Skip to main content
ဇေ
Ads Block

မွေးကင်းစကလေးကို လမ်းဘေးစွန့်ပစ်သွားတဲ့အတွက် မိန်းမယုတ်မိခင်လို့ ခပ်ကြမ်းကြမ်း ပြောလိုက်တဲ့ သရုပ်ဆောင်ဇေရဲထက်




Unicode Version

မိတ္ထီလာမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ လမ်းဘေးစွန့်ပစ်ခြင်းခံရတဲ့ကလေးငယ်ရဲ့သတင်းကိုမြင်ပြီး စိတ်မကောင်းဖြစ်လွန်းလွန်းလို့ ကိုယ်တိုင်အသုံးပြုတဲ့ ဖေ့ဘုတ်အကောင့်ကနေ Share ပြီးတော့ ကလေးငယ်ရဲ့မိခင်ကို မိန်းမယုတ်တစ်ဦးလို့သရုပ်ဆောင်ဇေရဲထက်က ခပ်ကြမ်းကြမ်းရေးသားဝေဖန်လိုက်ပါတယ်။ 
မိတ္ထီလာမြို့နယ်မှာဖြစ်ပွားခဲ့တဲ့ ကလေးငယ်တစ်ဦးကို စွန့်ပစ်ခံရခြင်းဖြစ်ရပ်တစ်ခုနဲ့ပတ်သက်ပြီးတော့ ကလေးရဲ့မိခင်ကိုပေါက်ကွဲပြီး သရုပ်ဆောင်ဇေရဲထက်က သူရဲ့ဖေ့ဘုတ်ကနေတစ်ဆင့် ဖေဖော်ဝါရီ ၁၅ ရက်မှာ ရေးတင်ခဲ့တာပါ။ “ လူမဆန်သော မိန်းမပါလား။ အပြစ်မဲ့တဲ့ကလေးကိုမှ လုပ်ရက်ကြတာ။ အစကတည်းက မလိုချင်ရင် အခုခေတ်မှာ တားဆီးဆေးတွေများတာကို။ ရခဲတဲ့လူ့ဘဝကိုရပြီးမှ ကလေးရယ်။ ဒါပေမယ့်ကလေးရယ် ဒီလိုမိန်းမယုတ်ဆီမှာ လူလာဖြစ်မယ့်အစား သေတာမှအေးချမ်းပါသေးတယ်။ လူဖြစ်လာရင်လည်း မိခင်စိတ်မရှိတဲ့မိန်းမဆိုးဆိုတော့။ ကလေးပဲ စိတ်သောကရောက်ရမှာ ကလေးလေးကောင်းရာနေရာမှာ ကောင်းသောဘဝမှာပြန်ရရှိပါစေ ” လို့ ဇေရဲထက်က ရေးတင်ခဲ့တာပါ။ သူရဲ့ဝေဖန်ရေးသားမှုအောက်မှာလည်း ဒီရေးသားချက်ကို ထောက်ခံခဲ့တဲ့ပရိသတ်တွေ အများအပြားရှိနေသလို ကလေးကိုစွန့်ပစ်တဲ့ အမျိုးသမီးနဲ့ပတ်သက်ပြီးတော့ ဝိုင်းဝန်း ဝေဖန်မှုတွေရှိနေခဲ့တာကိုလည်း တွေ့ရပါတယ်။ တစ်ချို့ရေးသားချက်တွေမှာတော့ လမစေ့ဘဲမွေးဖွားခဲ့တာဖြစ်နိုင်တယ်လို့လည်း ထောက်ပြထားကြပါတယ်။ 

    -  ခရေဖူး(အကုန်သိသတင်းဌာန)

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။