Skip to main content
ႏုိင္ငံျခားကိုအထင္ႀကီးတာလား ျမန္မာသရုပ္ေဆာင္ေတြကို ႏွိမ့္ခ်တာလားလို႔ ေမးခြန္းထုတ္လိုက္တဲ့ ဦးေအာင္ခိုင္
Ads Block

ႏုိင္ငံျခားကိုအထင္ႀကီးတာလား ျမန္မာသရုပ္ေဆာင္ေတြကို ႏွိမ့္ခ်တာလားလို႔ ေမးခြန္းထုတ္လိုက္တဲ့ ဦးေအာင္ခိုင္

Line Walker 2 ရုပ္ရွင္ရိုက္ကူးခြင့္နဲ႔ ပတ္သက္ၿပီး သက္ဆိုင္ရာတာဝန္ရွိသူေတြအေနနဲ႔ ျမန္မာျပည္က အႏုပညာရွင္ေတြကိုုေရာ ဒီလိုဇာတ္ကားမ်ိဳးရိုက္ကူးခြင့္ မေပးတာ ဘာေၾကာင့္လဲဆိုၿပီး ကိုလူေခ်ာအဖြဲ႕ ဥကၠဌ ေအာင္ခိုင္က ေမးခြန္းထုတ္လိုက္ပါတယ္။
ေဟာင္ေကာင္ အက္ရွင္ဇာတ္ကားတစ္ကားျဖစ္တဲ့Line Walker 2 ရုပ္ရွင္ဇာတ္ကား ရုိက္ကူးသလိုပံုစံမ်ဳိး ျမန္မာႏိုင္ငံက အႏုပညာရွင္ေတြကို ဘာေၾကာင့္အခြင့္ေရးမေပးတာနဲ႔ပတ္သက္ၿပီး ေအာင္ခိုင္က 
“ဒီမွာ ရွိေနတဲ့ လုပ္ႏိုင္ကိုင္ႏုိင္တဲ့ လူငယ္လူၾကမ္းသရုပ္ေဆာင္ေတြ အမ်ားႀကီးပါ။ ဒါေပမယ့္ ဦးေအာင္ခိုင္တို႔မွာ ပံ့ပိုးမႈဆိုတာမရွိဘူး။ဘယ္သူကမွ မပံ့ပိုးေပးဘူး။ ကိုလူေခ်ာအဖြဲ႔က ကိုယ့္ရဲ႕ထိခိုက္မႈဒဏ္ရာနည္းပါးေအာင္ ကိုယ့္ကို သတိထားရတယ္။ သူတို႔ေလးေတြ ငယ္စဥ္တုန္းက ဘာမွခုခံ ကာကြယ္မႈမရွိဘူး။ ကားေပၚဒီတိုင္းက်ဆိုလည္းက်ခဲ့ရတယ္။ အခုရိုက္မယ့္ Line Walker 2 ကို ဦးေအာင္ခိုင္တို႔က ႀကိဳဆိုပါတယ္။ ႏိုင္ငံတကာကားေတြ ျမန္မာႏုိင္ငံမွာလာရိုက္တဲ့အတြက္ ႀကိဳဆိုတယ္ သို႔ေသာ္လည္း ဒီ Line Walker 2 မွာ ဘယ္လိုခြင့္ျပဳခ်က္ဘာေတြရထားလဲ။ အမ်ားႀကီးပဲ။ လက္နက္ေတြ သယ္ခြင့္ရထားတယ္။ အဲဒီလက္နက္ေတြ ဘယ္လိုနည္းနဲ႔ သယ္ေဆာင္ခြင့္ရလဲ။ ဘယ္လိုနည္းနဲ႔ ခြင့္ျပဳထား သလဲ။ အဲဒါဦးေအာင္ခိုင္တို႔သိခ်င္တယ္။”လို႕ ေမးခြန္းထုတ္ခဲ့ပါတယ္။ 

ႏုိင္ငံျခားကိုအထင္ႀကီးတာလား ျမန္မာသရုပ္ေဆာင္ေတြကို ႏွိမ့္ခ်တာလားလို႔ ေမးခြန္းထုတ္လိုက္တဲ့ ဦးေအာင္ခိုင္

လူၾကမ္းသရုပ္ေဆာင္ ေအာင္ခိုင္ရဲ႕ သူငယ္ခ်င္း တစ္ဦးျဖစ္သူ  ကိုထြဋ္ႀကီး ဆို သူ ေသနတ္အတုနဲ႕ ဇာတ္ကားအတြက္ အသံုးျပဳခဲ့ေပမယ့္ လက္နက္မႈနဲ႕ေထာင္ ၃ ႏွစ္က်သြားခတဲ့အေၾကာင္းကိုလည္းဆက္လက္ေျပာျပခဲ့ပါတယ္။
“ေသနတ္အတုေလးေတြသြားငွားၿပီးေတာ့ရိုက္တယ္။ အဲဒီအတုေလးေတြ ကိုစုေဆာင္းထားတဲ့ ဂက္စ္ေသနပ္ေလး ေတြေပါ့ေနာ္ က်ည္ဆံမထြက္ပါဘူး။ ေသနပ္အစစ္လည္းမဟုတ္ပါဘူး။ ေသနပ္အတုေတြနဲ႔ ရိုက္ထားတာပါ။ ဦးေအာင္ခိုင္တို႔အားကိုးရတဲ့ သူငယ္ခ်င္းတစ္ေယာက္ ကိုထြဋ္ႀကီးဆိုရင္ အခုလက္နက္မႈနဲ႔ ေထာင္ (၃)ႏွစ္ က်သြားၿပီး။ အဲဒီေတာ့ႏုိင္ငံျခားကိုအထင္ႀကီးတာလား ျမန္မာသရုပ္ေဆာင္ ေတြကိုနိမ့္ခ်တာလား။ ဦးေအာင္ခိုင္တို႔ကို အခုခ်က္ျခင္း ၾကမ္းျပင္မွာ ဖုိက္တင္ထုိးၿပီး အခုခ်က္ျခင္းက် ဘယ္ႏွစ္ပတ္က်ေပးရမလဲ က်လို႔ရတယ္။ ဒါေပမယ့္ Line Walker 2 လုိမိ်ဳး ရိုက္ကူးခြင့္ဦးေအာင္ခိုင္တို႔ ရခ်င္တယ္။” လို႔ ေျပာျပခဲ့ပါတယ္။
လက္ရွိမွာေတာ့ ေအာင္ခိုင္က ကိုလူေခ်ာအဖြဲ႕ ကိုဦးေဆာင္ေနသူတစ္ဦးျဖစ္ၿပီး အသင္းအတြက္သာေရး၊နာေရးေတြကိုေသခ်ာ ကူညီေဆာက္ရြက္ေနေပမယ့္ ဇာတ္ကားရုိက္ကူးမႈေတြကိုလည္းအဆက္မျပတ္ရုိက္ကူးျဖစ္ေနသူတစ္ဦးလည္းျဖစ္ပါတယ္။

 - ခေရဖူး(အကုန္သိသတင္းဌာန)

Unicode version

နိုင်ငံခြားကိုအထင်ကြီးတာလား မြန်မာသရုပ်ဆောင်တွေကို နိမ့်ချတာလားလို့ မေးခွန်းထုတ်လိုက်တဲ့ ဦးအောင်ခိုင်

Line Walker 2 ရုပ်ရှင်ရိုက်ကူးခွင့်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ မြန်မာပြည်က အနုပညာရှင်တွေကိုရော ဒီလိုဇာတ်ကားမျိုးရိုက်ကူးခွင့် မပေးတာ ဘာကြောင့်လဲဆိုပြီး ကိုလူချောအဖွဲ့ ဥက္ကဌ အောင်ခိုင်က မေးခွန်းထုတ်လိုက်ပါတယ်။
ဟောင်ကောင် အက်ရှင်ဇာတ်ကားတစ်ကားဖြစ်တဲ့Line Walker 2 ရုပ်ရှင်ဇာတ်ကား ရိုက်ကူးသလိုပုံစံမျိုး မြန်မာနိုင်ငံက အနုပညာရှင်တွေကို ဘာကြောင့်အခွင့်ရေးမပေးတာနဲ့ပတ်သက်ပြီး အောင်ခိုင်က 
“ဒီမှာ ရှိနေတဲ့ လုပ်နိုင်ကိုင်နိုင်တဲ့ လူငယ်လူကြမ်းသရုပ်ဆောင်တွေ အများကြီးပါ။ ဒါပေမယ့် ဦးအောင်ခိုင်တို့မှာ ပံ့ပိုးမှုဆိုတာမရှိဘူး။ဘယ်သူကမှ မပံ့ပိုးပေးဘူး။ ကိုလူချောအဖွဲ့က ကိုယ့်ရဲ့ထိခိုက်မှုဒဏ်ရာနည်းပါးအောင် ကိုယ့်ကို သတိထားရတယ်။ သူတို့လေးတွေ ငယ်စဉ်တုန်းက ဘာမှခုခံ ကာကွယ်မှုမရှိဘူး။ ကားပေါ်ဒီတိုင်းကျဆိုလည်းကျခဲ့ရတယ်။ အခုရိုက်မယ့် Line Walker 2 ကို ဦးအောင်ခိုင်တို့က ကြိုဆိုပါတယ်။ နိုင်ငံတကာကားတွေ မြန်မာနိုင်ငံမှာလာရိုက်တဲ့အတွက် ကြိုဆိုတယ် သို့သော်လည်း ဒီ Line Walker 2 မှာ ဘယ်လိုခွင့်ပြုချက်ဘာတွေရထားလဲ။ အများကြီးပဲ။ လက်နက်တွေ သယ်ခွင့်ရထားတယ်။ အဲဒီလက်နက်တွေ ဘယ်လိုနည်းနဲ့ သယ်ဆောင်ခွင့်ရလဲ။ ဘယ်လိုနည်းနဲ့ ခွင့်ပြုထား သလဲ။ အဲဒါဦးအောင်ခိုင်တို့သိချင်တယ်။”လို့ မေးခွန်းထုတ်ခဲ့ပါတယ်။ 
လူကြမ်းသရုပ်ဆောင် အောင်ခိုင်ရဲ့ သူငယ်ချင်း တစ်ဦးဖြစ်သူ  ကိုထွဋ်ကြီး ဆို သူ သေနတ်အတုနဲ့ ဇာတ်ကားအတွက် အသုံးပြုခဲ့ပေမယ့် လက်နက်မှုနဲ့ထောင် ၃ နှစ်ကျသွားခတဲ့အကြောင်းကိုလည်းဆက်လက်ပြောပြခဲ့ပါတယ်။
“သေနတ်အတုလေးတွေသွားငှားပြီးတော့ရိုက်တယ်။ အဲဒီအတုလေးတွေ ကိုစုဆောင်းထားတဲ့ ဂက်စ်သေနပ်လေး တွေပေါ့နော် ကျည်ဆံမထွက်ပါဘူး။ သေနပ်အစစ်လည်းမဟုတ်ပါဘူး။ သေနပ်အတုတွေနဲ့ ရိုက်ထားတာပါ။ ဦးအောင်ခိုင်တို့အားကိုးရတဲ့ သူငယ်ချင်းတစ်ယောက် ကိုထွဋ်ကြီးဆိုရင် အခုလက်နက်မှုနဲ့ ထောင် (၃)နှစ် ကျသွားပြီး။ အဲဒီတော့နိုင်ငံခြားကိုအထင်ကြီးတာလား မြန်မာသရုပ်ဆောင် တွေကိုနိမ့်ချတာလား။ ဦးအောင်ခိုင်တို့ကို အခုချက်ခြင်း ကြမ်းပြင်မှာ ဖိုက်တင်ထိုးပြီး အခုချက်ခြင်းကျ ဘယ်နှစ်ပတ်ကျပေးရမလဲ ကျလို့ရတယ်။ ဒါပေမယ့် Line Walker 2 လိုမျိုး ရိုက်ကူးခွင့်ဦးအောင်ခိုင်တို့ ရချင်တယ်။” လို့ ပြောပြခဲ့ပါတယ်။
လက်ရှိမှာတော့ အောင်ခိုင်က ကိုလူချောအဖွဲ့ ကိုဦးဆောင်နေသူတစ်ဦးဖြစ်ပြီး အသင်းအတွက်သာရေး၊နာရေးတွေကိုသေချာ ကူညီဆောက်ရွက်နေပေမယ့် ဇာတ်ကားရိုက်ကူးမှုတွေကိုလည်းအဆက်မပြတ်ရိုက်ကူးဖြစ်နေသူတစ်ဦးလည်းဖြစ်ပါတယ်။

 - ခရေဖူး(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။