Skip to main content
တရုတ္ခရီးသြားမ်ား ေလယာဥ္စင္းလံုးျပည့္ လာေရာက္မႈ ႐ွိေသာ္လည္း ျမန္မာႏိုင္ငံဘက္မွ ေဒၚလာ ၅၀ သာရ႐ွိဟုဆို
Ads Block

တရုတ္ခရီးသြားမ်ား ေလယာဥ္စင္းလံုးျပည့္ လာေရာက္မႈ ႐ွိေသာ္လည္း ျမန္မာႏိုင္ငံဘက္မွ ေဒၚလာ ၅၀ သာရ႐ွိဟုဆို

တ႐ုတ္ခရီးသြားဧည့္သည္မ်ားကို ဆိုက္ေရာက္ဗီဇာေပးၿပီး ေနာက္ပိုင္းတြင္ ေလယာဥ္စင္းလံုးျပည့္ျဖင့္ လာေရာက္မႈ႐ွိေနေသာ္လည္း ျမန္မာႏိုင္ငံဘက္မွ ခရီးသြားတစ္ဦးလွ်င္ ေဒၚလာ ၅၀ သာရ႐ွိေၾကာင္း ျမန္မာႏိုင္ငံခရီးသြားလုပ္ငန္း႐ွင္မ်ားအသင္းမွ သိရသည္။
တ႐ုတ္ႏိုင္ငံမွ လာေရာက္သည့္ ဧည့္သည္အမ်ားစုသည္ Zero ေဒၚလာ (ခရီးစရိတ္ၿငိမ္း) ျဖင့္ လာေရာက္ၾကသည့္အတြက္ ျမန္မာႏိုင္ငံဘက္မွ ဗီဇာေၾကး ေဒၚလာ ၅၀ သာရ႐ွိသည့္အတြက္ တိုင္းျပည္ဝင္ေငြကို ထိခိုက္မႈ႐ွိေၾကာင္း သိရသည္။ 
အဆိုပါ တ႐ုတ္ခရီးသြားမ်ားကို ခရီးသြား ဥပေဒအရ ထိန္းခ်ဳပ္ရန္ စီဥ္ထားၿပီး လက္႐ွိတြင္ ထိန္းသိမ္း၍မရႏိုင္ေသးေၾကာင္း သိရသည္။
"တ႐ုတ္ခရီးသြားေတြက ထိန္းမရသိမ္းမရ ျဖစ္ေနၿပီ။ ကိုရီးယားေတြကို အဲဒီလိုမျဖစ္ေအာင္ လုပ္ရမယ္။ ခ်က္ခ်င္း တိုင္ၾကားႏိုင္ရမယ္။ ဒါမ်ိဳးေတြကို ထိန္းခ်ဳပ္ဖို႔အတြက္ တိက်တဲ့ ခရီးသြား ဥပေဒလည္း ထြက္လာၿပီ။ ဒါကိုပိုၿပီး ထိေရာက္ဖို႔အတြက္ နည္းဥပေဒ ကို ေရးဆြဲေနတယ္။ တ႐ုတ္ေတြကိုသာ ဗီဇာ free ေပးလိုက္ရင္ ျမန္မာႏိုင္ငံဟာ တ႐ုတ္တန္းျဖစ္သြားမယ္။ ေရႊျပည္သာတို႔ လိႈငသာယာတို႔မွာ ျမန္မာကို သြားၾကည့္ရလိမ့္မယ္။ မႏၱေလးဆို အဲဒီလို ျဖစ္ေနၿပီ။ ပိုက္ဆံက ဟိုဘက္အိတ္ ဒီဘက္အိတ္ ဝင္ေနတာ။ ဗဟိုဘဏ္ကလည္း အခု ေၾကညာခ်က္ထုတ္ထားတယ္ဆိုေတာ့ ေနာက္ပိုင္းအဆင္ေျပမယ္လို႔ ထင္ပါတယ္"ဟု ျမန္မာႏိုင္ငံ ခရီး သြားလုပ္ငန္း႐ွင္မ်ားအသင္းမွ ဥကၠ႒ ဦးသက္လြင္တိုးက ေျပာသည္။
အေနာက္ႏိုင္ငံမွ ခရီးသြားဧည့္သည္ဝင္ေရာက္မႈ က်ဆင္းလာသည့္အတြက္ ခရီးသြားက႑ကို Promote လုပ္သည့္အေနျဖင့္ အေ႐ွ႕အာရွႏိုင္ငံမ်ားကို ဗီဇာေျဖေလ်ွာ့ေပးခဲ့ၿပီး လက္႐ွိတြင္လည္း ျမန္မာႏိုင္ငံအတြက္ အလားအလာ႐ွိမည့္ ႏိုင္ငံအခ်ိဳ႕ကို ဗီဇာေျဖ ေလ်ွာ့ေပးရန္ ဟိုတယ္ႏွင့္ ခရီးသြားဝန္ႀကီးဌာနအပါအဝင္ ဆက္စပ္ဝန္ႀကီးဌာနမ်ား ပူးေပါင္း၍ ေဆြးေႏြးညႇိႏႈိင္းမ်ား ျပဳလုပ္ေနၿပီ ျဖစ္ေၾကာင္း သိရသည္။

- စုသက္ႏွင္း (အကုန္သိ သတင္းဌာန)


Unicode version

တရုတ်ခရီးသွားများ လေယာဉ်စင်းလုံးပြည့် လာရောက်မှု ရှိသော်လည်း မြန်မာနိုင်ငံဘက်မှ ဒေါ်လာ ၅၀ သာရရှိဟုဆို
တရုတ်ခရီးသွားဧည့်သည်များကို ဆိုက်ရောက်ဗီဇာပေးပြီး နောက်ပိုင်းတွင် လေယာဉ်စင်းလုံးပြည့်ဖြင့် လာရောက်မှုရှိနေသော်လည်း မြန်မာနိုင်ငံဘက်မှ ခရီးသွားတစ်ဦးလျှင် ဒေါ်လာ ၅၀ သာရရှိကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရသည်။
တရုတ်နိုင်ငံမှ လာရောက်သည့် ဧည့်သည်အများစုသည် Zero ဒေါ်လာ (ခရီးစရိတ်ငြိမ်း) ဖြင့် လာရောက်ကြသည့်အတွက် မြန်မာနိုင်ငံဘက်မှ ဗီဇာကြေး ဒေါ်လာ ၅၀ သာရရှိသည့်အတွက် တိုင်းပြည်ဝင်ငွေကို ထိခိုက်မှုရှိကြောင်း သိရသည်။ 
အဆိုပါ တရုတ်ခရီးသွားများကို ခရီးသွား ဥပဒေအရ ထိန်းချုပ်ရန် စီဉ်ထားပြီး လက်ရှိတွင် ထိန်းသိမ်း၍မရနိုင်သေးကြောင်း သိရသည်။
"တရုတ်ခရီးသွားတွေက ထိန်းမရသိမ်းမရ ဖြစ်နေပြီ။ ကိုရီးယားတွေကို အဲဒီလိုမဖြစ်အောင် လုပ်ရမယ်။ ချက်ချင်း တိုင်ကြားနိုင်ရမယ်။ ဒါမျိုးတွေကို ထိန်းချုပ်ဖို့အတွက် တိကျတဲ့ ခရီးသွား ဥပဒေလည်း ထွက်လာပြီ။ ဒါကိုပိုပြီး ထိရောက်ဖို့အတွက် နည်းဥပဒေ ကို ရေးဆွဲနေတယ်။ တရုတ်တွေကိုသာ ဗီဇာ free ပေးလိုက်ရင် မြန်မာနိုင်ငံဟာ တရုတ်တန်းဖြစ်သွားမယ်။ ရွှေပြည်သာတို့ လှိုငသာယာတို့မှာ မြန်မာကို သွားကြည့်ရလိမ့်မယ်။ မန္တလေးဆို အဲဒီလို ဖြစ်နေပြီ။ ပိုက်ဆံက ဟိုဘက်အိတ် ဒီဘက်အိတ် ဝင်နေတာ။ ဗဟိုဘဏ်ကလည်း အခု ကြေညာချက်ထုတ်ထားတယ်ဆိုတော့ နောက်ပိုင်းအဆင်ပြေမယ်လို့ ထင်ပါတယ်"ဟု မြန်မာနိုင်ငံ ခရီး သွားလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးသက်လွင်တိုးက ပြောသည်။
အနောက်နိုင်ငံမှ ခရီးသွားဧည့်သည်ဝင်ရောက်မှု ကျဆင်းလာသည့်အတွက် ခရီးသွားကဏ္ဍကို Promote လုပ်သည့်အနေဖြင့် အရှေ့အာရှနိုင်ငံများကို ဗီဇာဖြေလျှော့ပေးခဲ့ပြီး လက်ရှိတွင်လည်း မြန်မာနိုင်ငံအတွက် အလားအလာရှိမည့် နိုင်ငံအချို့ကို ဗီဇာဖြေ လျှော့ပေးရန် ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာနအပါအဝင် ဆက်စပ်ဝန်ကြီးဌာနများ ပူးပေါင်း၍ ဆွေးနွေးညှိနှိုင်းများ ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။

- စုသက်နှင်း (အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။