Skip to main content
မ်က္မျမင္အမ်ိဳးသမီးအဓမၼျပဳက်င့္ခံရသည္ဆိုကာ အမႈဖြင့္လွစ္ထားျခင္းကို ပိတ္သိမ္းသြားျခင္းမွာ တရားလို၏ ဆႏၵမပါဟု ဆို 
Ads Block

မ်က္မျမင္အမ်ိဳးသမီးအဓမၼျပဳက်င့္ခံရသည္ဆိုကာ အမႈဖြင့္လွစ္ထားျခင္းကို ပိတ္သိမ္းသြားျခင္းမွာ တရားလို၏ ဆႏၵမပါဟု ဆို 

ျမန္မာႏိုင္ငံမ်က္မျမင္မ်ားအသင္းမွ ဥကၠ႒ျဖစ္သူဦးေအာင္ကိုျမင့္က မ---- ၊ (၂၈) ႏွစ္၊ မ်က္မျမင္အသင္းဝင္အား အဓမၼျပဳက်င့္သည္ဆိုကာ အမႈဖြင့္လွစ္ထားသည္ကို သက္ဆိုင္ရာက အမႈျပန္လည္ပိတ္သိမ္းခဲ့ေသာ္လည္း တရားလို၏ ဆႏၵလံုး၀မပါေၾကာင္း မ---- ၏ ဦးေလးျဖစ္သူက အကုန္သိသတင္းဌာနသို႔ေျပာသည္။ 
ျဖစ္စဥ္မွာ ျမန္မာႏိုင္ငံမ်က္မျမင္မ်ားအသင္းမွ ဥကၠ႒ျဖစ္သူဦးေအာင္ကိုျမင့္က ၎တို႔အသင္းပိုင္ YUME EYE  အေၾကာျပင္အႏွိပ္ခန္းတြင္ အလုပ္လုပ္ေနေသာ မ------ ၊ (၂၈) ႏွစ္၊ မ်က္မျမင္အသင္းဝင္အား ၂၀၁၈ ခုႏွစ္၊ ဇန္နဝါရီလ၊ ဧၿပီလႏွင့္ ေမလတို႔၌ သားမယားအျဖစ္ သုံးႀကိမ္တိုင္တိုင္ျပဳက်င့္ခဲ့သည္ဟုဆိုကာ မ---- ဘက္မွ အလုံၿမိဳ႕မရဲစခန္းတြင္ ေအာက္တိုဘာလ ၁၀ ရက္က (ပ) ၃၉၀/ ၂၀၁၈၊ တစ္လင္တစ္မယားဥပေဒပုဒ္ မ- ၁၃ ျဖင့္ အမႈဖြင့္ခဲ့ျခင္း ျဖစ္သည္။ 
အဆိုပါအမႈကို ျမန္မာႏိုင္ငံမ်က္မျမင္မ်ားအသင္း(မမသ) မွ ၅ / ၆.၁၀.၂၀၁၈ ရက္တြင္ က်င္းပျပဳလုပ္ခဲ့ သည့္ မမသ၏ ၂/၂၀၁၈ ဗဟိုအမႈေဆာင္အစည္းအေဝး၏ ဆုံးျဖတ္ခ်က္ႏွင့္အညီ စုံစမ္းစစ္ေဆးႏိုင္ရန္ ေကာ္မရွင္တစ္ရပ္ ဖြဲ႔စည္းေဆာင္ရြက္ခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ စုံစမ္းစစ္ေဆးေရးေကာ္မရွင္၏ လုပ္ငန္းေဆာင္ရြက္မႈ အစီရင္ခံစာကို မမသ၏ ၁/၂၀၁၉ ဗဟိုအမႈေဆာင္အဖြဲ႔အစည္းအေဝးသို႔ တင္သြင္းခဲ့ၿပီး ဦးေအာင္ကိုျမင့္၏ ၇.၂.၂၀၁၉ ရက္စြဲပါ “မိမိအေပၚ တိုင္ၾကားမႈအား ဥပေဒႏွင့္အညီ ေျဖရွင္းေဆာင္ရြက္ၿပီးစီးခဲ့ၿပီျဖစ္ေၾကာင္း” ႏွင့္ သက္ဆိုင္ရာက ယင္းတိုင္ၾကားမႈအား ဥပေဒအေၾကာင္းအရ “မွားယြင္းတိုင္ၾကားမႈ” အျဖစ္ ဆုံးျဖတ္၍ စာအမွတ္ ၁/၂၀၁၉ ျဖင့္ အမႈပိတ္သိမ္းခဲ့ၿပီျဖစ္ေၾကာင္း ျမန္မာႏိုင္ငံမ်က္မျမင္မ်ားအသင္း(မမသ)၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ထို႔ျပင္ ျမန္မာႏိုင္ငံမ်က္မျမင္မ်ားအသင္း(မမသ) အေနျဖင့္ အဆိုပါနစ္နာခဲ့သူမ်ားဖက္မွ ရပ္တည္၍ လိုအပ္သလို ဆက္လက္စီစဥ္ေဆာင္ရြက္သြားမည္ျဖစ္ၿပီး ဦးေအာင္ကိုျမင့္သည္လည္း မၾကာမီတြင္ ၎၏ မူလတာဝန္ ဝတၱရားမ်ားကို ျပန္လည္ထမ္းေဆာင္ေတာ့မည္ျဖစ္ေၾကာင္း ထိုထုတ္ျပန္ခ်က္၌ ပါရွိသည္။
“ကြ်န္ေတာ္ကေတာ့ မပိတ္ဘူး။ သူတို႔ဘက္က သူတို႔ဘာသာပိတ္သြားတာပါ။ အဲဒီလိုအမႈ ပိတ္သိမ္းသြားတာဟာ ကြ်န္ေတာ္ဆႏၵလုံးဝမပါခဲ့ပါဘူး။ ဇန္နဝါရီလ ၃၁ ရက္မွာ ပိတ္လိုက္တယ္လို႔ ေျပာတယ္။ ဒါေပမယ့္ ကြ်န္ေတာ္တို႔သိရတာ မမသ(ျမန္မာႏိုင္ငံမ်က္မျမင္မ်ားအသင္း) page မွာ တင္လာမွပဲ သိရတယ္။ သူတို႔တင္ထားတဲ့အထဲမွာ လိုက္ပါကူညီေဆာင္ရြက္ေပးတဲ့လူေတြေရာ၊ သူ႔ကိုတိုင္ၾကားတဲ့သူကိုပါ တည္ဆဲဥပေဒအရ အေရးယူမယ္လို႔ေတာ့ ေတြ႔ရတယ္။ ကြ်န္ေတာ္တို႔ကေတာ့ အမွန္တရားကို ေဖာ္ထုတ္ေပးဖို႔ တိုင္ၾကားရျခင္းျဖစ္ပါတယ္” ဟု စြပ္စြဲသူအမ်ဳိးသမီး၏ ဦးေလးျဖစ္သူ ဦးမာကု က အကုန္သိ သတင္းဌာနသို႔ ေဖေဖာ္ဝါရီလ ၂၂ ရက္တြင္ ေျပာသည္။
လက္ရွိတြင္ အဆိုပါကိစၥကို ေဖေဖာ္ဝါရီလ ၁၅ / ၁၆ ရက္၌ ႏိုင္ငံေတာ္သမၼတ၊ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္၊ အမ်ိဳးသားေကာ္မတီဥကၠ႒ႏွင့္ ဌာနဆိုင္ရာအသီးသီးထံတိုင္ၾကားစာေပးပို႔ခဲ့ေၾကာင္း သိရသည္။

- ႏိုင္မင္းလြင္(အကုန္သိသတင္းဌာန)

 

Unicode version

မျက်မမြင်အမျိုးသမီးအဓမ္မပြုကျင့်ခံရသည်ဆိုကာ အမှုဖွင့်လှစ်ထားခြင်းကို ပိတ်သိမ်းသွားခြင်းမှာ တရားလို၏ ဆန္ဒမပါဟု ဆို 

မြန်မာနိုင်ငံမျက်မမြင်များအသင်းမှ ဥက္ကဋ္ဌဖြစ်သူဦးအောင်ကိုမြင့်က မ---- ၊ (၂၈) နှစ်၊ မျက်မမြင်အသင်းဝင်အား အဓမ္မပြုကျင့်သည်ဆိုကာ အမှုဖွင့်လှစ်ထားသည်ကို သက်ဆိုင်ရာက အမှုပြန်လည်ပိတ်သိမ်းခဲ့သော်လည်း တရားလို၏ ဆန္ဒလုံးဝမပါကြောင်း မ---- ၏ ဦးလေးဖြစ်သူက အကုန်သိသတင်းဌာနသို့ပြောသည်။ 
ဖြစ်စဉ်မှာ မြန်မာနိုင်ငံမျက်မမြင်များအသင်းမှ ဥက္ကဋ္ဌဖြစ်သူဦးအောင်ကိုမြင့်က ၎င်းတို့အသင်းပိုင် YUME EYE  အကြောပြင်အနှိပ်ခန်းတွင် အလုပ်လုပ်နေသော မ------ ၊ (၂၈) နှစ်၊ မျက်မမြင်အသင်းဝင်အား ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ၊ ဧပြီလနှင့် မေလတို့၌ သားမယားအဖြစ် သုံးကြိမ်တိုင်တိုင်ပြုကျင့်ခဲ့သည်ဟုဆိုကာ မ---- ဘက်မှ အလုံမြို့မရဲစခန်းတွင် အောက်တိုဘာလ ၁၀ ရက်က (ပ) ၃၉၀/ ၂၀၁၈၊ တစ်လင်တစ်မယားဥပဒေပုဒ် မ- ၁၃ ဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။ 
အဆိုပါအမှုကို မြန်မာနိုင်ငံမျက်မမြင်များအသင်း(မမသ) မှ ၅ / ၆.၁၀.၂၀၁၈ ရက်တွင် ကျင်းပပြုလုပ်ခဲ့ သည့် မမသ၏ ၂/၂၀၁၈ ဗဟိုအမှုဆောင်အစည်းအဝေး၏ ဆုံးဖြတ်ချက်နှင့်အညီ စုံစမ်းစစ်ဆေးနိုင်ရန် ကော်မရှင်တစ်ရပ် ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့နောက် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို မမသ၏ ၁/၂၀၁၉ ဗဟိုအမှုဆောင်အဖွဲ့အစည်းအဝေးသို့ တင်သွင်းခဲ့ပြီး ဦးအောင်ကိုမြင့်၏ ၇.၂.၂၀၁၉ ရက်စွဲပါ “မိမိအပေါ် တိုင်ကြားမှုအား ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်ကြောင်း” နှင့် သက်ဆိုင်ရာက ယင်းတိုင်ကြားမှုအား ဥပဒေအကြောင်းအရ “မှားယွင်းတိုင်ကြားမှု” အဖြစ် ဆုံးဖြတ်၍ စာအမှတ် ၁/၂၀၁၉ ဖြင့် အမှုပိတ်သိမ်းခဲ့ပြီဖြစ်ကြောင်း မြန်မာနိုင်ငံမျက်မမြင်များအသင်း(မမသ)၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် မြန်မာနိုင်ငံမျက်မမြင်များအသင်း(မမသ) အနေဖြင့် အဆိုပါနစ်နာခဲ့သူများဖက်မှ ရပ်တည်၍ လိုအပ်သလို ဆက်လက်စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဦးအောင်ကိုမြင့်သည်လည်း မကြာမီတွင် ၎င်း၏ မူလတာဝန် ဝတ္တရားများကို ပြန်လည်ထမ်းဆောင်တော့မည်ဖြစ်ကြောင်း ထိုထုတ်ပြန်ချက်၌ ပါရှိသည်။
“ကျွန်တော်ကတော့ မပိတ်ဘူး။ သူတို့ဘက်က သူတို့ဘာသာပိတ်သွားတာပါ။ အဲဒီလိုအမှု ပိတ်သိမ်းသွားတာဟာ ကျွန်တော်ဆန္ဒလုံးဝမပါခဲ့ပါဘူး။ ဇန်နဝါရီလ ၃၁ ရက်မှာ ပိတ်လိုက်တယ်လို့ ပြောတယ်။ ဒါပေမယ့် ကျွန်တော်တို့သိရတာ မမသ(မြန်မာနိုင်ငံမျက်မမြင်များအသင်း) page မှာ တင်လာမှပဲ သိရတယ်။ သူတို့တင်ထားတဲ့အထဲမှာ လိုက်ပါကူညီဆောင်ရွက်ပေးတဲ့လူတွေရော၊ သူ့ကိုတိုင်ကြားတဲ့သူကိုပါ တည်ဆဲဥပဒေအရ အရေးယူမယ်လို့တော့ တွေ့ရတယ်။ ကျွန်တော်တို့ကတော့ အမှန်တရားကို ဖော်ထုတ်ပေးဖို့ တိုင်ကြားရခြင်းဖြစ်ပါတယ်” ဟု စွပ်စွဲသူအမျိုးသမီး၏ ဦးလေးဖြစ်သူ ဦးမာကု က အကုန်သိ သတင်းဌာနသို့ ဖေဖော်ဝါရီလ ၂၂ ရက်တွင် ပြောသည်။
လက်ရှိတွင် အဆိုပါကိစ္စကို ဖေဖော်ဝါရီလ ၁၅ / ၁၆ ရက်၌ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ အမျိုးသားကော်မတီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာအသီးသီးထံတိုင်ကြားစာပေးပို့ခဲ့ကြောင်း သိရသည်။

- နိုင်မင်းလွင်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။