Skip to main content
တရုတ္ျပည္မွလာေရာက္ရုိက္ကူးမယ့္ဇာတ္ကားအတြက္ စတင္စီစဥ္ ကတည္း က ျမန္မာႏုိင္ငံရုပ္ရွင္အစည္းအရုံးကိုဖိတ္ၾကားခဲ့ေပမယ့္ လာေရာက္ခဲ့ျခင္းမရွိဘူးဟုဆို
Ads Block

တရုတ္ျပည္မွလာေရာက္ရုိက္ကူးမယ့္ဇာတ္ကားအတြက္ စတင္စီစဥ္ ကတည္း က ျမန္မာႏုိင္ငံရုပ္ရွင္အစည္းအရုံးကိုဖိတ္ၾကားခဲ့ေပမယ့္ လာေရာက္ခဲ့ျခင္းမရွိဘူးဟုဆို

တရုတ္ႏိုင္ငံ ေဟာင္ေကာင္ၿမိဳ႕ရိွ Shaw Brother Pictures Internation Ltd မွ Line Walker-2 ရုပ္ရွင္ကားကို ျမန္မာႏို္င္ငံမွာ လာေရာက္ရိုက္ကူးဖို႕စတင္ စီစဥ္ ကတည္းက ျမန္မာႏုိင္ငံရုပ္ရွင္အစည္းအရုံးကို ဖိတ္ၾကားခဲ့ေပမယ့္ လာေရာက္ခဲ့ျခင္း မရွိဘူးလို ့ေဒၚေဆြဇင္ထိုက္ကေျပာလာပါတယ္။
အဆိုပါ ရုပ္ရွင္ ရုိက္ကူးမယ့္အေၾကာင္းနဲ႕ ပတ္သက္ၿပီး စာနယ္ဇင္းမိတ္ဆက္ပဲြ ယေန႔ ေဖေဖာ္၀ါရီ ၁၅ရက္ ရုပ္ရွင္ဖံြ႕ၿဖိဳးေရးစင္တာမွာ က်င္းပျပဳလုပ္တဲ့ပြဲမွာ ေဒၚေဆြဇင္ထိုက္က အကုန္သိ သတင္းဌာန ရဲ႕ ေမးျမန္းမႈကို အခုလိုေျဖၾကားခဲ့ပါတယ္။

တရုတ္ျပည္မွလာေရာက္ရုိက္ကူးမယ့္ဇာတ္ကားအတြက္ စတင္စီစဥ္ ကတည္း က ျမန္မာႏုိင္ငံရုပ္ရွင္အစည္းအရုံးကိုဖိတ္ၾကားခဲ့ေပမယ့္ လာေရာက္ခဲ့ျခင္းမရွိဘူးဟုဆို


 “စလုပ္မယ္ဆိုကတည္းက အစည္းအေဝးပဲြတိုင္းကို ဖိတ္ပါတယ္။ ဖိတ္ကတည္းကလည္း ရုပ္ရွင္ပူးေပါင္းရုိက္ကူးဖို႔ဆိုၿပီး ဖိတ္တာပါ။ သူတို႔က စိတ္မဝင္စားတာလား။ မအားတာလား ေတာ့မသိဘူး။ မလာႏိုင္တာေတြရိွပါတယ္။ ဒီေန႔ေတာင္ ဖိတ္ထားတာ လာတဲ့အတြက္ ေက်းဇူးတင္ရပါေသးတယ္။”  လုိ႔ ေျဖၾကားခဲ့ပါတယ္။
သူမက ထုတ္လုပ္မႈပိုင္းဆိုင္ရာအႀကံေပး အေနနဲ႕ ဇာတ္ကားရဲ႕ ရိုက္ကြင္းေပၚမွာပဲရိွေနမွာျဖစ္သလို ဒီဇာတ္ကားမွာ လိုအပ္တဲ့ ေသနတ္ေတြကအစ အစစ္ေတြပဲ သံုးမွာျဖစ္တဲ့အတြက္ လာေရာက္ၾကည့္ရႈမယ့္ျပည္သူ၊ ပရိသတ္ေတြအတြက္ လံုၿခံဳေရးအျပည့္အ၀ ထားရွိမွာ ျဖစ္တယ္လို႕ သိရပါတယ္။
တရုတ္မွ လာေရာက္ရုိက္ကူးမယ့္ဇာတ္ကားကို ယေန႕ေဖေဖာ္၀ါရီလ ၁၅ရက္နဲ႕၁၆ရက္ေတြမွာ တိုင္းရင္းသားေက်းရြာမွာ စတင္ရုိက္ကူးေနၿပီးေတာ့ ေဖေဖာ္၀ါရီလ ၂၁ရက္ေန ့မွာ ရန္ကုန္ၿမိဳ႕ အလယ္ျဖစ္တဲ ့ဆူးေလ မွာရုိက္ကူးဖို႕စီစဥ္ထားတယ္လို႕သိရပါတယ္။
- မ်ဳိးေကခိုင္(အကုန္သိသတင္းဌာန)

 

Unicode version

တရုတ်ပြည်မှလာရောက်ရိုက်ကူးမယ့်ဇာတ်ကားအတွက် စတင်စီစဉ် ကတည်း က မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကိုဖိတ်ကြားခဲ့ပေမယ့် လာရောက်ခဲ့ခြင်းမရှိဘူးဟုဆို

တရုတ်နိုင်ငံ ဟောင်ကောင်မြို့ရှိ Shaw Brother Pictures Internation Ltd မှ Line Walker-2 ရုပ်ရှင်ကားကို မြန်မာနိုင်ငံမှာ လာရောက်ရိုက်ကူးဖို့စတင် စီစဉ် ကတည်းက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကို ဖိတ်ကြားခဲ့ပေမယ့် လာရောက်ခဲ့ခြင်း မရှိဘူးလို့ဒေါ်ဆွေဇင်ထိုက်ကပြောလာပါတယ်။
အဆိုပါ ရုပ်ရှင် ရိုက်ကူးမယ့်အကြောင်းနဲ့ ပတ်သက်ပြီး စာနယ်ဇင်းမိတ်ဆက်ပွဲ ယနေ့ ဖေဖော်ဝါရီ ၁၅ရက် ရုပ်ရှင်ဖွံ့ဖြိုးရေးစင်တာမှာ ကျင်းပပြုလုပ်တဲ့ပွဲမှာ ဒေါ်ဆွေဇင်ထိုက်က အကုန်သိ သတင်းဌာန ရဲ့ မေးမြန်းမှုကို အခုလိုဖြေကြားခဲ့ပါတယ်။
 “စလုပ်မယ်ဆိုကတည်းက အစည်းအဝေးပွဲတိုင်းကို ဖိတ်ပါတယ်။ ဖိတ်ကတည်းကလည်း ရုပ်ရှင်ပူးပေါင်းရိုက်ကူးဖို့ဆိုပြီး ဖိတ်တာပါ။ သူတို့က စိတ်မဝင်စားတာလား။ မအားတာလား တော့မသိဘူး။ မလာနိုင်တာတွေရှိပါတယ်။ ဒီနေ့တောင် ဖိတ်ထားတာ လာတဲ့အတွက် ကျေးဇူးတင်ရပါသေးတယ်။”  လို့ ဖြေကြားခဲ့ပါတယ်။
သူမက ထုတ်လုပ်မှုပိုင်းဆိုင်ရာအကြံပေး အနေနဲ့ ဇာတ်ကားရဲ့ ရိုက်ကွင်းပေါ်မှာပဲရှိနေမှာဖြစ်သလို ဒီဇာတ်ကားမှာ လိုအပ်တဲ့ သေနတ်တွေကအစ အစစ်တွေပဲ သုံးမှာဖြစ်တဲ့အတွက် လာရောက်ကြည့်ရှုမယ့်ပြည်သူ၊ ပရိသတ်တွေအတွက် လုံခြုံရေးအပြည့်အ၀ ထားရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။
တရုတ်မှ လာရောက်ရိုက်ကူးမယ့်ဇာတ်ကားကို ယနေ့ဖေဖော်ဝါရီလ ၁၅ရက်နဲ့၁၆ရက်တွေမှာ တိုင်းရင်းသားကျေးရွာမှာ စတင်ရိုက်ကူးနေပြီးတော့ ဖေဖော်ဝါရီလ ၂၁ရက်နေ့မှာ ရန်ကုန်မြို့ အလယ်ဖြစ်တဲ့ဆူးလေ မှာရိုက်ကူးဖို့စီစဉ်ထားတယ်လို့သိရပါတယ်။
- မျိုးကေခိုင်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။