။သူကဖေးမပြီးဘေးမှာရှိနေပေးခဲ့တယ်။”လို့ပြောပြခဲ့ပါတယ်။
သရုပ်ဆောင်သူထူးစံ နဲ့ ထိုက်ဆုဝင်း တို့ရဲ့ နှစ်ဦး က ဘောလုံးပွဲတစ်ခု မှာတွေ့ဆုံခဲ့ကြပြီး သူတို့နှစ်ဦးရဲ့အချစ်ဇာတ်လမ်းက ရန်ကုန်သားနဲ့မန္တလေးသူ လို့လည်းပြောလို့ရပါတယ်။
ဆယ်ကျော်သက်သစ်ရွက်လှုပ်တဲ့အရွယ်မှာ တွေ့ဆုံခဲ့ကြတာမဟုတ်တဲ့အတွက် နှစ်တွေအကြာကြီးနားလည်မှုယူလက်တွဲပြီး လက်ထပ်ဖြစ်ခဲ့တာသလို အနုပညာအလုပ်တွေလည်း ပြန်လည်လုပ်ကိုင်ဖို့ရှိပေမယ့် သူထူးစံ က လက်ရှိမှာတော့ ရိုက်ကူးမှုတွေ နားထားတယ်လို့သိရပါတယ်။

 - ခရေဖူး(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။