Skip to main content
တရုတ္-ျမန္မာ နယ္စပ္ဂိတ္ တုိးခ်ဲ႕ဖြင့္လွစ္ရန္နွင့္ နယ္စပ္ျဖတ္ေက်ာ္ကုန္သြယ္မႈဇုန္မ်ား အလ်င္အျမန္ ေပၚထြက္လာရန္ရန္လို အပ္ဟုဆို
Ads Block

တရုတ္-ျမန္မာ နယ္စပ္ဂိတ္ တုိးခ်ဲ႕ဖြင့္လွစ္ရန္နွင့္ နယ္စပ္ျဖတ္ေက်ာ္ကုန္သြယ္မႈဇုန္မ်ား အလ်င္အျမန္ ေပၚထြက္လာရန္ရန္လို အပ္ဟုဆို

တရုတ္-ျမန္မာ ကုန္သြယ္မႈအဆင္ေျပေစရန္ နယ္စပ္ဂိတ္မ်ား တုိးခ်ဲ႕ဖြင့္ထားႏုိင္ေရးနွင့္ နယ္စပ္ျဖတ္ ေက်ာ္ကုန္ သြယ္မႈဇုန္မ်ား အျမန္ဆံုးေပၚထြန္းလာေစရန္လိုအပ္ေၾကာင္း ကုန္သည္/စက္မႈအသင္း ခ်ဳပ္ နယ္စပ္ေဒသကုန္သြယ္မႈတိုးျမွင့္ေရး ဆုိင္ရာလုပ္ ငန္းေကာ္မတီအဖြဲ႔ဝင္ ဦးကိုကိုႀကီးက ေျပာသည္။ 
ယင္းကိစၥႏွင့္ ပတ္သက္၍ ေဖေဖာ္ဝါရီလ ၂၂ ရက္တြင္ ကုန္သည္စက္မႈအသင္းခ်ဳပ္၌ က်င္းပေသာ ႏိုင္ငံေတာ္ ဒုတိယသမၼတ (၁) ႏွင့္ ျမန္မာ့စီးပြားေရးလုပ္ငန္းရွင္မ်ား ပံုမွန္ေတြ႕ဆံုေဆြးေႏြးပြဲ၏ ၂၄ ႀကိမ္ေျမာက္ အခမ္းအနားတြင္ ၄င္းက တင္ျပေျပာ ဆိုခဲ့ျခင္းျဖစ္သည္။ 
တရုတ္-ျမန္မာနယ္စပ္တြင္ ကုန္သြယ္မႈျပဳလုပ္ႏုိင္ေသာ ဂိတ္ေပါင္း (၃) ခုသာရွိသျဖင့္ ကုန္စည္စီးဆင္း မႈပမာဏ မ်ားျပားလာ သည့္အခ်ိန္တြင္ ကုန္သြယ္ေရးလမ္းေၾကာင္းတစ္ေလ်ာက္နွင့္ နယ္စပ္ဂိတ္မ်ား၌ လမ္းပိတ္ဆို႔ၾကပ္တည္းမႈမ်ား ျဖစ္ေပၚေလ့ရွိ ေၾကာင္း ၄င္းကဆိုသည္။ 
ထို႔ေၾကာင့္ တရုတ္-ျမန္မာကုန္သြယ္မႈ အဆင္ေျပေစရန္ႏွင့္ လမ္းခရီးမ်ား ေႏွာင့္ေႏွးၾကန္႔ၾကာမႈ မရွိေစရန္ နယ္စပ္ဂိတ္မ်ားတုိး ခ်ဲ႕ဖြင့္လွစ္ေရးႏွင့္ နယ္စပ္ေဒသျဖတ္ေက်ာ္သည့္ ကုန္သြယ္မႈဇုန္မ်ား အျမန္ဆံုး ေပၚေပါက္လာရန္ လိုအပ္ေၾကာင္း ဦးကိုကိုႀကီး က ဆိုသည္။ 
ျမန္မာႏိုင္ငံအေနျဖင့္ ျပည္ပႏိုင္ငံမ်ားျဖင့္ နယ္စပ္ဂိတ္မ်ားမွ ကုန္သြယ္မႈျပဳရာတြင္ တရုတ္ ႏုိင္ငံႏွင့္ ထိုင္းႏိုင္ငံသည္ အမ်ားဆံုး ကုန္သြယ္ေနျခင္း ျဖစ္သည္။ 
ျမန္မာႏိုင္ငံတြင္ရွိေသာ နယ္စပ္ကုန္သြယ္ေရးစခန္းေပါင္း ၁၉ ခုရွိၿပီး ယင္းတို႔မွာ တမူးကုန္သြယ္ေရးစခန္း၊ ထန္တလန္ကုန္သြယ္ ေရးစခန္း၊ ထီးခီးကုန္သြယ္ေရးစခန္း၊ တာခ်ီလိတ္ကုန္ သြယ္ေရးစခန္း၊ ျမဝတီကုန္သြယ္ေရးစခန္း၊ မူဆယ္ကုန္သြယ္ေရးစခန္း၊ လြယ္ဂ်ယ္ကုန္ သြယ္ေရးစခန္း၊ ခ်င္းေရႊေဟာ္ ကုန္သြယ္ေရးစခန္း၊ စစ္ေတြကုန္သြယ္ေရးစခန္း၊ ေမာင္ေတာကုန္သြယ္ေရးစခန္း၊ ကန္ပိုက္တီကုန္ သြယ္ေရးစခန္း၊ ၿမိတ္ကုန္ သြယ္ေရးစခန္း၊ ေကာ့ေသာင္းကုန္သြယ္ ေရးစခန္း၊ ရိဒ္ကုန္သြယ္ေရးစခန္း၊ မႏၱေလး ကုန္သြယ္ေရးစခန္း၊ က်ိဳင္းတံုကုန္ သြယ္ေရးစခန္း၊ ျမစ္ႀကီးနားကုန္သြယ္ေရးစခန္း၊ က်ိဳင္းလပ္ ကုန္သြယ္ေရးစခန္း၊ မယ္စဲ့ ကုန္ သြယ္ေရးစခန္းတို႔ျဖစ္သည္။ 

 - သင္းသင္းလိႈင္ (အကုန္သိသတင္းဌာန)

Unicode version

တရုတ်-မြန်မာ နယ်စပ်ဂိတ် တိုးချဲ့ဖွင့်လှစ်ရန်နှင့် နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုဇုန်များ အလျင်အမြန် ပေါ်ထွက်လာရန်ရန်လို အပ်ဟုဆို

တရုတ်-မြန်မာ ကုန်သွယ်မှုအဆင်ပြေစေရန် နယ်စပ်ဂိတ်များ တိုးချဲ့ဖွင့်ထားနိုင်ရေးနှင့် နယ်စပ်ဖြတ် ကျော်ကုန် သွယ်မှုဇုန်များ အမြန်ဆုံးပေါ်ထွန်းလာစေရန်လိုအပ်ကြောင်း ကုန်သည်/စက်မှုအသင်း ချုပ် နယ်စပ်ဒေသကုန်သွယ်မှုတိုးမြှင့်ရေး ဆိုင်ရာလုပ် ငန်းကော်မတီအဖွဲ့ဝင် ဦးကိုကိုကြီးက ပြောသည်။ 
ယင်းကိစ္စနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ ၂၂ ရက်တွင် ကုန်သည်စက်မှုအသင်းချုပ်၌ ကျင်းပသော နိုင်ငံတော် ဒုတိယသမ္မတ (၁) နှင့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံဆွေးနွေးပွဲ၏ ၂၄ ကြိမ်မြောက် အခမ်းအနားတွင် ၎င်းက တင်ပြပြော ဆိုခဲ့ခြင်းဖြစ်သည်။ 
တရုတ်-မြန်မာနယ်စပ်တွင် ကုန်သွယ်မှုပြုလုပ်နိုင်သော ဂိတ်ပေါင်း (၃) ခုသာရှိသဖြင့် ကုန်စည်စီးဆင်း မှုပမာဏ များပြားလာ သည့်အချိန်တွင် ကုန်သွယ်ရေးလမ်းကြောင်းတစ်လျောက်နှင့် နယ်စပ်ဂိတ်များ၌ လမ်းပိတ်ဆို့ကြပ်တည်းမှုများ ဖြစ်ပေါ်လေ့ရှိ ကြောင်း ၎င်းကဆိုသည်။ 
ထို့ကြောင့် တရုတ်-မြန်မာကုန်သွယ်မှု အဆင်ပြေစေရန်နှင့် လမ်းခရီးများ နှောင့်နှေးကြန့်ကြာမှု မရှိစေရန် နယ်စပ်ဂိတ်များတိုး ချဲ့ဖွင့်လှစ်ရေးနှင့် နယ်စပ်ဒေသဖြတ်ကျော်သည့် ကုန်သွယ်မှုဇုန်များ အမြန်ဆုံး ပေါ်ပေါက်လာရန် လိုအပ်ကြောင်း ဦးကိုကိုကြီး က ဆိုသည်။ 
မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများဖြင့် နယ်စပ်ဂိတ်များမှ ကုန်သွယ်မှုပြုရာတွင် တရုတ် နိုင်ငံနှင့် ထိုင်းနိုင်ငံသည် အများဆုံး ကုန်သွယ်နေခြင်း ဖြစ်သည်။ 
မြန်မာနိုင်ငံတွင်ရှိသော နယ်စပ်ကုန်သွယ်ရေးစခန်းပေါင်း ၁၉ ခုရှိပြီး ယင်းတို့မှာ တမူးကုန်သွယ်ရေးစခန်း၊ ထန်တလန်ကုန်သွယ် ရေးစခန်း၊ ထီးခီးကုန်သွယ်ရေးစခန်း၊ တာချီလိတ်ကုန် သွယ်ရေးစခန်း၊ မြဝတီကုန်သွယ်ရေးစခန်း၊ မူဆယ်ကုန်သွယ်ရေးစခန်း၊ လွယ်ဂျယ်ကုန် သွယ်ရေးစခန်း၊ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်း၊ စစ်တွေကုန်သွယ်ရေးစခန်း၊ မောင်တောကုန်သွယ်ရေးစခန်း၊ ကန်ပိုက်တီကုန် သွယ်ရေးစခန်း၊ မြိတ်ကုန် သွယ်ရေးစခန်း၊ ကော့သောင်းကုန်သွယ် ရေးစခန်း၊ ရိဒ်ကုန်သွယ်ရေးစခန်း၊ မန္တလေး ကုန်သွယ်ရေးစခန်း၊ ကျိုင်းတုံကုန် သွယ်ရေးစခန်း၊ မြစ်ကြီးနားကုန်သွယ်ရေးစခန်း၊ ကျိုင်းလပ် ကုန်သွယ်ရေးစခန်း၊ မယ်စဲ့ ကုန် သွယ်ရေးစခန်းတို့ဖြစ်သည်။ 

 - သင်းသင်းလှိုင် (အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။