Skip to main content
ေရကာတာက်ိဳးေပါက္မႈေၾကာင့္ ဇင္ဘာေဘြမွာ ေရႊတူးေဖာ္ေနသူ ၂၃ ဦး ေသဆံုးဖြယ္ရွိေန 
Ads Block

ေရကာတာက်ိဳးေပါက္မႈေၾကာင့္ ဇင္ဘာေဘြမွာ ေရႊတူးေဖာ္ေနသူ ၂၃ ဦး ေသဆံုးဖြယ္ရွိေန 


ဇင္ဘာေဘြႏုိင္ငံမွာ ေရကာက်ိဳးေပါက္မႈေတြအတြင္းမွ ထြက္ေပၚလာတဲ့ေရေတြ ဟာ ေရႊတူးတြင္းေနတဲ့ လႈိင္ေခါင္းအတြင္းကို ၀င္ေရာက္ခဲ့ရာ တရားမ၀င္ေရႊတူးေနတဲ့အလုပ္သမား အနည္းဆံုး ၂၃ ဦး လိုဏ္ေခါင္းအတြင္းပိတ္မိေနၿပီး ေသဆံုးမွာကို စိုးရိမ္ေနတယ္လို႔ သိရပါတယ္။ ဇင္ဘာေဘြႏုိင္ငံရဲ႕ေနရာတုိင္းမွာ လူေထာင္ခ်ီ ဟာ တရားမ၀င္ေရႊတူးေဖာ္တာေတြကို စြန္႔ပစ္ထားတဲ့ သတၱဳတြင္းေတြ၊ လယ္ယာေျမေတြ၊ အပါအ၀င္ေနရာအမ်ားျပားမွာ လုပ္ေဆာင္လ်က္ရွိေနေၾကာင္း သိရပါတယ္။ ဇင္ဘာေဘြႏုိင္ငံ ဟာရာရီ ေဒသမွ ၁၇၅ ကီလုိမီတာ အကြာ ဘတ္ဖီးလ္ၿမိဳ႕မွ တရားမ၀င္ေရႊတူးေဖာ္သူေတြ ဟာ RioZam ကုမၸဏီ နဲ႔အျခား ကုမၸဏီပိုင္တဲ့ ေျမေတြအတြင္းကို၀င္ေရာက္ကာ ေရႊတူးေဖာ္ရွာေဖြမႈေတြလုပ္ခဲ့ေၾကာင္း၊ အဲဒီအခ်ိန္မွာ ၄င္းတို႔ တူးေနတဲ့ ေရႊတြင္းအနီးရွိ ေရကာတာက်ိဳးပ်က္မႈျဖစ္ခဲ့ရာ ေရအမ်ားအျပားက ေရႊတြင္းတူးေနတဲ့ ဥမင္လိုဏ္ေခါင္းထဲကို စီးဆင္းလာခဲ့ၿပီး တရားမ၀င္ေရႊတူးေဖာ္ေနသူေတြ ပိတ္မိခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။ ဟာရီရာေဒသအုပ္ခ်ဳပ္ေရးမွဴး မူဇူလူက ေရႊတူးေဖာ္တဲ့ လိုဏ္ေခါင္းေတြ အတြင္းပိတ္မိေနတဲ့သူ အေရအတြက္က အနည္းဆံုး ၂၃ ဦးရွိၿပီး အသက္ရွင္လြတ္ေျမာက္ေအာင္ ကယ္ဆယ္ႏုိင္ဖုိ႔ အခြင့္ေရးအလြန္နည္းပါးေၾကာင္း ေျပာပါတယ္။ အစိုးရအေနနဲ႔ ပိတ္မိေနတဲ့သူေတြကို ကယ္တင္ႏုိင္ဖုိ႔ Zimplats ကုမၸဏီမွ ၾကီးမားတဲ့ ေရစုပ္စက္ေတြ ငွားဖုိ႔ ျပဳလုပ္ေနေၾကာင္းသိရပါတယ္။ လက္ရွိအခ်ိန္မွာ အစိုးရအေနေနနဲ႔ လိုဏ္ေခါင္းအတြင္း ပိတ္မိေနတဲ့သူေတြကို ကယ္တင္ႏုိင္ဖုိ႔ ၾကိဳးပမ္းေနေၾကာင္း သိရပါတယ္။ ဇင္ဘာေဘြႏုိင္ငံမွာ ၿပီးခဲ့တဲ့ႏွစ္က တရားမ၀င္ေရႊ႕တူးေဖာ္ေနမႈေတြအပါအ၀င္ ေရြႊတူးေဖာ္ထုတ္လုပ္ႏုိင္ဖုိ႔ ၃၃ တန္ရွိခဲ့ၿပီး အဆုိပါ ထုတ္လုပ္ႏုိင္တဲ့ ပမာဏရဲ႕ ၆၀ ရာခုိင္ႏႈန္းက တရားမ၀င္ေရႊတူးေဖာ္ထုတ္လုပ္မႈကေန ရရွိတဲ့ေရႊေတြျဖစ္တယ္လို႔ ဆုိပါတယ္။
- ေကာင္းထက္ (အကုန္သိ သတင္းဌာန) 

 

 

Unicode version

ရေကာတာကျိုးပေါက်မှုကြောင့် ဇင်ဘာဘွေမှာ ရွှေတူးဖော်နေသူ ၂၃ ဦး သေဆုံးဖွယ်ရှိနေ 


ဇင်ဘာဘွေနိုင်ငံမှာ ရေကာကျိုးပေါက်မှုတွေအတွင်းမှ ထွက်ပေါ်လာတဲ့ရေတွေ ဟာ ရွှေတူးတွင်းနေတဲ့ လှိုင်ခေါင်းအတွင်းကို ဝင်ရောက်ခဲ့ရာ တရားမဝင်ရွှေတူးနေတဲ့အလုပ်သမား အနည်းဆုံး ၂၃ ဦး လိုဏ်ခေါင်းအတွင်းပိတ်မိနေပြီး သေဆုံးမှာကို စိုးရိမ်နေတယ်လို့ သိရပါတယ်။ ဇင်ဘာဘွေနိုင်ငံရဲ့နေရာတိုင်းမှာ လူထောင်ချီ ဟာ တရားမဝင်ရွှေတူးဖော်တာတွေကို စွန့်ပစ်ထားတဲ့ သတ္တုတွင်းတွေ၊ လယ်ယာမြေတွေ၊ အပါအဝင်နေရာအများပြားမှာ လုပ်ဆောင်လျက်ရှိနေကြောင်း သိရပါတယ်။ ဇင်ဘာဘွေနိုင်ငံ ဟာရာရီ ဒေသမှ ၁၇၅ ကီလိုမီတာ အကွာ ဘတ်ဖီးလ်မြို့မှ တရားမဝင်ရွှေတူးဖော်သူတွေ ဟာ RioZam ကုမ္ပဏီ နဲ့အခြား ကုမ္ပဏီပိုင်တဲ့ မြေတွေအတွင်းကိုဝင်ရောက်ကာ ရွှေတူးဖော်ရှာဖွေမှုတွေလုပ်ခဲ့ကြောင်း၊ အဲဒီအချိန်မှာ ၎င်းတို့ တူးနေတဲ့ ရွှေတွင်းအနီးရှိ ရေကာတာကျိုးပျက်မှုဖြစ်ခဲ့ရာ ရေအများအပြားက ရွှေတွင်းတူးနေတဲ့ ဥမင်လိုဏ်ခေါင်းထဲကို စီးဆင်းလာခဲ့ပြီး တရားမဝင်ရွှေတူးဖော်နေသူတွေ ပိတ်မိခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ဟာရီရာဒေသအုပ်ချုပ်ရေးမှူး မူဇူလူက ရွှေတူးဖော်တဲ့ လိုဏ်ခေါင်းတွေ အတွင်းပိတ်မိနေတဲ့သူ အရေအတွက်က အနည်းဆုံး ၂၃ ဦးရှိပြီး အသက်ရှင်လွတ်မြောက်အောင် ကယ်ဆယ်နိုင်ဖို့ အခွင့်ရေးအလွန်နည်းပါးကြောင်း ပြောပါတယ်။ အစိုးရအနေနဲ့ ပိတ်မိနေတဲ့သူတွေကို ကယ်တင်နိုင်ဖို့ Zimplats ကုမ္ပဏီမှ ကြီးမားတဲ့ ရေစုပ်စက်တွေ ငှားဖို့ ပြုလုပ်နေကြောင်းသိရပါတယ်။ လက်ရှိအချိန်မှာ အစိုးရအနေနေနဲ့ လိုဏ်ခေါင်းအတွင်း ပိတ်မိနေတဲ့သူတွေကို ကယ်တင်နိုင်ဖို့ ကြိုးပမ်းနေကြောင်း သိရပါတယ်။ ဇင်ဘာဘွေနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်က တရားမဝင်ရွှေ့တူးဖော်နေမှုတွေအပါအဝင် ရွှေတူးဖော်ထုတ်လုပ်နိုင်ဖို့ ၃၃ တန်ရှိခဲ့ပြီး အဆိုပါ ထုတ်လုပ်နိုင်တဲ့ ပမာဏရဲ့ ၆၀ ရာခိုင်နှုန်းက တရားမဝင်ရွှေတူးဖော်ထုတ်လုပ်မှုကနေ ရရှိတဲ့ရွှေတွေဖြစ်တယ်လို့ ဆိုပါတယ်။
- ကောင်းထက် (အကုန်သိ သတင်းဌာန) 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။