Skip to main content
ၿမိဳ႕ျပလူေနထိုင္မႈ စစ္တမ္းေကာက္ယူမႈ အစိုးရ၏ မူဝါဒမ်ား ခ်မွတ္ေရးအေထာက္အကူျဖစ္ေစရန္ ရည္ရြယ္ဟုဆို
Ads Block

ၿမိဳ႕ျပလူေနထိုင္မႈ စစ္တမ္းေကာက္ယူမႈ အစိုးရ၏ မူဝါဒမ်ား ခ်မွတ္ေရးအေထာက္အကူျဖစ္ေစရန္ ရည္ရြယ္ဟုဆို

အာရွေဖာင္ေဒးရွင္ႏွင့္ ရန္ကုန္ႏုိင္ငံေရး သိပၸံေက်ာင္းတို႔ ပူးေပါင္းလုပ္ေဆာင္သည့္ ျမန္မာႏုိင္ငံအတြင္း ျမိဳ႕ျပလူေနထိုင္မႈ ဘဝမ်ား စစ္တမ္းေကာက္ယူမႈသည့္ လက္ရွိအစိုးရ၏ မူဝါဒမ်ားခ်မွတ္ႏုိင္ေရး ရည္ရြယ္ေကာက္ယူျခင္းျဖစ္ေၾကာင္း ရန္ကုန္ႏုိင္ငံေရး သိပၸံ ေက်ာင္းမွ ဦးေဆာင္ေကာက္ယူသူ ဦးမ်ိဳးေအာင္က ေျပာသည္။
အဆိုပါ စစ္တမ္းေကာက္ယူမႈ မိတ္ဆက္ရွင္းလင္းျခင္းကို ေဖေဖာ္ဝါရီလ ၂၂ ရက္က ရန္ကုန္ၿမိဳ႕ Park Royal Hotel တြင္ ရွင္း လင္းခဲ့သည္။
"ကၽြန္ေတာ္တို႔ စစ္တမ္းေကာက္ခဲ့တာ ၿပီးခဲ႔တဲ့ ၂၀၁၇ က တစ္ႀကိမ္ ေကာက္ခဲ႔ပါတယ္။ ဒီလိုမ်ိဳး ျပည္သူလူထုရဲ႕ ဘဝေနထိုင္မႈက အစိုးရက တိုက္ရုိက္မသိႏုိင္ပါဘူး။ ဒီလိုမ်ိဳး အစိုးရမဟုတ္တဲ့ အဖြဲ႔အစည္းေတြက လာေရာက္ေကာက္ယူတာကို က်ြန္ေတာ္တို႔ အ ေနနဲ႔ ပူးေပါင္းၿပီး လုပ္ေဆာင္ ေပးတာပါ။ ဒီလိုမ်ိဳး ေနထိုင္မႈဘဝေတြကို စစ္တမ္းေကာက္ယူတာက အစိုးရအေနနဲ႔ မူဝါဒေတြ ေရး ဆြဲခ်မွတ္တဲ့ အခါမွာ ဒါေတြကို ၾကည့္ၿပီး ျပည္သူေတြရဲ႕ အမွန္တကယ္ ျဖစ္ေနတဲ့ အေၾကာင္းအရာေတြကို ျပည္သူေတြကိုယ္တိုင္ ေျဖၾကားထားတာေတြကို သိႏုိင္ၿပီး မူဝါဒခ်မွတ္တဲ့ အခါမွာ အေထာက္အကူ ေပးႏုိင္ဖို႔ ရည္ရြယ္ပါတယ္" ဟု ဦးမ်ိဳးေအာင္က ေျပာ သည္။
အဆိုပါ စစ္တမ္းေကာက္ယူမႈတြင္ ျမန္မာႏုိင္ငံရွိ ၿမိဳ႕ႀကီးမ်ားမွ လူဦးေရ ၄၀၀ ကို အေျခခံကာ အဓိကထား ေကာက္ယူခဲ့သည့္ အ ျပင္  ရန္ကုန္ၿမိဳ႕တြင္ လူ ၈၀၀ ကို ေမးျမန္းခဲ့ေၾကာင္း သိရသည္။
ေမးျမန္းမႈမ်ားတြင္ ေန႔စဥ္လူမႈဘဝ ေနထိုင္မႈကို အားရေက်နပ္မႈ ရွိမရွိကို အဓိကထား ေမးျမန္းခဲ႔ျခင္း ျဖစ္ၿပီး အဆိုပါ ေျဖၾကားမႈ မ်ားသည္ အစိုးရ၏ မူဝါဒမ်ား ခ်မွတ္ေဆာက္ရြက္ေရးကို အေထာက္အကူ ျပဳႏုိင္ရန္ ရည္ရြယ္ေႀကာင္း သိရသည္။
ယခု စစ္တမ္းေကာက္ယူမႈသည္ ဒုတိယအႀကိမ္ေျမာက္ ျဖစ္ၿပီး ၿပီးခဲ႔သည့္ ၂၀၁၇ ခုႏွစ္ကလည္း ေကာက္ယူခဲ့ေၾကာင္း သိရ သည္။
ျမန္မာႏုိင္ငံအတြင္း စစ္တမ္းေကာက္ယူမႈကို ရန္ကုန္ႏုိင္ငံေရး သိပၸံေက်ာင္းႏွင့္ ပူးေပါင္းေကာက္ယူခဲ့ျခင္းလည္း ျဖစ္သည္။
အဓိက ၿမိဳ႕ႀကီးမ်ား ျဖစ္သည့္ ရန္ကုန္၊ မႏၱေလး၊ ေတာင္ႀကီး၊ မံုရြာ၊ ေမာ္လၿမိဳင္ အစရွိသည့္ ၿမိဳ႕မ်ားတြင္ ေကာက္ယူခဲ႔ျခင္း ျဖစ္ၿပီး မံုရြာႏွင့္ ေမာ္လၿမိဳင္မွာ ပထမဆံုးအႀကိမ္ ပါဝင္လာျခင္း ျဖစ္ေၾကာင္း သိရသည္။

- ထက္ေဝလင္း(အကုန္သိ သတင္းဌာန)

 

Unicode version

မြို့ပြလူနေထိုင်မှု စစ်တမ်းကောက်ယူမှု အစိုးရ၏ မူဝါဒများ ချမှတ်ရေးအထောက်အကူဖြစ်စေရန် ရည်ရွယ်ဟုဆို

အာရှဖောင်ဒေးရှင်နှင့် ရန်ကုန်နိုင်ငံရေး သိပ္ပံကျောင်းတို့ ပူးပေါင်းလုပ်ဆောင်သည့် မြန်မာနိုင်ငံအတွင်း မြို့ပြလူနေထိုင်မှု ဘဝများ စစ်တမ်းကောက်ယူမှုသည့် လက်ရှိအစိုးရ၏ မူဝါဒများချမှတ်နိုင်ရေး ရည်ရွယ်ကောက်ယူခြင်းဖြစ်ကြောင်း ရန်ကုန်နိုင်ငံရေး သိပ္ပံ ကျောင်းမှ ဦးဆောင်ကောက်ယူသူ ဦးမျိုးအောင်က ပြောသည်။
အဆိုပါ စစ်တမ်းကောက်ယူမှု မိတ်ဆက်ရှင်းလင်းခြင်းကို ဖေဖော်ဝါရီလ ၂၂ ရက်က ရန်ကုန်မြို့ Park Royal Hotel တွင် ရှင်း လင်းခဲ့သည်။
"ကျွန်တော်တို့ စစ်တမ်းကောက်ခဲ့တာ ပြီးခဲ့တဲ့ ၂၀၁၇ က တစ်ကြိမ် ကောက်ခဲ့ပါတယ်။ ဒီလိုမျိုး ပြည်သူလူထုရဲ့ ဘဝနေထိုင်မှုက အစိုးရက တိုက်ရိုက်မသိနိုင်ပါဘူး။ ဒီလိုမျိုး အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက လာရောက်ကောက်ယူတာကို ကျွန်တော်တို့ အ နေနဲ့ ပူးပေါင်းပြီး လုပ်ဆောင် ပေးတာပါ။ ဒီလိုမျိုး နေထိုင်မှုဘဝတွေကို စစ်တမ်းကောက်ယူတာက အစိုးရအနေနဲ့ မူဝါဒတွေ ရေး ဆွဲချမှတ်တဲ့ အခါမှာ ဒါတွေကို ကြည့်ပြီး ပြည်သူတွေရဲ့ အမှန်တကယ် ဖြစ်နေတဲ့ အကြောင်းအရာတွေကို ပြည်သူတွေကိုယ်တိုင် ဖြေကြားထားတာတွေကို သိနိုင်ပြီး မူဝါဒချမှတ်တဲ့ အခါမှာ အထောက်အကူ ပေးနိုင်ဖို့ ရည်ရွယ်ပါတယ်" ဟု ဦးမျိုးအောင်က ပြော သည်။
အဆိုပါ စစ်တမ်းကောက်ယူမှုတွင် မြန်မာနိုင်ငံရှိ မြို့ကြီးများမှ လူဦးရေ ၄၀၀ ကို အခြေခံကာ အဓိကထား ကောက်ယူခဲ့သည့် အ ပြင်  ရန်ကုန်မြို့တွင် လူ ၈၀၀ ကို မေးမြန်းခဲ့ကြောင်း သိရသည်။
မေးမြန်းမှုများတွင် နေ့စဉ်လူမှုဘဝ နေထိုင်မှုကို အားရကျေနပ်မှု ရှိမရှိကို အဓိကထား မေးမြန်းခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ဖြေကြားမှု များသည် အစိုးရ၏ မူဝါဒများ ချမှတ်ဆောက်ရွက်ရေးကို အထောက်အကူ ပြုနိုင်ရန် ရည်ရွယ်ကြောင်း သိရသည်။
ယခု စစ်တမ်းကောက်ယူမှုသည် ဒုတိယအကြိမ်မြောက် ဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်ကလည်း ကောက်ယူခဲ့ကြောင်း သိရ သည်။
မြန်မာနိုင်ငံအတွင်း စစ်တမ်းကောက်ယူမှုကို ရန်ကုန်နိုင်ငံရေး သိပ္ပံကျောင်းနှင့် ပူးပေါင်းကောက်ယူခဲ့ခြင်းလည်း ဖြစ်သည်။
အဓိက မြို့ကြီးများ ဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မုံရွာ၊ မော်လမြိုင် အစရှိသည့် မြို့များတွင် ကောက်ယူခဲ့ခြင်း ဖြစ်ပြီး မုံရွာနှင့် မော်လမြိုင်မှာ ပထမဆုံးအကြိမ် ပါဝင်လာခြင်း ဖြစ်ကြောင်း သိရသည်။

- ထက်ဝေလင်း(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။