Skip to main content
ေက်ာင္းကားေျပးဆြဲရာတြင္ ဘယ္ေမာင္းတစ္မ်ိဳးသာ ျဖစ္ရမည္ဆိုသည့္ စံႏႈန္းသတ္မွတ္ခ်က္ ယာဥ္ပိုင္ရွင္မ်ားအတြက္ အခက္အခဲျဖစ္ႏိုင္
Ads Block

ေက်ာင္းကားေျပးဆြဲရာတြင္ ဘယ္ေမာင္းတစ္မ်ိဳးသာ ျဖစ္ရမည္ဆိုသည့္ စံႏႈန္းသတ္မွတ္ခ်က္ ယာဥ္ပိုင္ရွင္မ်ားအတြက္ အခက္အခဲျဖစ္ႏိုင္

ေက်ာင္းကားစံႏႈန္းသတ္မွတ္ခ်က္ အခ်က္ (၁၂) ခ်က္တြင္ ပါဝင္သည့္ ဘယ္ေမာင္းတစ္မ်ိဳးတည္းသာ ျဖစ္ရမည္ဆိုသည့္ စံႏႈန္း သတ္မွတ္ခ်က္မွာ ယာဥ္ပိုင္ရွင္မ်ားအတြက္ အခက္အခဲျဖစ္ေၾကာင္း ေက်ာင္းကား လုပ္ငန္းလုပ္ကိုင္သူမ်ားက ေျပာသည္။
ေဖေဖာ္ဝါရီလ ၂၃ ရက္ House of Orchid တြင္ က်င္းပျပဳ လုပ္သည့္ သတင္းစာရွင္းလင္းပြဲတြင္ အထက္ပါအတိုင္း ေျပာၾကားခဲ့ ျခင္း ျဖစ္သည္။
“လိုက္ထရပ္ယာဥ္ေတြကို ေက်ာင္းကားေျပးဆြဲခြင့္ မျပဳေတာ့ဘူးဆိုလို႔ ရတဲ့ ေစ်းနဲ႔ ေရာင္းၿပီး မွန္လံုကားေတြ ဝယ္တယ္။ သူတို႔ ေျပာတဲ့ ကိုရီးယားကားေတြ၊ တရုတ္ကားေတြ မဝယ္ႏိုင္ဘူး။ သူတို႔ သတ္မွတ္ထားတဲ့ အခ်က္ေတြကို လိုက္နာႏိုင္လို႔ရတယ္။ ဒါေပမယ့္ ဘယ္ေမာင္းဆိုတာကေတာ့ အဆင္မေျပဘူး။ ေက်ာင္းကားစနစ္ စၿပီးလုပ္ကတည္းက မူေဘာင္ (၁၂) ခ်က္ကို တိတိ က်က် ထုတ္ျပန္ခဲ့မယ္ဆိုရင္ ဆံုရံႈးနစ္နာမႈမရွိႏိုင္ဘူး။ အခုဟာက ဂ်ပန္မွန္လံုကားနဲ႔ လဲၿပီးမွ ဒီ (၁၂) ခ်က္က ထြက္လာတာ။ ေက်ာင္းကားေျပးဆြဲတဲ့ ယာဥ္ပိုင္ရွင္ေတာ္ေတာ္မ်ားမ်ားက ၉၀ ရာခိုင္ႏႈန္းက ဂ်ပန္မွန္လံုကားကိုပဲ ေရြးခ်ယ္ၾကတာပါ” ဟု ကမာ ရြတ္ TTC ေက်ာင္းတြင္ ေက်ာင္းႀကိဳ/ပို႔ လုပ္ငန္းလုပ္ကိုင္ေနသည့္ ဦးစိုးႏိုင္က ေျပာသည္။
ေက်ာင္းကားတင္သြင္းျခင္း၊ ေျပးဆြဲျခင္းႏွင့္ပတ္သက္၍ ခရီးသည္ (၁ဝ) ဦးႏွင့္ အထက္တင္ေဆာင္ႏိုင္ေသာ Micro Bus ၊ Mini Bus ၊ Bus ယာဥ္မ်ား၊ အသက္ကယ္ထိုင္ခံုခါးပတ္၊ ဘယ္ေမာင္းယာဥ္ႏွင့္ ယာဥ္၏ညာဘက္တြင္ အတက္အဆင္းတံခါးေပါက္ပါရွိရန္ျဖစ္ၿပီး လံုျခံဳစိတ္ခ်ရသည့္ ေသာ့စနစ္တပ္ဆင္ထားရမည္ျဖစ္ေၾကာင္း၊ ေရွးဦးသူနာျပဳေသတၱာ၊ အနည္းဆံုးမီးသတ္ေဆးဗူး ၂ ဗူး၊ ယာဥ္၏ ေဆးေရာင္အား အဝါေရာင္သတ္မွတ္၍ ယာဥ္၏ အေရွ႕အေနာက္တြင္ School Bus ဟု ထင္ရွားစြာေဖာ္ျပရန္၊ ေက်ာင္းအမည္ႏွင့္ ဆက္သြယ္ရမည့္ဖုန္းနံပါတ္ေရးသားထားရန္ စသည့္အခ်က္မ်ားပါဝင္သည့္ အခ်က္ (၁၂) ခ်က္ကို ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနမွ ထုတ္ျပန္ေၾကညာခဲ့ေၾကာင္း သိရသည္။
ထုတ္ျပန္ထားသည့္ အခ်က္(၁၂) ခ်က္တြင္ ယာဥ္ပိုင္ရွင္မ်ားအတြက္ (၁၁) ခ်က္သာအဆင္ေျပၿပီး ဘယ္ေမာင္းတစ္မ်ိဳးတည္းသာ ျဖစ္ရမည့္ဆိုသည့္အခ်က္ကို ျပန္လည္ျပဳျပင္ေပးေစလိုေၾကာင္း သိရသည္။
လာမည့္ ပညာသင္ႏွစ္မွစ၍ ေက်ာင္းကားစံႏႈန္းသတ္မွတ္ခ်က္ႏွင့္ မကိုက္ညီသည့္ ေက်ာင္းကားမ်ားကို လံုးဝေျပးဆြဲခြင့္ျပဳမည္မဟုတ္ေၾကာင္း၊ ယင္းအျပင္ လုပ္ငန္းလိုင္စင္မျပဳလုပ္ရေသးသည့္ ေက်ာင္းကားမ်ားကို လာမည့္ပညာသင္ႏွစ္မတိုင္ခင္ လုပ္ငန္းလိုင္စင္ျပဳလုပ္ရန္ ညႊန္ၾကားထားေၾကာင္းလည္း သိရသည္။ 
ထို႔အျပင္ လုပ္ငန္းလိုင္စင္ျပဳလုပ္ေပးရာတြင္လည္း သတ္မွတ္ထားသည့္ အခ်က္ (၁၂) ခ်က္ႏွင့္ ကိုက္ညီမွသာလွ်င္ ျပဳလုပ္ေပး သြားမည္ျဖစ္ေၾကာင္း သိရသည္။

- စုသက္ႏွင္း (အကုန္သတိသတင္းဌာန)

 

Unicode version

ကျောင်းကားပြေးဆွဲရာတွင် ဘယ်မောင်းတစ်မျိုးသာ ဖြစ်ရမည်ဆိုသည့် စံနှုန်းသတ်မှတ်ချက် ယာဉ်ပိုင်ရှင်များအတွက် အခက်အခဲဖြစ်နိုင်

ကျောင်းကားစံနှုန်းသတ်မှတ်ချက် အချက် (၁၂) ချက်တွင် ပါဝင်သည့် ဘယ်မောင်းတစ်မျိုးတည်းသာ ဖြစ်ရမည်ဆိုသည့် စံနှုန်း သတ်မှတ်ချက်မှာ ယာဉ်ပိုင်ရှင်များအတွက် အခက်အခဲဖြစ်ကြောင်း ကျောင်းကား လုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။
ဖေဖော်ဝါရီလ ၂၃ ရက် House of Orchid တွင် ကျင်းပပြု လုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောကြားခဲ့ ခြင်း ဖြစ်သည်။
“လိုက်ထရပ်ယာဉ်တွေကို ကျောင်းကားပြေးဆွဲခွင့် မပြုတော့ဘူးဆိုလို့ ရတဲ့ ဈေးနဲ့ ရောင်းပြီး မှန်လုံကားတွေ ဝယ်တယ်။ သူတို့ ပြောတဲ့ ကိုရီးယားကားတွေ၊ တရုတ်ကားတွေ မဝယ်နိုင်ဘူး။ သူတို့ သတ်မှတ်ထားတဲ့ အချက်တွေကို လိုက်နာနိုင်လို့ရတယ်။ ဒါပေမယ့် ဘယ်မောင်းဆိုတာကတော့ အဆင်မပြေဘူး။ ကျောင်းကားစနစ် စပြီးလုပ်ကတည်းက မူဘောင် (၁၂) ချက်ကို တိတိ ကျကျ ထုတ်ပြန်ခဲ့မယ်ဆိုရင် ဆုံရှုံးနစ်နာမှုမရှိနိုင်ဘူး။ အခုဟာက ဂျပန်မှန်လုံကားနဲ့ လဲပြီးမှ ဒီ (၁၂) ချက်က ထွက်လာတာ။ ကျောင်းကားပြေးဆွဲတဲ့ ယာဉ်ပိုင်ရှင်တော်တော်များများက ၉၀ ရာခိုင်နှုန်းက ဂျပန်မှန်လုံကားကိုပဲ ရွေးချယ်ကြတာပါ” ဟု ကမာ ရွတ် TTC ကျောင်းတွင် ကျောင်းကြို/ပို့ လုပ်ငန်းလုပ်ကိုင်နေသည့် ဦးစိုးနိုင်က ပြောသည်။
ကျောင်းကားတင်သွင်းခြင်း၊ ပြေးဆွဲခြင်းနှင့်ပတ်သက်၍ ခရီးသည် (၁ဝ) ဦးနှင့် အထက်တင်ဆောင်နိုင်သော Micro Bus ၊ Mini Bus ၊ Bus ယာဉ်များ၊ အသက်ကယ်ထိုင်ခုံခါးပတ်၊ ဘယ်မောင်းယာဉ်နှင့် ယာဉ်၏ညာဘက်တွင် အတက်အဆင်းတံခါးပေါက်ပါရှိရန်ဖြစ်ပြီး လုံခြုံစိတ်ချရသည့် သော့စနစ်တပ်ဆင်ထားရမည်ဖြစ်ကြောင်း၊ ရှေးဦးသူနာပြုသေတ္တာ၊ အနည်းဆုံးမီးသတ်ဆေးဗူး ၂ ဗူး၊ ယာဉ်၏ ဆေးရောင်အား အဝါရောင်သတ်မှတ်၍ ယာဉ်၏ အရှေ့အနောက်တွင် School Bus ဟု ထင်ရှားစွာဖော်ပြရန်၊ ကျောင်းအမည်နှင့် ဆက်သွယ်ရမည့်ဖုန်းနံပါတ်ရေးသားထားရန် စသည့်အချက်များပါဝင်သည့် အချက် (၁၂) ချက်ကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
ထုတ်ပြန်ထားသည့် အချက်(၁၂) ချက်တွင် ယာဉ်ပိုင်ရှင်များအတွက် (၁၁) ချက်သာအဆင်ပြေပြီး ဘယ်မောင်းတစ်မျိုးတည်းသာ ဖြစ်ရမည့်ဆိုသည့်အချက်ကို ပြန်လည်ပြုပြင်ပေးစေလိုကြောင်း သိရသည်။
လာမည့် ပညာသင်နှစ်မှစ၍ ကျောင်းကားစံနှုန်းသတ်မှတ်ချက်နှင့် မကိုက်ညီသည့် ကျောင်းကားများကို လုံးဝပြေးဆွဲခွင့်ပြုမည်မဟုတ်ကြောင်း၊ ယင်းအပြင် လုပ်ငန်းလိုင်စင်မပြုလုပ်ရသေးသည့် ကျောင်းကားများကို လာမည့်ပညာသင်နှစ်မတိုင်ခင် လုပ်ငန်းလိုင်စင်ပြုလုပ်ရန် ညွှန်ကြားထားကြောင်းလည်း သိရသည်။ 
ထို့အပြင် လုပ်ငန်းလိုင်စင်ပြုလုပ်ပေးရာတွင်လည်း သတ်မှတ်ထားသည့် အချက် (၁၂) ချက်နှင့် ကိုက်ညီမှသာလျှင် ပြုလုပ်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

- စုသက်နှင်း (အကုန်သတိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။