Skip to main content
ထိုင္းႏိုင္ငံ ဒုကၡသည္စခန္းမ်ားမွ ျပန္လာသည့္ ေနရပ္ျပန္မ်ားကို ပဲခူးတိုင္းအစိုးရမွ ေထာက္ပံ့ေငြေပးအပ္
Ads Block

ထိုင္းႏိုင္ငံ ဒုကၡသည္စခန္းမ်ားမွ ျပန္လာသည့္ ေနရပ္ျပန္မ်ားကို ပဲခူးတိုင္းအစိုးရမွ ေထာက္ပံ့ေငြေပးအပ္

ထိုင္းႏိုင္ငံ ဒုကၡသည္စခန္းမ်ားမွ ေနရပ္သို႔ ျပန္ၾကမည့္ ပဲခူးတိုင္းေဒသႀကီးအတြင္းမွ ေနရပ္ျပန္မ်ားအား တိုင္းေဒသႀကီးအစိုးရမွ ေထာက္ပံ့ေငြမ်ား ေပးခဲ့ေၾကာင္း သိရသည္။
ေဖေဖာ္ဝါရီလ (၂၃) ရက္ နံနက္ ၁၀ နာရီခြဲ အခ်ိန္က ပဲခူးတိုင္းေဒသႀကီး အစိုးရအဖြဲ႔ရံုး အစည္းအေဝးခန္းမတြင္ ေနရပ္ျပန္မ်ား အား ေထာက္ပ့ံေငြေပးအပ္ျခင္းႏွင့္ သက္ဆိုင္ရာၿမိဳ႕နယ္မ်ားသို႔လႊဲေျပာင္း ေပးအပ္ပြဲက်င္းပျပဳလုပ္ခဲ့ျခင္း ျဖစ္သည္။
အခမ္းအနားတြင္ ပဲခူးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ လုံၿခံဳေရးႏွင့္နယ္စပ္ေရးရာဝန္ႀကီး ဗုိလ္မွဴးႀကီးလွမ်ိဳးေရႊႏွင့္ တိုင္းရင္းသား လူမ်ိဳးမ်ားေရးရာဝန္ႀကီး ေနာ္ပြယ္ေစးတို႔က အမွာစကားေျပာၾကားခဲ့သည္။
ထိုင္းႏိုင္ငံဒုကၡသည္စခန္းမ်ားမွ ပဲခူးတိုင္းေဒသႀကီး ေဝါ၊ ေတာင္ငူ၊ ထန္းတပင္ၿမိဳ႕နယ္မ်ားသို႔ ျပန္လာသူ(၃၂)ဦးအား ဝန္ႀကီး ဗိုလ္မွဴးႀကီးလွမ်ိဳးေရႊႏွင့္ ေနာ္ပြယ္ေစးတို႔က ပဲခူးတိုင္းေဒသႀကီး အစိုးရအဖြဲ႔မွ ေထာက္ပ့ံေပးေသာ လူတစ္ဦးလွ်င္ ေငြက်ပ္ (၁) သိန္းႏႈန္းျဖင့္ (၃၂) ဦးအတြက္ (၃၂) သိန္း၊ ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန္႔ခြဲေရး ဦးစီးဌာနမွ ေထာက္ပ့ံေပးေသာ မိသားစု (၁) စု ခ်င္းစီအတြက္ Family Kit (၁) ပုံးႏွင့္ Kitchen Kit (၁) ပုံးစီကို ေထာက္ပ့ံေပးအပ္ၾကသည္။
အဆိုပါ ေနရပ္ျပန္လာသူမ်ားတြင္ ေတာင္ငူၿမိဳ႕နယ္မွ (၁၀) ဦး၊ ထန္းတပင္ၿမိဳ႕နယ္မွ (၁၅) ဦး၊ ေဝါၿမိဳ႕နယ္မွ (၇) ဦး စုစုေပါင္း (၃၂) ဦးျဖစ္ၿပီး အိမ္ေထာင္စုစာရင္းႏွင့္ မွတ္ပုံတင္မရွိသူမ်ားအား လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဦးစီးဌာနမွ အထူးကိစၥရပ္အေနျဖင့္ ေဆာင္ရြက္ေပးခဲ့သည္။

ထိုင္းႏိုင္ငံ ဒုကၡသည္စခန္းမ်ားမွ ျပန္လာသည့္ ေနရပ္ျပန္မ်ားကို ပဲခူးတိုင္းအစိုးရမွ ေထာက္ပံ့ေငြေပးအပ္


ေက်ာင္းေနအရြယ္ကေလးမ်ား ပါ၀င္ေနျခင္းေၾကာင့္ ပညာေရးႏွင့္ပတ္သက္သည့္ လိုအပ္ခ်က္မ်ားကို သက္ဆိုင္ရာေက်ာင္းမ်ား ႏွင့္ ခ်ိတ္ဆက္ေဆာင္ရြက္ေပးျခင္း၊ က်န္းမာေရးေစာင့္ေရွာက္မႈမ်ားျပဳလုပ္ေပးျခင္း၊ ရပ္ကြက္အတြင္းေနထိုင္ရာတြင္ အဆင္ေျပ ေစေရး ေဆြမ်ိဳးမ်ားႏွင့္ ေပါင္းစပ္ေဆာင္ရြက္ေပးျခင္းမ်ား ျပဳလုပ္ေပးခဲ့ၾကသည္။
ေနရပ္ျပန္လာသူမ်ားအား ျမန္မာႏိုင္ငံသို႔ ျပန္လည္ဝင္ေရာက္လာခ်ိန္တြင္ လူမႈဝန္ထမ္း ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ် ထားေရးဝန္ႀကီးဌာနမွ ကယ္ဆယ္ေရးပစၥည္း (၁၀) မ်ိဳး၊ နယ္စပ္ေဒသႏွင့္ တိုင္းရင္းသားလူမ်ိဳးမ်ား ဖြံ႔ၿဖိဳးတိုးတက္ေရးဦးစီးဌာနမွ လူတစ္ဦးလ်ွင္ဆန္ရိကၡာ (၁) လစာ၊ ခရီးစရိတ္ေထာက္ပ့ံေငြ (၁၅၀၀၀) က်ပ္၊ ၾကက္ေျခနီအဖြဲ႕မွ Hygience Kit မ်ား၊ ျဖဴစင္ေမ တၱာ ပရဟိတအဖြဲ႕မွ ဆန္၊ ဆီ၊ ဆား၊ ေခါက္ဆြဲေျခာက္မ်ား ေထာက္ပ့ံေပးခဲ့ၿပီးျဖစ္ေၾကာင္းလည္း သိရသည္။

- ၿဖိဳးကိုလင္း - ေညာင္၀ိုင္း(အကုန္သိသတင္းဌာန)

 

Unicode version

ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းများမှ ပြန်လာသည့် နေရပ်ပြန်များကို ပဲခူးတိုင်းအစိုးရမှ ထောက်ပံ့ငွေပေးအပ်

ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းများမှ နေရပ်သို့ ပြန်ကြမည့် ပဲခူးတိုင်းဒေသကြီးအတွင်းမှ နေရပ်ပြန်များအား တိုင်းဒေသကြီးအစိုးရမှ ထောက်ပံ့ငွေများ ပေးခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ (၂၃) ရက် နံနက် ၁၀ နာရီခွဲ အချိန်က ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် နေရပ်ပြန်များ အား ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် သက်ဆိုင်ရာမြို့နယ်များသို့လွှဲပြောင်း ပေးအပ်ပွဲကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေနှင့် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီး နော်ပွယ်စေးတို့က အမှာစကားပြောကြားခဲ့သည်။

ထိုင္းႏိုင္ငံ ဒုကၡသည္စခန္းမ်ားမွ ျပန္လာသည့္ ေနရပ္ျပန္မ်ားကို ပဲခူးတိုင္းအစိုးရမွ ေထာက္ပံ့ေငြေပးအပ္


ထိုင်းနိုင်ငံဒုက္ခသည်စခန်းများမှ ပဲခူးတိုင်းဒေသကြီး ဝေါ၊ တောင်ငူ၊ ထန်းတပင်မြို့နယ်များသို့ ပြန်လာသူ(၃၂)ဦးအား ဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေနှင့် နော်ပွယ်စေးတို့က ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ပေးသော လူတစ်ဦးလျှင် ငွေကျပ် (၁) သိန်းနှုန်းဖြင့် (၃၂) ဦးအတွက် (၃၂) သိန်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီးဌာနမှ ထောက်ပံ့ပေးသော မိသားစု (၁) စု ချင်းစီအတွက် Family Kit (၁) ပုံးနှင့် Kitchen Kit (၁) ပုံးစီကို ထောက်ပံ့ပေးအပ်ကြသည်။
အဆိုပါ နေရပ်ပြန်လာသူများတွင် တောင်ငူမြို့နယ်မှ (၁၀) ဦး၊ ထန်းတပင်မြို့နယ်မှ (၁၅) ဦး၊ ဝေါမြို့နယ်မှ (၇) ဦး စုစုပေါင်း (၃၂) ဦးဖြစ်ပြီး အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်မရှိသူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ အထူးကိစ္စရပ်အနေဖြင့် ဆောင်ရွက်ပေးခဲ့သည်။
ကျောင်းနေအရွယ်ကလေးများ ပါဝင်နေခြင်းကြောင့် ပညာရေးနှင့်ပတ်သက်သည့် လိုအပ်ချက်များကို သက်ဆိုင်ရာကျောင်းများ နှင့် ချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးခြင်း၊ ရပ်ကွက်အတွင်းနေထိုင်ရာတွင် အဆင်ပြေ စေရေး ဆွေမျိုးများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခြင်းများ ပြုလုပ်ပေးခဲ့ကြသည်။
နေရပ်ပြန်လာသူများအား မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာချိန်တွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနမှ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လူတစ်ဦးလျှင်ဆန်ရိက္ခာ (၁) လစာ၊ ခရီးစရိတ်ထောက်ပံ့ငွေ (၁၅၀၀၀) ကျပ်၊ ကြက်ခြေနီအဖွဲ့မှ Hygience Kit များ၊ ဖြူစင်မေ တ္တာ ပရဟိတအဖွဲ့မှ ဆန်၊ ဆီ၊ ဆား၊ ခေါက်ဆွဲခြောက်များ ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။

- ဖြိုးကိုလင်း - ညောင်ဝိုင်း(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။