Skip to main content
Line Walker 2 ဇာတ္ကားရုိက္ကြင္းသြားဖို ့ဇာတ္ကားရုိက္ကူးမႈနားထားတဲ့ ေနထူးႏုိင္
Ads Block

Line Walker 2 ဇာတ္ကားရုိက္ကြင္းသြားဖို ့ဇာတ္ကားရုိက္ကူးမႈနားထားတဲ့ ေနထူးႏုိင္

အက္ရွင္ဇာတ္ကားေတြကိုသာ ပိုမို ရုိက္ကူးျဖစ္တဲ့ အက္ရွင္မင္းသားသရုပ္ေဆာင္ေနထူးႏိုင္က ေဟာင္ေကာင္ကေန ျမန္မာျပည္မွာ လာေရာက္ရိုက္ကူးေနတဲ့ Line Walker 2 ရုပ္ရွင္ဇာတ္ကားရိုက္ကြင္းကို သြားေရာက္ေလ့လာဖို႕အတြက္ အခုလက္ရွိရုိက္ေနတဲ့ ဇာတ္ကားေတြကိုပါ နားထားျဖစ္တယ္လို ့ေျပာလာပါတယ္။
Line Walker 2 ရုပ္ရွင္ဇာတ္ကား ရုိက္ကြင္းပုံရိပ္ေတြကိုလာေရာက္ေလ့လာျဖစ္တာနဲ႔ ပတ္သက္ၿပီး သရုပ္ေဆာင္ေနထူးႏိုင္က 
“ေလာေလာဆယ္ျမန္မာျပည္မွာ ဒီလုိႏိုင္ငံတကာ ေဟာလိဝုဒ္ကေတာင္ လက္ခံတဲ့ Shaw  Brothers ကုမၸဏီက လာရိုက္တာဆိုေတာ့့ ဒီကုမၸဏီကထြက္တဲ့ကားေတြက ကြ်န္ေတာ္ငယ္ငယ္ကႀကိဳက္ခဲ့တဲ့ ကားေတြပါ။ သူတို႔လာရိုက္တဲ့အခ်ိန္မွာ ကိုယ္ကလည္းမအားတဲ့အခ်ိန္ ဇာတ္ကားရိုက္ေနတာနဲ႔လည္း တိုက္ဆိုင္ေတာ့ ဇာတ္ကားရိုက္ကူးေရးကို ခဏနားထားၿပီး ဒီရိုက္ကြင္းကို ေန႕တိုင္း လာေလ့လာ ျဖစ္တာေပါ့။ ေသခ်ာတာ တစ္ခုကေတာ့ ကြ်န္ေတာ့္သမိုင္း တစ္ေလွ်ာက္မွာ ဇာတ္ကားအေကာင္းဆံုး အက္ရွင္ကားတစ္ကားေတာ့ ရိုက္ျပသြားမွာပါ။ အခုကြ်န္ေတာ္ သူတို႔ေတြရဲ႕လုပ္ပုံလုပ္နည္းစနစ္ေတြကို ေလ့လာရတယ္။ လက္ရွိမွာေတာ့ ကိုယ္ေတြရဲ႕ ဇာတ္ကားကေတာ့ ႏိုင္ငံတကာေစ်းကြက္ မရွိေသးဘူး။ ဘက္ဂ်က္လည္း မတတ္ႏိုင္ေသးဘူး။ ကြ်န္ေတာ္တို႔အမ်ားႀကီး ႀကိဳးစားရအုံးမွာေပါ့ေနာ္။” လုိ႔ သရုပ္ေဆာင္ေနထူးႏိုင္က အခုလိုေျပာျပပါတယ္။
ယခုလို ျပည္ပမွ ဇာတ္ကားလာရုိက္တဲ့အတြက္ ျမန္မာသရုပ္ေဆာင္မ်ားကလည္း ယခုလိုရုိက္ခြင့္ရဖို႕အတြက္ စည္းစနစ္တက် သက္ဆိုင္ရာလူႀကီးေတြထဲ ခြင့္ေတာင္းပါက ရုိက္ကူးလို႕ရတယ္လို႕လည္း ေနထူးႏုိင္ က သူ႔ရဲဲ႕အျမင္ကိုေျပာပါတယ္။
ႏိုင္ငံျခားကလာ ရိုက္တာေတြကိုက်ေတာ့လုပ္ေပးၿပီး ျမန္မာေတြက်ေတာ့ အဲလိုမ်ိုဳးေပးမလုပ္ဘူး ဆိုတဲ့ ေဝဖန္မႈေတြနဲ႔ပတ္သက္ၿပီး အကုန္သိသတင္းဌာနရဲ႕ ေမးျမန္းမႈမွာ အက္ရွင္မင္းသား သရုပ္ေဆာင္ေနထူးႏိုင္က သူ႔အျမင္ကိုေျပာျပခဲ့ပါတယ္။ 
လက္ရွိမွာေတာ့ သရုပ္ေဆာင္ေနထူးႏုိင္က Line Walker 2 ဇာတ္ကား ရုိက္ကူးၿပီးသည့္အထိ ဇာတ္ကားရိုက္ကူးမႈေတြရပ္နားထားမွာျဖစ္ၿပီး ပရိသတ္အတြက္ အက္ရွင္ဇာတ္ကားေကာင္းေကာင္းတစ္ကားရုိက္ကူးဖို႕ စီစဥ္ေနတယ္လို႕ သိရပါတယ္။

- ခေရဖူး(အကုန္သိသတင္းဌာန)

 

Unicode version

Line Walker 2 ဇာတ်ကားရိုက်ကွင်းသွားဖို့ဇာတ်ကားရိုက်ကူးမှုနားထားတဲ့ နေထူးနိုင်

အက်ရှင်ဇာတ်ကားတွေကိုသာ ပိုမို ရိုက်ကူးဖြစ်တဲ့ အက်ရှင်မင်းသားသရုပ်ဆောင်နေထူးနိုင်က ဟောင်ကောင်ကနေ မြန်မာပြည်မှာ လာရောက်ရိုက်ကူးနေတဲ့ Line Walker 2 ရုပ်ရှင်ဇာတ်ကားရိုက်ကွင်းကို သွားရောက်လေ့လာဖို့အတွက် အခုလက်ရှိရိုက်နေတဲ့ ဇာတ်ကားတွေကိုပါ နားထားဖြစ်တယ်လို့ပြောလာပါတယ်။
Line Walker 2 ရုပ်ရှင်ဇာတ်ကား ရိုက်ကွင်းပုံရိပ်တွေကိုလာရောက်လေ့လာဖြစ်တာနဲ့ ပတ်သက်ပြီး သရုပ်ဆောင်နေထူးနိုင်က 
“လောလောဆယ်မြန်မာပြည်မှာ ဒီလိုနိုင်ငံတကာ ဟောလိဝုဒ်ကတောင် လက်ခံတဲ့ Shaw  Brothers ကုမ္ပဏီက လာရိုက်တာဆိုတော့ ဒီကုမ္ပဏီကထွက်တဲ့ကားတွေက ကျွန်တော်ငယ်ငယ်ကကြိုက်ခဲ့တဲ့ ကားတွေပါ။ သူတို့လာရိုက်တဲ့အချိန်မှာ ကိုယ်ကလည်းမအားတဲ့အချိန် ဇာတ်ကားရိုက်နေတာနဲ့လည်း တိုက်ဆိုင်တော့ ဇာတ်ကားရိုက်ကူးရေးကို ခဏနားထားပြီး ဒီရိုက်ကွင်းကို နေ့တိုင်း လာလေ့လာ ဖြစ်တာပေါ့။ သေချာတာ တစ်ခုကတော့ ကျွန်တော့်သမိုင်း တစ်လျှောက်မှာ ဇာတ်ကားအကောင်းဆုံး အက်ရှင်ကားတစ်ကားတော့ ရိုက်ပြသွားမှာပါ။ အခုကျွန်တော် သူတို့တွေရဲ့လုပ်ပုံလုပ်နည်းစနစ်တွေကို လေ့လာရတယ်။ လက်ရှိမှာတော့ ကိုယ်တွေရဲ့ ဇာတ်ကားကတော့ နိုင်ငံတကာဈေးကွက် မရှိသေးဘူး။ ဘက်ဂျက်လည်း မတတ်နိုင်သေးဘူး။ ကျွန်တော်တို့အများကြီး ကြိုးစားရအုံးမှာပေါ့နော်။” လို့ သရုပ်ဆောင်နေထူးနိုင်က အခုလိုပြောပြပါတယ်။
ယခုလို ပြည်ပမှ ဇာတ်ကားလာရိုက်တဲ့အတွက် မြန်မာသရုပ်ဆောင်များကလည်း ယခုလိုရိုက်ခွင့်ရဖို့အတွက် စည်းစနစ်တကျ သက်ဆိုင်ရာလူကြီးတွေထဲ ခွင့်တောင်းပါက ရိုက်ကူးလို့ရတယ်လို့လည်း နေထူးနိုင် က သူ့ရဲ့အမြင်ကိုပြောပါတယ်။
နိုင်ငံခြားကလာ ရိုက်တာတွေကိုကျတော့လုပ်ပေးပြီး မြန်မာတွေကျတော့ အဲလိုမျိုုးပေးမလုပ်ဘူး ဆိုတဲ့ ဝေဖန်မှုတွေနဲ့ပတ်သက်ပြီး အကုန်သိသတင်းဌာနရဲ့ မေးမြန်းမှုမှာ အက်ရှင်မင်းသား သရုပ်ဆောင်နေထူးနိုင်က သူ့အမြင်ကိုပြောပြခဲ့ပါတယ်။ 
လက်ရှိမှာတော့ သရုပ်ဆောင်နေထူးနိုင်က Line Walker 2 ဇာတ်ကား ရိုက်ကူးပြီးသည့်အထိ ဇာတ်ကားရိုက်ကူးမှုတွေရပ်နားထားမှာဖြစ်ပြီး ပရိသတ်အတွက် အက်ရှင်ဇာတ်ကားကောင်းကောင်းတစ်ကားရိုက်ကူးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

- ခရေဖူး(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။