Skip to main content
ရန္ကုန္ၿမိဳ႕ရွိအိမ္ရွင္အမ်ားစုက တရုတ္လူမ်ိဳးမ်ားကို အိမ္မငွားခ်င္ၾကဟု ဆို 
Ads Block

ရန္ကုန္ၿမိဳ႕ရွိအိမ္ရွင္အမ်ားစုက တရုတ္လူမ်ိဳးမ်ားကို အိမ္မငွားခ်င္ၾကဟု ဆို 

ရန္ကုန္ၿမိဳ႕မွ အိမ္ရွင္အမ်ားစုသည္ အေရွ႕တိုင္းသားမ်ားကို အိမ္မငွားလိုၾကဘဲ အထူးသျဖင့္ တရုတ္လူမ်ိဳးမ်ားကို မငွားခ်င္ၾကေၾကာင္း ျမန္မာႏုိင္ငံအိမ္ၿခံေျမ၀န္ေဆာင္မႈအသင္းမွ ဒုတိယဥကၠ႒ ဦးသန္းဦးက ေျပာသည္။
လက္ရွိ ရန္ကုန္ၿမဳိ႕ရွိ ၿမိဳ႕တြင္း ၆ ၿမိဳ႕နယ္ျဖစ္ေသာ လသာ၊ လမ္းမေတာ္၊ ဗုိလ္တေထာင္၊ ေက်ာက္တံတား၊ ပန္းဘဲတန္းႏွင့္ ပုဇြန္ေတာင္ၿမိဳ႕နယ္တုိ႔တြင္ အိမ္အငွားမ်ားျပားေနေၾကာင္း သိရသည္။

 

ရန္ကုန္ၿမိဳ႕ရွိအိမ္ရွင္အမ်ားစုက တရုတ္လူမ်ိဳးမ်ားကို အိမ္မငွားခ်င္ၾကဟု ဆို 


“ အိမ္ရွင္အမ်ားစုက တရုတ္တုိ႔၊ ကုလားတုိ႔၊ အေရွ ႔တုိင္းသားမ်ားကုိမငွားၾကဘူး။ အထူးသျဖင့္ တရုတ္ေပါ့။ မေနခင္ကလူတစ္ေယာက္ပဲ။ တကယ္ငွားေတာ့ ေနလုိ႔သြားၾကည့္ေတာ့ ၁၅ ေယာက္ျဖစ္ေနတယ္။ သူတုိ႔က စီးပြားေရးလည္းလုပ္တယ္။ လူေတြလည္းတင္ထားတယ္။ တြက္ေျခကုိက္ေအာင္ေပါ့။ ေနာက္ၿပီးအမ်ားစုက ညစ္ပတ္တယ္။ မငွားခင္က ကတိက၀တ္ေတြေဖာက္ဖ်က္တယ္။အဲဒီေတာ့ စိတ္ဓာတ္ေတြမေကာင္းဘူး ဆုိရမွာေပါ့။ သူတို႔အေၾကာင္းသိသြားေတာ့ အိမ္ရွင္ေတြကမငွားလုိၾကေတာ့ဘူး’’ဟု ျမန္မာႏုိင္ငံ အိမ္ၿခံေျမ၀န္ေဆာင္မႈအသင္းမွ ဒုတိယဥကၠ႒ ဦးသန္းဦးက ေျပာသည္။

 

ရန္ကုန္ၿမိဳ႕ရွိအိမ္ရွင္အမ်ားစုက တရုတ္လူမ်ိဳးမ်ားကို အိမ္မငွားခ်င္ၾကဟု ဆို 


ရန္ကုန္ၿမိဳ႕တြင္ အိမ္ငွားရမ္းလိုပါက ပ်မ္းမွ် တစ္လလွ်င္ က်ပ္ တစ္သိန္းခြဲ၀န္းက်င္မွ စတင္ၿပီး အမ်ားဆံုး တစ္လလွ်င္ က်ပ္သိန္း ၅၀ ၀န္းက်င္အထိ ေစ်းရွိေၾကာင္း သိရသည္။
ထို႔အျပင္ စေပၚအျဖစ္ သတ္မွတ္ေငြေၾကးေပးေခ်ၿပီး လစဥ္ေငြေပးေခ်ရသည့္ အိမ္ငွားရမ္းမႈစနစ္လည္း ရွိေၾကာင္း သိရသည္။ 
- မင္းသီဟန္(အကုန္သိသတင္းဌာန)
 

 

Unicode version

ရန်ကုန်မြို့ရှိအိမ်ရှင်အများစုက တရုတ်လူမျိုးများကို အိမ်မငှားချင်ကြဟု ဆို 

ရန်ကုန်မြို့မှ အိမ်ရှင်အများစုသည် အရှေ့တိုင်းသားများကို အိမ်မငှားလိုကြဘဲ အထူးသဖြင့် တရုတ်လူမျိုးများကို မငှားချင်ကြကြောင်း မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးသန်းဦးက ပြောသည်။
လက်ရှိ ရန်ကုန်မြို့ရှိ မြို့တွင်း ၆ မြို့နယ်ဖြစ်သော လသာ၊ လမ်းမတော်၊ ဗိုလ်တထောင်၊ ကျောက်တံတား၊ ပန်းဘဲတန်းနှင့် ပုဇွန်တောင်မြို့နယ်တို့တွင် အိမ်အငှားများပြားနေကြောင်း သိရသည်။
“ အိမ်ရှင်အများစုက တရုတ်တို့၊ ကုလားတို့၊ အရှေ့တိုင်းသားများကိုမငှားကြဘူး။ အထူးသဖြင့် တရုတ်ပေါ့။ မနေခင်ကလူတစ်ယောက်ပဲ။ တကယ်ငှားတော့ နေလို့သွားကြည့်တော့ ၁၅ ယောက်ဖြစ်နေတယ်။ သူတို့က စီးပွားရေးလည်းလုပ်တယ်။ လူတွေလည်းတင်ထားတယ်။ တွက်ခြေကိုက်အောင်ပေါ့။ နောက်ပြီးအများစုက ညစ်ပတ်တယ်။ မငှားခင်က ကတိကဝတ်တွေဖောက်ဖျက်တယ်။အဲဒီတော့ စိတ်ဓာတ်တွေမကောင်းဘူး ဆိုရမှာပေါ့။ သူတို့အကြောင်းသိသွားတော့ အိမ်ရှင်တွေကမငှားလိုကြတော့ဘူး’’ဟု မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးသန်းဦးက ပြောသည်။
ရန်ကုန်မြို့တွင် အိမ်ငှားရမ်းလိုပါက ပျမ်းမျှ တစ်လလျှင် ကျပ် တစ်သိန်းခွဲဝန်းကျင်မှ စတင်ပြီး အများဆုံး တစ်လလျှင် ကျပ်သိန်း ၅၀ ဝန်းကျင်အထိ ဈေးရှိကြောင်း သိရသည်။
ထို့အပြင် စပေါ်အဖြစ် သတ်မှတ်ငွေကြေးပေးချေပြီး လစဉ်ငွေပေးချေရသည့် အိမ်ငှားရမ်းမှုစနစ်လည်း ရှိကြောင်း သိရသည်။ 
- မင်းသီဟန်(အကုန်သိသတင်းဌာန)
 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။