Skip to main content
တရုတ္ႏုိင္ငံသို႔  ျမန္မာႏုိင္ငံဘက္မွ နယ္စပ္ျဖတ္ေက်ာ္ခြင့္ လက္မွတ္သက္တမ္းကို ၆ လအထိ တိုးျမင့္ေပးရန္တင္ျပ
Ads Block

တရုတ္ႏုိင္ငံသို႔  ျမန္မာႏုိင္ငံဘက္မွ နယ္စပ္ျဖတ္ေက်ာ္ခြင့္ လက္မွတ္သက္တမ္းကို ၆ လအထိ တိုးျမင့္ေပးရန္တင္ျပ

တရုတ္ႏုိင္ငံဘက္မွ ေနထုိင္လုပ္ကိုင္ခြင့္ျပဳေပးထားသည့္ (၆) လ ကာလကဲ့သို႔  ျမန္မာႏုိင္ငံဘက္မွ နယ္စပ္ျဖတ္ေက်ာ္သြားလာ ခြင့္ လက္မွတ္သက္တမ္းကို တိုးျမင့္ခြင့္ျပဳေပးရန္ ကုန္သည္ / စက္မႈအသင္းခ်ဳပ္ နယ္စပ္ေဒသကုန္သြယ္မႈ တိုးျမွင့္ေရးဆုိင္ရာ လုပ္ငန္းေကာ္မတီ အဖြဲ႔ဝင္ ဦးကိုကိုႀကီး ေျပာၾကားသည္။ 
ယင္းကိစၥႏွင့္ ပတ္သက္၍ ေဖေဖာ္ဝါရီလ ၂၂ ရက္တြင္ ကုန္သည္/စက္မႈအသင္းခ်ဳပ္၌ က်င္းပေသာ ႏိုင္ငံေတာ္ ဒုတိယသမၼတ (၁) ႏွင့္ ျမန္မာ့စီးပြားေရး လုပ္ငန္းရွင္မ်ား ပံုမွန္ေတြ႕ဆံုေဆြးေႏြးပြဲ၏ ၂၄ ႀကိမ္ေျမာက္ အခမ္းအနားတြင္ ၎က တင္ျပခဲ့ျခင္း ျဖစ္ သည္။ 
တရုတ္နုိင္ငံဘက္မွ ျမန္မာအလုပ္သမားအား ႏုိင္ငံအတြင္း ေနထုိင္လုပ္ကိုင္ခြင့္ကို (၆) လတာ အထိ ခြင့္ျပဳေပးထားေသာ္လည္း ျမန္မာႏုိင္ငံဘက္မွ ႏုိင္ငံကူးလက္မွတ္ဆိုင္ရာ လုပ္ထုံးလုပ္နည္း သတ္မွတ္ခ်က္မ်ားအရ နယ္စပ္ျဖတ္ေက်ာ္ သြားလာခြင့္ လက္မွတ္သက္တမ္းကိုမူ (၇) ရက္အထိသာ ခြင့္ျပဳေပးထားသည္။ 
ထုိ႔အတြက္ ျမန္မာအလုပ္သမားမ်ားအေနျဖင့္ တရုတ္ႏိုင္ငံအတြင္း ေနထိုင္လုပ္ကုိင္ႏိုင္ရန္ နယ္စပ္ ျဖတ္ေက်ာ္သည့္ ႏိုင္ငံကူး လက္မွတ္ကို တစ္ပတ္လွ်င္တစ္ႀကိမ္ သက္တမ္းတုိးေနရၿပီး လက္မွတ္တစ္ႀကိမ္သက္တမ္းတုိးပါက တရုတ္ေငြ ယြမ္ ၇၀ မွ ၈၀ အထိ (ျမန္မာေငြက်ပ္ ၁၅,၀၀၀ ဝန္းက်င္) ကုန္က်ျခင္းႏွင့္ လူဦးေရ ေထာင္ဂဏန္းခန္႔ ေန႔စဥ္စီတန္းေစာင့္ဆိုင္းရျခင္းေၾကာင့္ လူဝင္မႈႀကီး ၾကပ္ေရးနွင့္ သက္ဆုိင္ရာဌာနမ်ား အေနျဖင့္လည္း ဝန္ထုတ္ဝန္ပိုးမ်ား ျဖစ္ေပၚေစေၾကာင္း ၎က ဆိုသည္။ 
သို႔ျဖစ္ရာ တရုတ္ႏုိင္ငံအတြင္းသို႔ သြားေရာက္အလုပ္လုပ္ကိုင္ေနၾကသည့္ ျမန္မာအလုပ္သမားမ်ားအ ဆင္ေျပေခ်ာေမြ႕ေစရန္ အတြက္ ျမန္မာႏိုင္ငံဘက္မွ နယ္စပ္ျဖတ္ေက်ာ္သြားလာခြင့္လက္မွတ္သက္တမ္းကို (၆) လအထိ တိုးျမင့္ခြင့္ျပဳေပးရန္ ဦးကိုကုိႀကီးက ဆိုသည္။ 

- သင္းသင္းလိႈင္ (အကုန္သိသတင္းဌာန)

 

Unicode version

တရုတ်နိုင်ငံသို့  မြန်မာနိုင်ငံဘက်မှ နယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ်သက်တမ်းကို ၆ လအထိ တိုးမြင့်ပေးရန်တင်ပြ

တရုတ်နိုင်ငံဘက်မှ နေထိုင်လုပ်ကိုင်ခွင့်ပြုပေးထားသည့် (၆) လ ကာလကဲ့သို့  မြန်မာနိုင်ငံဘက်မှ နယ်စပ်ဖြတ်ကျော်သွားလာ ခွင့် လက်မှတ်သက်တမ်းကို တိုးမြင့်ခွင့်ပြုပေးရန် ကုန်သည် / စက်မှုအသင်းချုပ် နယ်စပ်ဒေသကုန်သွယ်မှု တိုးမြှင့်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ အဖွဲ့ဝင် ဦးကိုကိုကြီး ပြောကြားသည်။ 
ယင်းကိစ္စနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ ၂၂ ရက်တွင် ကုန်သည်/စက်မှုအသင်းချုပ်၌ ကျင်းပသော နိုင်ငံတော် ဒုတိယသမ္မတ (၁) နှင့် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံဆွေးနွေးပွဲ၏ ၂၄ ကြိမ်မြောက် အခမ်းအနားတွင် ၎င်းက တင်ပြခဲ့ခြင်း ဖြစ် သည်။ 
တရုတ်နိုင်ငံဘက်မှ မြန်မာအလုပ်သမားအား နိုင်ငံအတွင်း နေထိုင်လုပ်ကိုင်ခွင့်ကို (၆) လတာ အထိ ခွင့်ပြုပေးထားသော်လည်း မြန်မာနိုင်ငံဘက်မှ နိုင်ငံကူးလက်မှတ်ဆိုင်ရာ လုပ်ထုံးလုပ်နည်း သတ်မှတ်ချက်များအရ နယ်စပ်ဖြတ်ကျော် သွားလာခွင့် လက်မှတ်သက်တမ်းကိုမူ (၇) ရက်အထိသာ ခွင့်ပြုပေးထားသည်။ 
ထို့အတွက် မြန်မာအလုပ်သမားများအနေဖြင့် တရုတ်နိုင်ငံအတွင်း နေထိုင်လုပ်ကိုင်နိုင်ရန် နယ်စပ် ဖြတ်ကျော်သည့် နိုင်ငံကူး လက်မှတ်ကို တစ်ပတ်လျှင်တစ်ကြိမ် သက်တမ်းတိုးနေရပြီး လက်မှတ်တစ်ကြိမ်သက်တမ်းတိုးပါက တရုတ်ငွေ ယွမ် ၇၀ မှ ၈၀ အထိ (မြန်မာငွေကျပ် ၁၅,၀၀၀ ဝန်းကျင်) ကုန်ကျခြင်းနှင့် လူဦးရေ ထောင်ဂဏန်းခန့် နေ့စဉ်စီတန်းစောင့်ဆိုင်းရခြင်းကြောင့် လူဝင်မှုကြီး ကြပ်ရေးနှင့် သက်ဆိုင်ရာဌာနများ အနေဖြင့်လည်း ဝန်ထုတ်ဝန်ပိုးများ ဖြစ်ပေါ်စေကြောင်း ၎င်းက ဆိုသည်။ 
သို့ဖြစ်ရာ တရုတ်နိုင်ငံအတွင်းသို့ သွားရောက်အလုပ်လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမားများအ ဆင်ပြေချောမွေ့စေရန် အတွက် မြန်မာနိုင်ငံဘက်မှ နယ်စပ်ဖြတ်ကျော်သွားလာခွင့်လက်မှတ်သက်တမ်းကို (၆) လအထိ တိုးမြင့်ခွင့်ပြုပေးရန် ဦးကိုကိုကြီးက ဆိုသည်။ 

- သင်းသင်းလှိုင် (အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။