Skip to main content
Ads Block
Unicode version
မြန်မာ့ရုပ်ရှင်ကို အစိုးရပံ့ပိုးမှုတွေ မရှိတဲ့အကြောင်း ရင်ဖွင့်လာတဲ့ အက်ရှင်မင်းသားကြီး ရဲမင်းပိုင်
မြန်မာပြည်မှာ ယခင်ကတည်းက ရုပ်ရှင်ကို အစိုးရကပံ့ပိုးပေးမယ်ဆိုခဲ့ရင် ယခုချိန်မှာ နိုင်ငံတကာကဝင်ငွေ တွေနဲ့ မြန်မာကို ကမ္ဘာ ကသိနေလောက်ပါပြီ ဆိုပြီး သရုပ်ဆောင်ရဲမင်းပိုင် က သူ့ရဲ့ဖေ့ဘုတ်စာမျက်နှာ မှာ ရေးသားလာပါတယ်။
မြန်မာ့ရုပ်ရှင်လောက ရဲ့အနာဂတ်ပြောင်းလဲ ချိန်ဟာတဖြေးဖြေး ရောက်နေပြီဖြစ်တဲ့အကြောင်းကိုရဲမင်းပိုင်က သူကိုယ်တိုင်အသုံးပြုတဲ့ဖေ့ဘုတ်စာမျက်နှာမှာရေးသားလာပါတယ်။
“မြန်မာပြည်က ရုပ်ရှင်တွေဟာလုပ်ပိုင်ခွင့်တွေ မရှိတဲ့အပြင်တားဆီးပိတ်ဆို့မူ့တွေဈေးကွက်မကျယ်ပြန့်မူ့တွေနဲ့သူတပါးအိမ်နီးချင်း နိုင်ငံတွေနဲ့ယှဉ်ရင်မျက်နှာအလွန်ငယ်ရပါတယ်။စဉ်းစားမျှော်တွေးမူ့မရှိသူတွေရဲ့ လက်ထက်မှာရုပ်ရှင်ဖျော် ဖြေမူ့နဲ့ နိုင်ငံခြားဝင်ငွေ ရအောင် ဘယ်လိုလုပ်ယူရမလဲ ဆိုတဲ့အသိမရှိလို့
ထင်မိတယ်။ရုပ်ရှင်ရယ်လို့စတင်ပေါ်လာကတည်းက ကင်မရာ လေးတလုံးနဲ့ ရုပ်ရှင်ကားတွေ ဖန်တီးရိုက်ကူးနေကြတာ ယနေ့အထိကင်မရာ ပေါင်းများစွာနဲ့သူတပါးတိုင်းပြည်တွေမှာ ရုပ်ရှင်ကိုခမ်းနားစွာ ရိုက်ကူးထုပ်လုပ်နေချိန်မှာ မြန်မာပြည်မှာတော့ရုပ်ရှင်လုပ်ငန်းတွေဟာ
အားနည်းနေတုန်းပါ။”လို့ ရင်ဖွင့်ပြောပြခဲ့ပါတယ်။
ဖခင်ဖြစ်သူ ဦးဝင်းဌေး ပြောပြချက် အရ ယခုလို ဟောင်ကောင်ရုပ်ရှင်နဲ့ ပတ်သက်ပြီးသိရှိနားလည်ရေးသားနိုင်သလိုယခုလည်းသူ့ရဲ့ထင်မြင်ချက်တွေကိုရေးသားဖော်ပြလာပါတယ်။ 
၁၉၆၀ခုနှစ်က မှ စတင်ခဲ့တဲ့ ဟောင်ကောင်ရုပ်ရှင်ဇာတ်ကားကယခု ကမ္ဘာထိထိုးဖောက်လာနိုင်ကြောင်းကိုရဲမင်းပိုင်က”သူတို့နိုင်ငံကို ကမ္ဘာပေါ်က နိုင်ငံတွေသိဖို့ အတွက် ရုပ်ရှင်အနုပညာဖြင့် ၁၉၆ဝ မှာစတင်ကြိ ုးစားခဲ့ကြတယ်။
ရုပ်ရှင်လုပ်ငန်းကို တဦးတည်းပိုင် ထုတ်လုပ်မူ့ကို မပြုလုပ်ကြပါ။အစုရှယ်ယာများစွာနဲ့ စုပေါင်းပြီး ရုပ်ရှင်လုပ်ငန်းကို ထူထောင်ကြတယ်။ တီထွင်ဖန်တီးမူ့တွေ ကိုဆန်းသစ်နေအောင်ကြိုးစားကြတယ်။ ကမ္ဘာရုပ်ရှင်လောကတခုလုံး စိတ်ဝင်စားအောင်ကြိုးစားကြတယ်။ ရုပ်ရှင်တကားရဲ့အဓိက ရိုက်ချက်တွေကိုမြင်ရသူတွေ အံ့သြ လောက်အောင်
ကြိုးစားပြသခဲ့တယ်။”  လို့ အက်ရှင်မင်းသားကြီးရဲမင်းပိုင် က        အခုလိုရေးတင်ထားပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာ ဟောင်ကောင်ကလာရောက်ရိုက်ကူးနေတဲ့ Line Walker 2 ဇာတ်ကားနဲ့ ပတ်သက်ပြီး သရုပ်ဆောင်ရဲမင်းပိုင် က မြန်မာ့ရုပ်ရှင်အနာဂတ်ကိုမျှော်လင့်ခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ ကဗျာ တစ်ပုဒ်ကိုလည်းရေးသားခဲ့ပါတယ်။ 
ရဲမင်းပိုင်က ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ်မှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိခဲ့ပြီး ဇာတ်ကားရိုက်ကူးခဲ့ပြီးနောက် ယခု သူနေထိုင်ရာ အမေရိကန် နိုင်ငံ  ကို ပြန်လည်ရောက်ရှိနေပြီဖြစ်ပါတယ်။
 - ခရေဖူး(အကုန်သိသတင်းဌာန)
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။