Skip to main content
Ads Block
အနုပညာပျိုးခင်း ရဲ့ စင်တင်မင်းသမီးတစ်ဦး ဖြစ်တဲ့ အိချောပို က ပရိသတ် အခိုင်အမာ ရရှိထားသူတစ်ဦး ဖြစ်ပြီး ယခုနှစ်မှာ သူမပါဝင်ထားတဲ့  ဇာတ်ကားတွေများခဲ့ပေမယ့် ဒုတိယ အဆင့် ကြည့်ရှူမယ့် စာရင်းထဲမှာ မပါဝင်တဲ့အတွက် သူမရော သူမပရိသတ်တွေရော စိတ်မကောင်းဖြစ်နေကြတယ်လို့လည်းသိရပါတယ်။
Unicode version
အကယ်ဒမီစာရင်းဝင် ၂၅ ကားထဲမှာ တစ်ကားမှ မပါဝင်တဲ့အကြောင်းကိုပြောပြလာတဲ့ အိချောပို 
အိချောပိုက ၂၀၁၈ အကယ်ဒမီဆုပေးပွဲမှာဒုတိယအဆင့် ဆက်လက်ကြည့်ရှူ ဖို့ ရွေးချယ်ထားတဲ့ ဇာတ်ကား၂၅ ကားမှာ  သူမ သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေ တစ်ကားမှ မပါတော့တာ ကတော့ ကိုယ်တိုင်လိုအပ်ချက်ရှိနေလို့ ပါလို့ ပြောလာပါတယ်။
မတ်လ၂၃ ရက်နေ့မှာ ကျင်းပမယ့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးအပ်ပွဲမှာ ၂၀၁၈ ခုနစ်အတွင်း ရုံတင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားပေါင်း ၈၃ ရှိပေမယ့် ဒုတိယအဆင့် ကြည့်ရှုရမယ့် ရုပ်ရှင်ဇာတ်ကား၂၅ကား ကို အကဲဖြတ်အဖွဲ့ က ရွေးချယ်ခဲ့ပြီး အိချောပို ပါဝင်တဲ့ ဇာတ်ကားတစ်ကားမှမပါတော့တဲ့အကြောင်းကို အခုလို ပြောပြလာပါတယ်။
 “အိချောတို့က ကိုယ်ရတဲ့လုပ်ပိုင်ခွင့်နေရာမှာတော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားထားတယ်။ အဲ့အတွက်လည်း ပရိသတ်တွေက ရင်ခုန်ကြတာပေါ့နော်။ ဒါပေမယ့် အိချောတို့က လိုအပ်ချက်တွေရှိနေလို့ မပါဘူး ပြုတ်သွားတယ်လို့ပဲ သတ်မှတ်ရမှာပေါ့နော်။ အကယ်ဒမီ ဆုပေးပွဲကတော့ တက်မှာပါ။ ကိုယ့်ဇာတ်ကားပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ကိုယ်အနုပညာသမားတွေကို အားပေးမယ်လေ။ တက်ရမှာပေါ့။ အားလုံးအတွက် ရင်ခုန်ပေးတယ်။ အားလုံးရစေချင်တယ်။ ဘာလို့လဲဆိုတော့ အားလုံးက ပေါ့ပေါးသေးသေးကြိုးစားထားတာမဟုတ်ဘူး။ ပင်ပန်းခံပြီးကြိုးစားထားကြတယ်။ အိချောလည်း အိချောရတဲ့ အခန်းလေးမှာ အကောင်းဆုံးဖြစ်အောင်ကြိုးစားထားတာပဲလေ။ အားလုံးကို ရစေချင်ပါတယ်။” လို့ အိချောပို က ဆိုပါတယ်။
အနုပညာပျိုးခင်း ရဲ့ စင်တင်မင်းသမီးတစ်ဥးီ ဖြစ်တဲ့ အိချောပို က ပရိသတ် အခိုင်အမာ ရရှိထားသူတစ်ဦး ဖြစ်ပြီး ယခုနှစ်မှာ သူမပါဝင်ထားတဲ့  ဇာတ်ကားတွေများခဲ့ပေမယ့် ဒုတိယ အဆင့် ကြည့်ရှူမယ့် စာရင်းထဲမှာ မပါဝင်တဲ့အတွက် သူမရော သူမပရိသတ်တွေရော စိတ်မကောင်းဖြစ်နေကြတယ်လို့လည်းသိရပါတယ်။
- မျိုးကေခိုင် (အကုန်သိသတင်းဌာန)
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။