Skip to main content
ရန္ကုန္တိုင္းအတြင္းမွ လွ်ပ္စစ္ဓာတ္အား မရေသးသည့္႐ြာမ်ား ၂၀၂၀ - ၂၀၂၁ ခုႏွစ္တြင္ ရာႏႈန္းျပည့္ လွ်ပ္စစ္ဓာတ္အားရရွိရန္ စီစဥ္ေန
Ads Block

ရန္ကုန္တိုင္းအတြင္းမွ လွ်ပ္စစ္ဓာတ္အား မရေသးသည့္႐ြာမ်ား ၂၀၂၀ - ၂၀၂၁ ခုႏွစ္တြင္ ရာႏႈန္းျပည့္ လွ်ပ္စစ္ဓာတ္အားရရွိရန္ စီစဥ္ေန

 ရန္ကုန္တိုင္းေဒသႀကီးအတြင္း၌ လွ်ပ္စစ္မီးမရရွိေသးသည့္ ေက်း႐ြာမ်ားအတြက္ ၂၀၂၀ - ၂၀၂၁ ခုႏွစ္တြင္ ရာႏႈန္းျပည့္လွ်ပ္စစ္ဓာတ္အားရရွိရန္ စီစဥ္ေဆာင္႐ြက္ေနေၾကာင္း လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးဝင္းခိုင္က ေျပာသည္။
ေဖေဖာ္ဝါရီလ ၁၇ ရက္တြင္ က်င္းပျပဳလုပ္ခဲ့သည့္ ေတာင္ဥကၠလာပၿမိဳ႕နယ္အတြင္းရွိ ၆၆/၁၁ - ၆.၆ ေကဗြီ၊ ၂ x ၂၀ အမ္ဗြီေအ Gas Insulated Switchgear (GIS) ဓာတ္အားခြဲ႐ုံ ဖြင့္ပြဲအခမ္းအနားတြင္ ေျပာၾကားခဲ့ျခင္းျဖစ္သည္။
“တစ္ႏိုင္ငံလုံး လွ်ပ္စစ္ဓာတ္အား သုံးစြဲမႈရဲ႕ ထက္ဝက္နီးပါးခန႔္ကို ရန္ကုန္တိုင္းေဒသႀကီးက သုံးစြဲလ်က္ရွိရပါတယ္။ ဓာတ္အား ခြဲ႐ုံနဲ႔ ဓာတ္အားလိုင္းအခ်ိဳ႕တို႔မွာ ဝန္အားျပည့္ ေက်ာ္လြန္သုံးစြဲေနရတဲ့အတြက္ ဝန္အားျပည့္ေနတဲ့ ဓာတ္အား ခြဲ႐ုံမ်ားနဲ႔ ဓာတ္အားလိုင္းမ်ားကို ဝန္အားမွ်ျခင္း၊ တိုးခ်ဲ႕တည္ေဆာက္ျခင္း၊ အသစ္တည္ေဆာက္ ျခင္းလုပ္ငန္းမ်ားကို ရရွိတဲ့ ဘ႑ာေငြအျပင္ ေခ်းေငြမ်ားကိုအသုံးျပဳၿပီး စီစဥ္ေဆာင္႐ြက္လ်က္ရွိပါတယ္။ တခ်ိဳ႕ေနရာေတြမွာ လွ်ပ္စစ္မီးမရေသးတဲ့ ေက်း႐ြာေတြက်န္ေသးတယ္။ အဲဒီက်န္ရွိေနတဲ့ ေက်း႐ြာေတြ လွ်ပ္စစ္မီးရရွိေအာင္ ျပည္ေထာင္စုဘ႑ာေငြ၊ တိုင္းေဒသႀကီး အစိုးရအဖြဲ႕ ဘ႑ာေငြ၊ World Bank ၊ ADB ၊ JICA စတဲ့ မိတ္ဖက္အဖြဲ႕အစည္းေတြရဲ႕ ေခ်းေငြမ်ားနဲ႔ ၂၀၁၈-၂၀၁၉ ဘ႑ာေရးႏွစ္အတြင္း ၿပီးစီးေအာင္ ဆက္လက္အေကာင္အထည္ေဖာ္ တည္ေဆာက္လ်က္ရွိပါတယ္” ဟု လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးဝင္းခိုင္က ေျပာသည္။
ရန္ကုန္တိုင္း ေဒသႀကီးအေနျဖင့္၂၀၁၅ ခုႏွစ္တြင္ Residential& Commercial (၉၁၄) မဂၢါဝပ္၊ Industrial (၁၈၂) မဂၢါဝပ္၊ စုစုေပါင္း (၁၀၉၆) မဂၢါဝပ္ခန႔္သာ သုံးစြဲႏိုင္ခဲ့ရာမွ ၂၀၁၈ ခုႏွစ္တြင္ Residential & Commercial (၁၂၇၈) မဂၢါဝပ္၊ Industrial ( ၂၇၀) မဂၢါဝပ္၊ စုစုေပါင္း (၁၅၄၈) မဂၢါဝပ္အထိ တိုးတက္သုံးစြဲလာႏိုင္ခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ ၿမိဳ႕ေပါင္း(၂၁) ၿမိဳ႕သည္ လွ်ပ္စစ္မီးရရွိသုံးစြဲေနၿပီး ေက်း႐ြာေပါင္း (၂၀၈၇) ႐ြာရွိ သည့္အနက္ (၁၀၅၇) ႐ြာကို  ဓာတ္အားျဖန႔္ျဖဴးေပးႏိုင္ခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။
ရန္ကုန္တိုင္းေဒသႀကီးအတြင္း အိမ္ေထာင္စုေပါင္း (၁၅၈၂၉၄၄) စုရွိသည့္အနက္ အိမ္ေထာင္စုေပါင္း (၁၁၈၈၆၉၆) စု (၇၅%) ခန႔္မွာ ဓာတ္အားရရွိသုံးစြဲလ်က္ရွိၿပီး ၂၀၂၀ -၂၀၂၁ ခုႏွစ္တြင္ ရာႏႈန္းျပည့္ လွ်ပ္စစ္ဓာတ္အားရရွိရန္ စီစဥ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ႏိုင္ငံေတာ္ဓာတ္အားစနစ္ ပိုမိုတည္ၿငိမ္ေကာင္းမြန္ေစရန္ ပင္မေက်ာ႐ိုး ဓာတ္အားလိုင္း (Back Bone) အေနျဖင့္ ၅၀၀ ေကဗြီ ဓာတ္အားလိုင္းႏွင့္ ဓာတ္အားခြဲ႐ုံစီမံကိန္းမ်ားကို ဦးစားေပးအဆင့္မ်ားခြဲၿပီး တည္ေဆာက္လ်က္ရွိေၾကာင္း သိရသည္။

- စုသက္ႏွင္း(အကုန္သိသတင္းဌာန)

 

Unicode version

ရန်ကုန်တိုင်းအတွင်းမှ လျှပ်စစ်ဓာတ်အား မရသေးသည့်ရွာများ ၂၀၂၀ - ၂၀၂၁ ခုနှစ်တွင် ရာနှုန်းပြည့် လျှပ်စစ်ဓာတ်အားရရှိရန် စီစဉ်နေ
 

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာများအတွက် ၂၀၂၀ - ၂၀၂၁ ခုနှစ်တွင် ရာနှုန်းပြည့်လျှပ်စစ်ဓာတ်အားရရှိရန် စီစဉ်ဆောင်ရွက်နေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောသည်။
ဖေဖော်ဝါရီလ ၁၇ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ၆၆/၁၁ - ၆.၆ ကေဗွီ၊ ၂ x ၂၀ အမ်ဗွီအေ Gas Insulated Switchgear (GIS) ဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
“တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား သုံးစွဲမှုရဲ့ ထက်ဝက်နီးပါးခန့်ကို ရန်ကုန်တိုင်းဒေသကြီးက သုံးစွဲလျက်ရှိရပါတယ်။ ဓာတ်အား ခွဲရုံနဲ့ ဓာတ်အားလိုင်းအချို့တို့မှာ ဝန်အားပြည့် ကျော်လွန်သုံးစွဲနေရတဲ့အတွက် ဝန်အားပြည့်နေတဲ့ ဓာတ်အား ခွဲရုံများနဲ့ ဓာတ်အားလိုင်းများကို ဝန်အားမျှခြင်း၊ တိုးချဲ့တည်ဆောက်ခြင်း၊ အသစ်တည်ဆောက် ခြင်းလုပ်ငန်းများကို ရရှိတဲ့ ဘဏ္ဍာငွေအပြင် ချေးငွေများကိုအသုံးပြုပြီး စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ တချို့နေရာတွေမှာ လျှပ်စစ်မီးမရသေးတဲ့ ကျေးရွာတွေကျန်သေးတယ်။ အဲဒီကျန်ရှိနေတဲ့ ကျေးရွာတွေ လျှပ်စစ်မီးရရှိအောင် ပြည်ထောင်စုဘဏ္ဍာငွေ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဘဏ္ဍာငွေ၊ World Bank ၊ ADB ၊ JICA စတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ ချေးငွေများနဲ့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးအောင် ဆက်လက်အကောင်အထည်ဖော် တည်ဆောက်လျက်ရှိပါတယ်” ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောသည်။
ရန်ကုန်တိုင်း ဒေသကြီးအနေဖြင့်၂၀၁၅ ခုနှစ်တွင် Residential& Commercial (၉၁၄) မဂ္ဂါဝပ်၊ Industrial (၁၈၂) မဂ္ဂါဝပ်၊ စုစုပေါင်း (၁၀၉၆) မဂ္ဂါဝပ်ခန့်သာ သုံးစွဲနိုင်ခဲ့ရာမှ ၂၀၁၈ ခုနှစ်တွင် Residential & Commercial (၁၂၇၈) မဂ္ဂါဝပ်၊ Industrial ( ၂၇၀) မဂ္ဂါဝပ်၊ စုစုပေါင်း (၁၅၄၈) မဂ္ဂါဝပ်အထိ တိုးတက်သုံးစွဲလာနိုင်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့ပေါင်း(၂၁) မြို့သည် လျှပ်စစ်မီးရရှိသုံးစွဲနေပြီး ကျေးရွာပေါင်း (၂၀၈၇) ရွာရှိ သည့်အနက် (၁၀၅၇) ရွာကို  ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်ထောင်စုပေါင်း (၁၅၈၂၉၄၄) စုရှိသည့်အနက် အိမ်ထောင်စုပေါင်း (၁၁၈၈၆၉၆) စု (၇၅%) ခန့်မှာ ဓာတ်အားရရှိသုံးစွဲလျက်ရှိပြီး ၂၀၂၀ -၂၀၂၁ ခုနှစ်တွင် ရာနှုန်းပြည့် လျှပ်စစ်ဓာတ်အားရရှိရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နိုင်ငံတော်ဓာတ်အားစနစ် ပိုမိုတည်ငြိမ်ကောင်းမွန်စေရန် ပင်မကျောရိုး ဓာတ်အားလိုင်း (Back Bone) အနေဖြင့် ၅၀၀ ကေဗွီ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်းများကို ဦးစားပေးအဆင့်များခွဲပြီး တည်ဆောက်လျက်ရှိကြောင်း သိရသည်။

- စုသက်နှင်း(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။