Skip to main content
က်ပ္သိန္း ၉၀၀ ေက်ာ္တန္ဖိုးရွိ ဘိန္းျဖဴမ်ား ကားအတြင္း၀ွက္၍ သယ္ေဆာင္လာသူကို ဖမ္းမိ
Ads Block

က်ပ္သိန္း ၉၀၀ ေက်ာ္တန္ဖိုးရွိ ဘိန္းျဖဴမ်ား ကားအတြင္း၀ွက္၍ သယ္ေဆာင္လာသူကို ဖမ္းမိ

ကခ်င္ျပည္နယ္၊ မိုးေမာက္ၿမိဳ႕နယ္တြင္ ေငြက်ပ္သိန္း ၉၀၀ ေက်ာ္တန္ဖိုးရွိ ဘိန္းျဖဴမ်ားကို ကားအတြင္း၀ွက္၍ သယ္ေဆာင္လာေသာယာဥ္ေမာင္းတစ္ဦးကို ဖမ္းဆီးရမိခဲ့ေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရသည္။ 
ျဖစ္စဥ္မွာ ယမန္ေန႔(ေဖေဖာ္၀ါရီလ ၂၀ ရက္)၊ ညေန ၆ နာရီခန္႔တြင္ မိုးေမာက္ၿမိဳ႕နယ္၊ ေက်ာက္စခန္း ပူးေပါင္းစစ္ေဆးေရးဂိတ္၌ မူးယစ္ေဆး၀ါးႏွိမ္နင္းေရးတပ္ဖြဲ႔၀င္မ်ားက စစ္ေဆးေရး၀င္ေနၾကစဥ္ မသကၤာဖြယ္ရာ Honda Civic အမ်ိဳးအစားအျဖဴေရာင္ယာဥ္တစ္စီးကိုတားဆီးစစ္ေဆးခဲ့ေၾကာင္း သိရသည္။ 
ယင္းသို႔စစ္ေဆးရာ အင္ေယာ္ေနာ္ရိန္၊ ၂၃ ႏွစ္ေမာင္းႏွင္လာေသာ အဆိုပါကား၏အေနာက္ဘက္ ဘန္ပါအတြင္း၌အံ၀ွက္ျပဳလုပ္၍ သို၀ွက္သယ္ေဆာင္လာေသာ Love is flower စာတမ္းပါ အေလးခ်ိန္ (၁၁)ဂရမ္ရွိ ျဖဴ/၀ါေရာင္ဘိန္းျဖဴဆပ္ျပာခြက္ ၈၃ ခြက္၊ လက္ကိုင္ဖုန္း၊ တရုတ္-ျမန္မာနယ္စပ္သို႔ ျဖတ္သန္း သြားလာခြင့္ကတ္ျပား စသည္တို႔ကို ရွာေဖြသိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။
ေတြ႔ရွိရသည့္ ဘိန္းျဖဴမ်ား၏တန္ဖိုးမွာ ၉၁၃,၀၀၀,၀၀ က်ပ္ျဖစ္ၿပီး ကခ်င္အမ်ိဳးသားတစ္ဦးထံမွ ေငြက်ပ္ ၁၀ သိန္း ရယူကာ ျမစ္ႀကီးနားၿမိဳ႕သို႔ပို႔ေဆာင္ေပးျခင္းျဖစ္ေၾကာင္း စစ္ေဆးသိရွိခဲ့သည္။ 
ထို႔ေၾကာင့္ အမႈႏွင့္ပတ္သက္၍ ယာဥ္ေမာင္း အင္ေယာ္ေနာ္ရိန္ကို မိုးေမာက္ၿမိဳ႕မရဲစခန္း၌ မူး/စိတ္ပုဒ္မ-၁၉(က)ျဖင့္ အမႈဖြင့္ကာ ေနာက္ဆက္တြဲကိုစံုစမ္းေနေၾကာင္း သတင္းရရွိသည္။

- ဒါးဇ(အကုန္သိ သတင္းဌာန)

Unicode version

ကျပ်သိန်း ၉၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ကားအတွင်းဝှက်၍ သယ်ဆောင်လာသူကို ဖမ်းမိ
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တွင် ငွေကျပ်သိန်း ၉၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများကို ကားအတွင်းဝှက်၍ သယ်ဆောင်လာသောယာဉ်မောင်းတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 
ဖြစ်စဉ်မှာ ယမန်နေ့(ဖေဖော်ဝါရီလ ၂၀ ရက်)၊ ညနေ ၆ နာရီခန့်တွင် မိုးမောက်မြို့နယ်၊ ကျောက်စခန်း ပူးပေါင်းစစ်ဆေးရေးဂိတ်၌ မူးယစ်ဆေးဝါးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များက စစ်ဆေးရေးဝင်နေကြစဉ် မသင်္ကာဖွယ်ရာ Honda Civic အမျိုးအစားအဖြူရောင်ယာဉ်တစ်စီးကိုတားဆီးစစ်ဆေးခဲ့ကြောင်း သိရသည်။ 
ယင်းသို့စစ်ဆေးရာ အင်ယော်နော်ရိန်၊ ၂၃ နှစ်မောင်းနှင်လာသော အဆိုပါကား၏အနောက်ဘက် ဘန်ပါအတွင်း၌အံဝှက်ပြုလုပ်၍ သိုဝှက်သယ်ဆောင်လာသော Love is flower စာတမ်းပါ အလေးချိန် (၁၁)ဂရမ်ရှိ ဖြူ/ဝါရောင်ဘိန်းဖြူဆပ်ပြာခွက် ၈၃ ခွက်၊ လက်ကိုင်ဖုန်း၊ တရုတ်-မြန်မာနယ်စပ်သို့ ဖြတ်သန်း သွားလာခွင့်ကတ်ပြား စသည်တို့ကို ရှာဖွေသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
တွေ့ရှိရသည့် ဘိန်းဖြူများ၏တန်ဖိုးမှာ ၉၁၃,၀၀၀,၀၀ ကျပ်ဖြစ်ပြီး ကချင်အမျိုးသားတစ်ဦးထံမှ ငွေကျပ် ၁၀ သိန်း ရယူကာ မြစ်ကြီးနားမြို့သို့ပို့ဆောင်ပေးခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိခဲ့သည်။ 
ထို့ကြောင့် အမှုနှင့်ပတ်သက်၍ ယာဉ်မောင်း အင်ယော်နော်ရိန်ကို မိုးမောက်မြို့မရဲစခန်း၌ မူး/စိတ်ပုဒ်မ-၁၉(က)ဖြင့် အမှုဖွင့်ကာ နောက်ဆက်တွဲကိုစုံစမ်းနေကြောင်း သတင်းရရှိသည်။

- ဒါးဇ(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။