Skip to main content
Ads Block




Unicode version

၂၀၁၈ ခုနှစ် ရုပ်ရှင်ထူးချွန်ဆုအတွက် ဒုတိယအဆင့် ဇာတ်ကား ၂၅ ကား ရွေးချယ်ပြီး

၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီစာရင်းဝင် ဇာတ်ကား ၈၃ ကားထဲမှ ဒုတိယအဆင့် ဆက်လက်ကြည့်ရှုရန် ရုပ်ရှင်ဇာတ်ကား၂၅ ကားကို ရွေးချယ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
ယခုနှစ်တွင်  ဒါရိုက်တာ ဝိုင်း၏ ဇာတ်ကားများ အများဆုံး ရွေးချယ်ခံခဲ့ရပြီး သမ္မတကြီးထံပေးစာ၊ သတို့သမီး၊ ကာဗွန်ဒိုင်အောက်ဆိုက်၊ ရွှေကြာ ဇာတ်ကားများ ဖြစ်ကြောင်း သိရသည်။
ဒုတိယအဆင့် ရွေးချယ်ခံရသည့် ဇာတ်ကားများထဲတွင်  ရုပ်ရှင် နှစ်တစ်ရာအတွင်း ဝင်ငွေစံချိန်တင် ဇာတ်ကားတစ်ကားဖြစ်သည့် မုန်းစွဲ ဇာတ်ကားအပြင် ယခုနှစ် ပရိသတ် အားပေးမှုများခဲ့သည့် ဒါရိုက်တာ ခရစ္စတီးနားခီ ရိုက်ကူးထားသည့် ဥပါဉ်တံမျဉ် ၊မုန္ဒြာခေါ်သံ ဇာတ်ကား နှစ်ကား လည်း ပါဝင်ကြောင်း သိရသည်။
ထို့အပြင် မိုးပန်းပွင့်တို့ရဲ့ သင်္ကေတ၊ လရောင်ဖြာတဲ့ အင်းလေးမှာ၊ မှော်ဝင်သမန်းကျား၊ ငါ့ကိုနမ်းတဲ့ မုန်တိုင်း၊ ရန်သူ၊ ကိုယ်စောင့်နတ်၊ ဥပါဒါန်၊ ငယ်ကျွန်၊ ဝိညာဉ်စိမ်း၊ ဒုဋ္ဌဝတီကိုလွန်၍၊ ပြည်ထောင်စုသစ္စာ၊ ဇာတိမြေ၊ တိမ်တိုက်တံတား၊ မီ၊ မျက်နှာပြင်များ၊ ငဒူ၊ ကြတ်ဂူ၊ နောင်တွင် ဥဒါန်းတည်စေသတည်း၊ လရောင်ဖြာတဲ့ အင်းလေးမှာ စသည့် ဇာတ်ကားများကို ဆက်လက်ကြည့်ရှုပြီး ရွေးချယ်သွားမည်သည်။
မတ်လ ၂၃ ရက်နေ့မှာ ကျင်းပမည့်  မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ပေးအပ်ပွဲအတွက် ရုပ်ရှင်ဇာတ်ကားများကို အကယ်ဒမီအကဲဖြတ်အဖွဲ့က ဇန်နဝါရီ လမှ စတင်ကာ ကြည့်ရှု့ခဲ့ပြီး ဒုတိယအဆင့်အတွက် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

 - နွယ်ဏီ(အကုန်သိသတငင်းဌာန)

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။