Skip to main content
မည္သူ႔ထံကမွလက္ေဆာင္မယူခဲ့ဟု အဂတိလိုက္စားမႈျဖင့္အမႈရင္ဆုိင္ေနရသည့္ ဥပေဒအရာရွိက ျငင္းဆို 
Ads Block

မည္သူ႔ထံကမွလက္ေဆာင္မယူခဲ့ဟု အဂတိလိုက္စားမႈျဖင့္အမႈရင္ဆုိင္ေနရသည့္ ဥပေဒအရာရွိက ျငင္းဆို 

မည္သူ႔ထံကမွ လက္ေဆာင္မယူခဲ့ေၾကာင္း ေအာင္ရဲေထြးေသဆံုးမႈအမိန္႔ခ်ရာတြင္အဂတိလိုက္စားသည္ဆိုကာ အမႈရင္ဆိုင္ေနရသူ ဥပေဒအရာရွိ ဦးကိုကိုေလးက ျငင္းဆိုလိုက္သည္။ 
ယေန႔(ေဖေဖာ္ဝါရီလ ၁၅ ရက္)တြင္ ရန္ကုန္တိုင္းတရားလႊတ္ေတာ္ရံုး၌ ရံုးထုတ္စစ္ေဆးခဲ့စဥ္ တရားလိုျဖစ္သူ ဦးမိုးႏိုင္ႏွင့္ ျပန္လွန္ေမးျမန္းရာ၌ ယခုကဲ့သို႔ျငင္းဆိုျခင္းျဖစ္သည္။ 
ဟာသသ႐ုပ္ေဆာင္ေအာင္ရဲေထြးကိုသတ္သည္ဆိုကာ အမႈရင္ဆိုင္ေနရေသာသားႀကီးပါ ၃ ဦးကို အမႈ႐ုတ္သိမ္းေပးခဲ့ရာတြင္ ဦးကိုကိုေလးသည္ သားႀကီး၏ဖခင္ဦးခင္ေမာင္ေလးထံ ေငြသိန္း ၁၀၀ က်ပ္ႏွင့္ gold level အရက္ပုလင္းတစ္လံုးကို ၂၀၁၈ ခုႏွစ္၊ ဇူလိုင္လ ၁၈ ရက္တြင္ရန္ကုန္အေ႐ွ႕ပိုင္းခ႐ိုင္ဥပေဒရံုး႐ွိ ၎၏ရံုးခန္း၌လက္ခံရယူခဲ့ေၾကာင္း စံုစမ္းစစ္ေဆးေရးေကာင္မ႐ွင္၏ေတြ႔႐ွိခ်က္မွတ္တမ္းအရ သိရသည္ဟု တရားလိုျဖစ္သူ ဦးမိုးႏိုင္က ထြက္ဆိုခဲ့သည္။ 

 

မည္သူ႔ထံကမွလက္ေဆာင္မယူခဲ့ဟု အဂတိလိုက္စားမႈျဖင့္အမႈရင္ဆုိင္ေနရသည့္ ဥပေဒအရာရွိက ျငင္းဆို 

 


သို႔ေသာ္ တံစိုးလက္ေဆာင္ရယူခဲ့သည္ဆိုေသာ တရားလိုဦးမိုးႏိုင္၏ထြက္ဆိုမႈသည္ မွန္မကန္စြပ္စြဲ ေျပာဆိုေနျခင္းသာျဖစ္ေၾကာင္း ဦးကိုကိုေလးကျပန္လွန္ေလွ်ာက္ထားခဲ့ၿပီး အဆိုပါေန႔၌ ၎သည္ တိုင္းအစိုးရ၏တာဝန္ေပးခ်က္အရ ရန္ကုန္အေ႐ွ႕ပိုင္းခ႐ိုင္အေထြေထြအုပ္ခ်ဳပ္ေရးမႉးရံုး၌ စစ္ေဆးေရး ဝင္ေနရငျဖင့္ ယင္းေန႔ညေန ၅ နာရီမွသာျပန္ခဲ့ရသည္ဟု ထြက္ဆိုခဲ့သည္။
ထို႔ေၾကာင့္ စံုစမ္းစစ္ေဆးေရးအဖြဲ႔ေခါင္းေဆာင္ျဖစ္ေသာ တရားလိုဦးမိုးႏိုင္၏စစ္ေဆးေတြ႔႐ွိမႈမွာ မမွန္မကန္ ထြက္ဆိုမႈသာျဖစ္သည္ဟု ျပန္လွန္ေလွ်ာက္ထားခဲ့သည့္အျပင္ ၎သည္ဥပေဒႏွင့္အညီ လုပ္ငန္း ေဆာင္ရြက္ရာတြင္ မည္သူ႔ထံ၌မွ်တံစိုးလက္ေဆာင္ေတာင္းခံသည္ဆိုေသာအခ်က္မ်ားကိုလည္း ဦးမိုးႏိုင္၏ ထြက္ဆိုခ်က္မ်ား၌မပါ႐ွိဟု ျပန္လွန္ေမးျမန္းေလွ်ာက္ထားခဲ့ျခင္းျဖစ္သည္။

 

မည္သူ႔ထံကမွလက္ေဆာင္မယူခဲ့ဟု အဂတိလိုက္စားမႈျဖင့္အမႈရင္ဆုိင္ေနရသည့္ ဥပေဒအရာရွိက ျငင္းဆို 


သို႔ေသာ္  တံစိုးလက္ေဆာင္မ်ားကို ဦးကိုကိုေလးကိုယ္တိုင္တိုက္႐ိုက္ေတာင္းခံျခင္းမ်ိဳးမ႐ွိေသာ္လည္း ခ႐ိုင္ဥပေဒအရာ႐ွိေဒၚသစ္သစ္ခင္ထံမွတစ္ဆင့္ ေတာင္းခံသည္ဟု တရားလိုျဖစ္သူ စံုစမ္းစစ္ေဆးေရး ေခါင္းေဆာင္ ဦးမိုးႏုိင္က တရားခြင္အတြင္းျပန္လည္ေခ်ပသြားခဲ့သည္။
ယခုအမႈႏွင့္ပတ္သက္၍ လာမည့္ေဖေဖာ္ဝါရီလ ၂၂ တြင္ အဂတိလိုက္စားမႈျဖင့္အမႈရင္ဆိုင္ေနရေသာ ဦးဟန္ထူး ပါ ၅ ဦးကိုျပန္လည္စစ္ေဆးသြားမည္ျဖစ္ေၾကာင္း သိရသည္။
- ဒါးဇ(အကုန္သိသတင္းဌာန)

 

Unicode version

မည်သူ့ထံကမှလက်ဆောင်မယူခဲ့ဟု အဂတိလိုက်စားမှုဖြင့်အမှုရင်ဆိုင်နေရသည့် ဥပဒေအရာရှိက ငြင်းဆို 

မည်သူ့ထံကမှ လက်ဆောင်မယူခဲ့ကြောင်း အောင်ရဲထွေးသေဆုံးမှုအမိန့်ချရာတွင်အဂတိလိုက်စားသည်ဆိုကာ အမှုရင်ဆိုင်နေရသူ ဥပဒေအရာရှိ ဦးကိုကိုလေးက ငြင်းဆိုလိုက်သည်။ 
ယနေ့(ဖေဖော်ဝါရီလ ၁၅ ရက်)တွင် ရန်ကုန်တိုင်းတရားလွှတ်တော်ရုံး၌ ရုံးထုတ်စစ်ဆေးခဲ့စဉ် တရားလိုဖြစ်သူ ဦးမိုးနိုင်နှင့် ပြန်လှန်မေးမြန်းရာ၌ ယခုကဲ့သို့ငြင်းဆိုခြင်းဖြစ်သည်။ 
ဟာသသရုပ်ဆောင်အောင်ရဲထွေးကိုသတ်သည်ဆိုကာ အမှုရင်ဆိုင်နေရသောသားကြီးပါ ၃ ဦးကို အမှုရုတ်သိမ်းပေးခဲ့ရာတွင် ဦးကိုကိုလေးသည် သားကြီး၏ဖခင်ဦးခင်မောင်လေးထံ ငွေသိန်း ၁၀၀ ကျပ်နှင့် gold level အရက်ပုလင်းတစ်လုံးကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်တွင်ရန်ကုန်အရှေ့ပိုင်းခရိုင်ဥပဒေရုံးရှိ ၎င်း၏ရုံးခန်း၌လက်ခံရယူခဲ့ကြောင်း စုံစမ်းစစ်ဆေးရေးကောင်မရှင်၏တွေ့ရှိချက်မှတ်တမ်းအရ သိရသည်ဟု တရားလိုဖြစ်သူ ဦးမိုးနိုင်က ထွက်ဆိုခဲ့သည်။ 
သို့သော် တံစိုးလက်ဆောင်ရယူခဲ့သည်ဆိုသော တရားလိုဦးမိုးနိုင်၏ထွက်ဆိုမှုသည် မှန်မကန်စွပ်စွဲ ပြောဆိုနေခြင်းသာဖြစ်ကြောင်း ဦးကိုကိုလေးကပြန်လှန်လျှောက်ထားခဲ့ပြီး အဆိုပါနေ့၌ ၎င်းသည် တိုင်းအစိုးရ၏တာဝန်ပေးချက်အရ ရန်ကုန်အရှေ့ပိုင်းခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ စစ်ဆေးရေး ဝင်နေရငဖြင့် ယင်းနေ့ညနေ ၅ နာရီမှသာပြန်ခဲ့ရသည်ဟု ထွက်ဆိုခဲ့သည်။
ထို့ကြောင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင်ဖြစ်သော တရားလိုဦးမိုးနိုင်၏စစ်ဆေးတွေ့ရှိမှုမှာ မမှန်မကန် ထွက်ဆိုမှုသာဖြစ်သည်ဟု ပြန်လှန်လျှောက်ထားခဲ့သည့်အပြင် ၎င်းသည်ဥပဒေနှင့်အညီ လုပ်ငန်း ဆောင်ရွက်ရာတွင် မည်သူ့ထံ၌မျှတံစိုးလက်ဆောင်တောင်းခံသည်ဆိုသောအချက်များကိုလည်း ဦးမိုးနိုင်၏ ထွက်ဆိုချက်များ၌မပါရှိဟု ပြန်လှန်မေးမြန်းလျှောက်ထားခဲ့ခြင်းဖြစ်သည်။
သို့သော်  တံစိုးလက်ဆောင်များကို ဦးကိုကိုလေးကိုယ်တိုင်တိုက်ရိုက်တောင်းခံခြင်းမျိုးမရှိသော်လည်း ခရိုင်ဥပဒေအရာရှိဒေါ်သစ်သစ်ခင်ထံမှတစ်ဆင့် တောင်းခံသည်ဟု တရားလိုဖြစ်သူ စုံစမ်းစစ်ဆေးရေး ခေါင်းဆောင် ဦးမိုးနိုင်က တရားခွင်အတွင်းပြန်လည်ချေပသွားခဲ့သည်။
ယခုအမှုနှင့်ပတ်သက်၍ လာမည့်ဖေဖော်ဝါရီလ ၂၂ တွင် အဂတိလိုက်စားမှုဖြင့်အမှုရင်ဆိုင်နေရသော ဦးဟန်ထူး ပါ ၅ ဦးကိုပြန်လည်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
- ဒါးဇ(အကုန်သိသတင်းဌာန)

 
 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။