Skip to main content
Ads Block



 




 





Unicode version

မင်္ဂလာပွဲလုပ်ဖြစ်ရင် အလှူအတန်းပဲလုပ်ဖြစ်မယ် လို့ပြောလာတဲ့ အဆိုတော် ဝိုင်းစုခိုင်သိန်း

အောင်လနဲ့ ချစ်သူတွေဖြစ်ပြီး ပျော်ရွှင်သာယာတဲ့ ခရီးလမ်း ကိ ုဆက်လက်လျှောက်လှမ်းနေတဲ့ ဝိုင်းစုခိုင်သိန်း က မင်္ဂလာပွဲလုပ်ဖြစ်ရင်တော့ အလှူအတန်းပွဲလောက်ပဲလုပ်ဖြစ်မယ်လို့ပြောလာပါတယ်။
နှစ်ဦးသားလက်တွဲလာတာလည်းကြာမြင့်ပြီဖြစ်တဲ့အတွက် ဘဝတစ်ခု တည်ထောင်ဖို့ စီစဉ်နေကြပြီ ဖြစ်တဲ့အကြောင်းကို ဝိုင်းစုခိုင်သိန်း က “မင်္ဂလာပွဲလုပ် ဖြစ်ရင် လည်း ပွဲအကြီးကြီးရယ်တော့ မဟုတ်ဘူး။ အဓိက ကအလှူအတန်းပဲ လုပ်ဖြစ်မယ် ဝိုင်းစုတို့ အတွက် ပွဲကြီးကနားကြီးတွေမလိုအပ်ဘူး။ အဓိက ကအလှူအတန်းလုပ်မယ် ဝိုင်းစု လုပ်ချင်တဲ့ ပလန်လေးတွေရှိပါတယ်။ အဓိက ကလုပ်ချင်တဲ့ ပလန်လေးတွေ ရှိတယ် အချိန်ရှိတယ် အဲဒါလေးတွေ အားလုံးဖြစ်ရင်လုပ်မယ်” ဆိုပြီးတော့ ပြောပါတယ်။ 
လက်ရှိမှာတော့ သူမက အိမ်အပြောင်းအရွှေ့ကြောင့် အနုပညာအလုပ်တွေ လုပ်တာနည်းနေပြီး စတူဒီယိုခန်းကို လည်းထည့်သွင်းတည်ဆောက်ထားတယ်လို့ပြောပါတယ်။ 
အဆိုတော်အောင်လနဲ့ ဝိုင်းစုခိုင်သိန်း တို့ က နှစ်ဦးသား တကယ်ချစ်လို့ သာ လက်တွဲဖြစ်တဲအကြောင်းနဲ့ ပတ်သက်ပြီးတော့လည်း “အဓိက ကဝိုင်းစုတို့က ဟန်ဆောင်နေတာမဟုတ်ဘူး။ ပေါ်ပင်လုပ်နေတာလဲ မဟုတ်ဘူး။ တစ်ယောက်နဲ့ တစ်ယောက် တကယ်ချစ်လို့ တွဲကြတဲ့ အပေါ်မှာနောက်ပိုင်းကြတော့ နားလည်သွားတယ်။ ဟုတ်တယ် မဟုတ်ဘူးဆိုတာကို အားလုံးက ဆုံးဖြတ်ပေး ကြတယ်ပေါ့နော်။ အဲဒီအတွက်လည်း အားလုံးကို ကျေးဇူးတင်ပါတယ်။” ဆိုပြီးတော့ ပြောပြခဲ့ပါတယ်။
ဝိုင်းစုခိုင်သိန်းက လက်ရှိမှာတော့ အဆိုပိုင်းကိုပဲ ဦးစားပေးနေပြီးတော့ ရုပ်ရှင်မရိုက် တာလဲ ကြာနေပြီဆိုပေမယ့် ဇာတ်ကား ရိုက်ကူးဖို့တော့မရှိတော့ဘူးလို့ သိရပါတယ်။
- သိမ့်အေးချမ်း(အကုန်သိ သတင်းဌာန) 


 

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။