Skip to main content
ဇာတ္ကား
Ads Block

ျမန္မာရုပ္ရွင္ရုိက္ကူးေရးအဖြဲ ့ေတြလည္း ၾကိဳတင္စာတင္ရင္ Line Walker-2 ရုိက္ကြင္းလုိမ်ဳိး ရႏုိင္မယ္လုိ ့ရဲမွဴးခ်ဳပ္(ၿငိမ္း)ဦးဝင္းေခါင္

ေဟာင္ေကာင္က လာေရာက္ရုိက္ကူးမယ့္ Line Walker-2 ဇာတ္ကားအတြက္ အခ်ိန္ယူျပီးၾကိဳတင္စာတင္ခဲ့ၾကတာျဖစ္ျပီး ျမန္မာရုိက္ကူးေရးအဖြဲ ့ေတြအေနနဲ ့လည္း ၾကိဳတင္စာတင္ေပးျခင္းနဲ ့ေပါင္းစပ္ညိွႏိႈင္းမႈ မလုပ္ရင္ မျဖစ္ႏုိင္ဘူးလုိ ့အျငိမ္းစား ရဲမွဴးခ်ဳပ္ ဦးဝင္းေခါင္က ေျပာပါတယ္။

ဆူးေလၿမိဳ႕လယ္တစ္ဝိုက္က ကားလမ္းပိတ္မည့္ရက္မ်ားကို ယာဥ္စည္းကမ္းထိန္းသိမ္းေရးႀကီးၾကပ္ေကာ္မတီမွ အသိေပးထုတ္ျပန္မႈေတြ ျပဳလုပ္ခဲ့တာျဖစ္ၿပီး ျမန္မာႏုိင္ငံကရုပ္ရွင္ကားေတြရုိက္ကူးေရးလုပ္ရင္ေရာ ယာဥ္ေၾကာေတြ ပိတ္ေပးမွာလားဆိုတာေတြနဲ႔ ပတ္သက္ၿပီးအႏုပညာအႀကံေပးအျဖစ္ တာဝန္ယူထားတဲ့ ရဲမွဴးခ်ဳပ္(ၿငိမ္း)ဦးဝင္းေခါင္က အခုလုိျပန္လည္တုံ ့ျပန္လုိက္တာလည္း ျဖစ္ပါတယ္။ “ အႀကိမ္ႀကိမ္အခါခါ ဖိတ္ေခၚေျပာခဲ့ၿပီးသားျဖစ္တယ္။ ေျပာခဲ့ဖူးတယ္။ ရိုက္ကူးေရးစတင္တာဟာ ရိုက္ကြင္းေပၚေရာက္မွ သြားလုပ္လို႔မရဘူး။ ဘယ္လိုရိုက္မွာလဲ။ ဇာတ္လမ္းကဘာလဲ။ ဘယ္လိုရည္ရြယ္ခ်က္ေတြနဲ႔လဲ။ ဘာေတြလိုအပ္သလဲ။ ဘယ္အဖြဲအစည္းေတြရဲ႕ ေပါင္းစည္းမႈလိုအပ္သလဲ။ အဲဒါေတြကိုစာနဲ႕ေပနဲ႔ေပါ့။ အားလံုးအခ်ိန္ယူၿပီး လုပ္ရတာပါ။ အႀကိမ္ႀကိမ္ေဆြးေႏြးမႈေတြလုပ္ရတာပါ။ ဒီရုပ္ရွင္ကားက ျမိဳ႕လယ္ေခါင္မွာ ရိုက္ရတဲ့အတြက္ တစ္ခုထဲနဲ႔ မျပတ္ဘူးေလ။ သက္ဆိုင္ရာ အာဏာပိုင္ေတြရဲ႕သေဘာတူညီခ်က္ေတြ လိုတယ္။ ျပည္သူလူထုအတြက္ အဆင္ေျပေအာင္ ယာဥ္စည္ကမ္းလမ္းစည္းကမ္းထိန္းသိမ္းႀကီးၾကပ္မႈေကာ္မတီေတြရဲ႕ယာဥ္လမ္းေၾကာင္းေတြ ေျပးဆြဲဖို႔အတြက္ကို ႀကိဳတင္စီစဥ္တာေတြ။ ဌာနေပါင္းစံုအသီးသီးက အႀကိမ္ႀကိမ္ညိွႏိႈင္းတိုင္ပင္ၿပီးမွ လုပ္ရတာျဖစ္ပါတယ္။ စာေပါင္းေျမာက္မ်ားစြာကို တင္ရတာေလ။ ဒါေၾကာင့္ ကြ်န္ေတာ္တို႔ကို အဲဒါေလးေတာ့ကူညီေပးပါ။ လုပ္ထံုးလုပ္နည္းနဲ႔အညီ လုပ္လို ့ရွိရင္ အခုေနာက္ပိုင္းမွာ ပြင့္လင္ျမင္သာတဲ့ေခတ္လည္းျဖစ္တဲ့အတြက္ ႀကိဳတင္စာမတင္ထားဘူး။ ေပါင္းစပ္ညွိႏႈိင္းမႈေတြ မလုပ္ဘဲနဲ႔ေတာ့ မျဖစ္ႏိုင္ပါဘူး ” လို႔ ဦးဝင္းေခါင္က ေျပာပါတယ္။ Line Wolker-2 ဇာတ္လမ္း ရုိက္ကူးေနစဥ္အတြင္းမွာ မေတာတဆယိုယြင္းပ်က္ဆီးမႈေတြရွိခဲ့ရင္ တာဝန္ယူမႈေတြ ဘယ္လိုေဆာင္ရြက္ေပးမွာလဲဆိုတဲ့ အကုန္သိသတင္းဌာနရဲ႕ေမးျမန္းမႈကုိေတာ့ ရဲမွဴးခ်ဳပ္(ၿငိမ္း)ဦးဝင္းေခါင္က အခုလိုေျပာျပပါတယ္။

“ ရုိက္ကူးေနတ့ဲအခ်ိန္မွာ သက္ဆိုင္ရာကတာဝန္ရွိသူေတြအသီးသီးနဲ႔ ကြ်န္ေတာ္တို႔က အႀကိမ္ႀကိမ္ညိွႏိႈင္းေဆြးေႏြးၿပီး။ လုပ္ႏိုင္မယ့္ ျဖစ္ႏိုင္မယ့္ အေနအထားကိုႀကိဳတင္တြက္ဆၿပီး ယာယီအခက္ခဲျဖစ္မႈေတြ နည္းပါးသြားေအာင္ ဘယ္လိုေဆာင္ရြက္မယ္ဆိုတာေတြကို္ စဥ္းစားၿပီးမွ ေဆာင္ရြက္ထားတာျဖစ္တဲ့အတြက္ အေကာင္းဆံုးတံု႔ျပန္ေပးႏိုင္မယ္လို႔ ယံုၾကည္တယ္။ က်န္တဲ့ပ်က္စီးမႈေတြ ယိုယြင္းမႈေတြရွိရင္လည္း ကုမၸဏီက တာဝန္ရွိရွိေဆာင္ရြက္ေပးသြားမွာပါ ” လို႔ ရဲမွဴးခ်ဳပ္အၿငိမ္းစား ဦးဝင္းေခါင္က ေျပာပါတယ္။

Unicode Version 

ဟောင်ကောင်က လာရောက်ရိုက်ကူးမယ့် Line Walker-2 ဇာတ်ကားအတွက် အချိန်ယူပြီးကြိုတင်စာတင်ခဲ့ကြတာဖြစ်ပြီး မြန်မာရိုက်ကူးရေးအဖွဲ့တွေအနေနဲ့လည်း ကြိုတင်စာတင်ပေးခြင်းနဲ့ပေါင်းစပ်ညှိနှိုင်းမှု မလုပ်ရင် မဖြစ်နိုင်ဘူးလို့အငြိမ်းစား ရဲမှူးချုပ် ဦးဝင်းခေါင်က ပြောပါတယ်။
ဆူးလေမြို့လယ်တစ်ဝိုက်က ကားလမ်းပိတ်မည့်ရက်များကို ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်ကော်မတီမှ အသိပေးထုတ်ပြန်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံကရုပ်ရှင်ကားတွေရိုက်ကူးရေးလုပ်ရင်ရော ယာဉ်ကြောတွေ ပိတ်ပေးမှာလားဆိုတာတွေနဲ့ ပတ်သက်ပြီးအနုပညာအကြံပေးအဖြစ် တာဝန်ယူထားတဲ့ ရဲမှူးချုပ်(ငြိမ်း)ဦးဝင်းခေါင်က အခုလိုပြန်လည်တုံ့ပြန်လိုက်တာလည်း ဖြစ်ပါတယ်။ “ အကြိမ်ကြိမ်အခါခါ ဖိတ်ခေါ်ပြောခဲ့ပြီးသားဖြစ်တယ်။ ပြောခဲ့ဖူးတယ်။ ရိုက်ကူးရေးစတင်တာဟာ ရိုက်ကွင်းပေါ်ရောက်မှ သွားလုပ်လို့မရဘူး။ ဘယ်လိုရိုက်မှာလဲ။ ဇာတ်လမ်းကဘာလဲ။ ဘယ်လိုရည်ရွယ်ချက်တွေနဲ့လဲ။ ဘာတွေလိုအပ်သလဲ။ ဘယ်အဖွဲအစည်းတွေရဲ့ ပေါင်းစည်းမှုလိုအပ်သလဲ။ အဲဒါတွေကိုစာနဲ့ပေနဲ့ပေါ့။ အားလုံးအချိန်ယူပြီး လုပ်ရတာပါ။ အကြိမ်ကြိမ်ဆွေးနွေးမှုတွေလုပ်ရတာပါ။ ဒီရုပ်ရှင်ကားက မြို့လယ်ခေါင်မှာ ရိုက်ရတဲ့အတွက် တစ်ခုထဲနဲ့ မပြတ်ဘူးလေ။ သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့သဘောတူညီချက်တွေ လိုတယ်။ ပြည်သူလူထုအတွက် အဆင်ပြေအောင် ယာဉ်စည်ကမ်းလမ်းစည်းကမ်းထိန်းသိမ်းကြီးကြပ်မှုကော်မတီတွေရဲ့ယာဉ်လမ်းကြောင်းတွေ ပြေးဆွဲဖို့အတွက်ကို ကြိုတင်စီစဉ်တာတွေ။ ဌာနပေါင်းစုံအသီးသီးက အကြိမ်ကြိမ်ညှိနှိုင်းတိုင်ပင်ပြီးမှ လုပ်ရတာဖြစ်ပါတယ်။ စာပေါင်းမြောက်များစွာကို တင်ရတာလေ။ ဒါကြောင့် ကျွန်တော်တို့ကို အဲဒါလေးတော့ကူညီပေးပါ။ လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်လို့ရှိရင် အခုနောက်ပိုင်းမှာ ပွင့်လင်မြင်သာတဲ့ခေတ်လည်းဖြစ်တဲ့အတွက် ကြိုတင်စာမတင်ထားဘူး။ ပေါင်းစပ်ညှိနှိုင်းမှုတွေ မလုပ်ဘဲနဲ့တော့ မဖြစ်နိုင်ပါဘူး ” လို့ ဦးဝင်းခေါင်က ပြောပါတယ်။ Line Wolker-2 ဇာတ်လမ်း ရိုက်ကူးနေစဉ်အတွင်းမှာ မတောတဆယိုယွင်းပျက်ဆီးမှုတွေရှိခဲ့ရင် တာဝန်ယူမှုတွေ ဘယ်လိုဆောင်ရွက်ပေးမှာလဲဆိုတဲ့ အကုန်သိသတင်းဌာနရဲ့မေးမြန်းမှုကိုတော့ ရဲမှူးချုပ်(ငြိမ်း)ဦးဝင်းခေါင်က အခုလိုပြောပြပါတယ်။
“ ရိုက်ကူးနေတဲ့အချိန်မှာ သက်ဆိုင်ရာကတာဝန်ရှိသူတွေအသီးသီးနဲ့ ကျွန်တော်တို့က အကြိမ်ကြိမ်ညှိနှိုင်းဆွေးနွေးပြီး။ လုပ်နိုင်မယ့် ဖြစ်နိုင်မယ့် အနေအထားကိုကြိုတင်တွက်ဆပြီး ယာယီအခက်ခဲဖြစ်မှုတွေ နည်းပါးသွားအောင် ဘယ်လိုဆောင်ရွက်မယ်ဆိုတာတွေကို စဉ်းစားပြီးမှ ဆောင်ရွက်ထားတာဖြစ်တဲ့အတွက် အကောင်းဆုံးတုံ့ပြန်ပေးနိုင်မယ်လို့ ယုံကြည်တယ်။ ကျန်တဲ့ပျက်စီးမှုတွေ ယိုယွင်းမှုတွေရှိရင်လည်း ကုမ္ပဏီက တာဝန်ရှိရှိဆောင်ရွက်ပေးသွားမှာပါ ” လို့ ရဲမှူးချုပ်အငြိမ်းစား ဦးဝင်းခေါင်က ပြောပါတယ်။

   - ခေရဖူး(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။