Skip to main content
ျမန္မာႏိုင္ငံ စက္ဘီးစီးအဖြဲ႔ခ်ဳပ္စက္ဘီးနည္းျပ ပုဂံၿမိဳ႕စက္ဘီးစီးၿပိဳင္ပြဲ၌ ယာဥ္တိုက္မႈျဖစ္ကာ ေသဆံုး
Ads Block

ျမန္မာႏိုင္ငံ စက္ဘီးစီးအဖြဲ႔ခ်ဳပ္စက္ဘီးနည္းျပ ပုဂံၿမိဳ႕စက္ဘီးစီးၿပိဳင္ပြဲ၌ ယာဥ္တိုက္မႈျဖစ္ကာ ေသဆံုး

ျမန္မာႏိုင္ငံစက္ဘီးစီးအဖြဲ႔ခ်ဳပ္၏ နည္းျပအဖြဲ႔၀င္တစ္ဦးျဖစ္ေသာ ကိုေအာင္မ်ိဳးႏိုင္သည္ ပုဂံၿမိဳ႕စက္ဘီးစီးၿပိဳင္ပြဲ၌ ယာဥ္မေတာ္တဆမႈျဖစ္ကာ ေသဆံုးသြားခဲ့ေၾကာင္း သတင္းရရွိသည္။ 

ျမန္မာႏိုင္ငံ စက္ဘီးစီးအဖြဲ႔ခ်ဳပ္စက္ဘီးနည္းျပ ပုဂံၿမိဳ႕စက္ဘီးစီးၿပိဳင္ပြဲ၌ ယာဥ္တိုက္မႈျဖစ္ကာ ေသဆံုး

ေဖေဖာ္၀ါရီလ ၂၃ ရက္၊ နံနက္ ၈ နာရီခြဲခန္႔က မႏၱေလးတိုင္းေဒသႀကီး၊ ေညာင္ဦးခရိုင္၊ ပုဂံၿမိဳ႕၌ က်င္းပသည့္ စက္ဘီးစီးၿပိဳင္ပြဲ၌ နည္းျပအျဖစ္ တာ၀န္ယူေဆာင္ရြက္ေပးေနသည့္ ကိုေအာင္မ်ိဳးႏိုင္သည္ ေရွ႕ေျပးအျဖစ္ဆိုင္ကယ္စီးကာ ထြက္ခြာလာစဥ္ ကုန္တင္ ယာဥ္တစ္စီးႏွင့္ မေတာ္တဆ တိုက္မိခဲ့ရာမွ ေသဆံုးသြားျခင္းျဖစ္ေၾကာင္း ေညာင္ဦးၿမိဳ႕နယ္ရဲတပ္ဖြဲ႔ထံမွ သိရသည္။
“ဒီေန႔မနက္ အေစာပိုင္းမွာပုဂံမွာ စက္ဘီးစီးၿပိဳင္ပြဲက်င္းပတယ္။အဲဒီအထဲက နည္းျပျဖစ္တဲ့ ကိုေအာင္မ်ိဳးႏိုင္က ေရွ႕ေျပးအျဖစ္နဲ႔ ဆိုင္ကယ္စီးသြားတာကေန ထန္းေတာရြာအနီး၊ လက္ပံေျခေပၚနား အေရာက္မွာ ယာဥ္ေမာင္း ေနထက္လင္းဆိုသူ ေမာင္းလာတဲ့ ကုန္တင္ကားနဲ႔ တိုက္မိၿပီး ကြယ္လြန္သြားတာျဖစ္ပါတယ္” ဟု ေညာင္ဦးၿမိဳ႕နယ္ရဲတပ္ဖြဲ႔ရံုးက တာ၀န္ရွိသူတစ္ဦးမွ အကုန္သိ သတင္းဌာနသို႔ ေျပာသည္။
ယင္းျဖစ္စဥ္ႏွင့္ ပတ္သက္၍ ယာဥ္ေမာင္း ေနထက္လင္းကို လက္ပံေျခေပၚ ရဲကင္းစခန္း၌ ပုဒ္မ- ၃၀၄ (က) /၃၃၇ /၃၃၈ ျဖင့္ အမႈ ဖြင့္ထားေၾကာင္း သိရသည္။

- ဒါးဇ(အကုန္သိသတင္းဌာန)

 

Unicode version

မြန်မာနိုင်ငံ စက်ဘီးစီးအဖွဲ့ချုပ်စက်ဘီးနည်းပြ ပုဂံမြို့စက်ဘီးစီးပြိုင်ပွဲ၌ ယာဉ်တိုက်မှုဖြစ်ကာ သေဆုံး
မြန်မာနိုင်ငံစက်ဘီးစီးအဖွဲ့ချုပ်၏ နည်းပြအဖွဲ့ဝင်တစ်ဦးဖြစ်သော ကိုအောင်မျိုးနိုင်သည် ပုဂံမြို့စက်ဘီးစီးပြိုင်ပွဲ၌ ယာဉ်မတော်တဆမှုဖြစ်ကာ သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။ 

ျမန္မာႏိုင္ငံ စက္ဘီးစီးအဖြဲ႔ခ်ဳပ္စက္ဘီးနည္းျပ ပုဂံၿမိဳ႕စက္ဘီးစီးၿပိဳင္ပြဲ၌ ယာဥ္တိုက္မႈျဖစ္ကာ ေသဆံုး

ဖေဖော်ဝါရီလ ၂၃ ရက်၊ နံနက် ၈ နာရီခွဲခန့်က မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံမြို့၌ ကျင်းပသည့် စက်ဘီးစီးပြိုင်ပွဲ၌ နည်းပြအဖြစ် တာဝန်ယူဆောင်ရွက်ပေးနေသည့် ကိုအောင်မျိုးနိုင်သည် ရှေ့ပြေးအဖြစ်ဆိုင်ကယ်စီးကာ ထွက်ခွာလာစဉ် ကုန်တင် ယာဉ်တစ်စီးနှင့် မတော်တဆ တိုက်မိခဲ့ရာမှ သေဆုံးသွားခြင်းဖြစ်ကြောင်း ညောင်ဦးမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။
“ဒီနေ့မနက် အစောပိုင်းမှာပုဂံမှာ စက်ဘီးစီးပြိုင်ပွဲကျင်းပတယ်။အဲဒီအထဲက နည်းပြဖြစ်တဲ့ ကိုအောင်မျိုးနိုင်က ရှေ့ပြေးအဖြစ်နဲ့ ဆိုင်ကယ်စီးသွားတာကနေ ထန်းတောရွာအနီး၊ လက်ပံခြေပေါ်နား အရောက်မှာ ယာဉ်မောင်း နေထက်လင်းဆိုသူ မောင်းလာတဲ့ ကုန်တင်ကားနဲ့ တိုက်မိပြီး ကွယ်လွန်သွားတာဖြစ်ပါတယ်” ဟု ညောင်ဦးမြို့နယ်ရဲတပ်ဖွဲ့ရုံးက တာဝန်ရှိသူတစ်ဦးမှ အကုန်သိ သတင်းဌာနသို့ ပြောသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်း နေထက်လင်းကို လက်ပံခြေပေါ် ရဲကင်းစခန်း၌ ပုဒ်မ- ၃၀၄ (က) /၃၃၇ /၃၃၈ ဖြင့် အမှု ဖွင့်ထားကြောင်း သိရသည်။

- ဒါးဇ(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။