Skip to main content
ျမန္မာအခ်င္းခ်င္းသစၥာေဖာက္လို႔ေၾကကြဲတယ္ဆိုၿပီး ဇာတိေျမရုပ္ရွင္ထုတ္လုပ္သူ ရင္ဖြင့္လာ
Ads Block

ျမန္မာအခ်င္းခ်င္းသစၥာေဖာက္လို႔ေၾကကြဲတယ္ဆိုၿပီး ဇာတိေျမရုပ္ရွင္ထုတ္လုပ္သူ ရင္ဖြင့္လာ

ျမန္မာအခ်င္းခ်င္းသစၥာေဖာက္လို႔ေၾကကြဲရတယ္ဆိုၿပီး ဇာတိေျမဇာတ္ကားကို ရံုတင္မျပရေသးခင္ Online မွာ ျပန္႔ႏွံ႕သြားတဲ့အေပၚ ဇာတ္ကားထုတ္လုပ္သူနန္းေမာက္ေလာက္ဆိုင္က ေျပာလာပါတယ္။ 
ဇာတိေျမရုပ္ရွင္ဟာဆိုရင္ ဂ်ပန္နဲ႔ ျမန္မာႏွစ္ႏိုင္ငံရဲ႕သဘာဝအလွအပေတြေဖာ္ၾကဴးထားၿပီး သရုပ္ေဆာင္ေတြ အျဖစ္ မီကီဆာကီဝင္း၊ ေအာင္ရဲလင္းနဲ႔ ဝတ္မႈန္ေရႊရည္တို႔က ပုံေဖာ္ရိုက္ကူးထားတာျဖစ္ပါတယ္။ 

 

ျမန္မာအခ်င္းခ်င္းသစၥာေဖာက္လို႔ေၾကကြဲတယ္ဆိုၿပီး ဇာတိေျမရုပ္ရွင္ထုတ္လုပ္သူ ရင္ဖြင့္လာ


“ ႏုိင္ငံျခားနဲ႔ပထမဦးဆံုးရိုက္တဲ့ ဇာတ္ကားျဖစ္တဲ့အတြက္ေၾကာင့္ ျမန္မာအခ်င္းခ်င္းသစၥာေဖာက္ၿပီး ကိုယ့္ကို လုပ္သြားလို႔ ေတာ္ေတာ္ေၾကကြဲတယ္။ အစ္မအေနနဲ႔ သူမ်ားကိုထိခိုက္ေအာင္ဘာမွမလုပ္ခဲ့ဖူးတဲ့ သူတစ္ေယာက္ပါ။ သိလည္းမသိဘူး၊ ျမင္လည္းမျမင္ဖူးတဲ့လူတစ္ေယာက္က အစ္မကို အဲဒီလိုလုပ္တယ္ဆိုတာ နားမလည္ဘူး။ ဘာရန္ၿငွိဳးရန္စမွလည္း မရွိပါဘူး။ အမ်ားႀကီးရင္းႏွီးထားတာဆိုေတာ့ လုပ္ရက္လိုက္တာလို႔ ေတြးမိတယ္။ အစ္မတို႔ဆိုရင္ ႏွစ္ႏိုင္ငံခ်စ္ၾကည္ေရးမွာ ျမန္မာကျဖစ္တယ္ဆိုေတာ့ သူမ်ားႏိုင္ငံၾကားထဲမွာ အစ္မလည္းမ်က္ႏွာမရဘူးေပါ့” လို႔ ဇာတိေျမရုပ္ရွင္ထုတ္လုပ္သူ နန္းေမာက္ေလာက္ဆိုင္က ေျပာပါတယ္။ 

 

ျမန္မာအခ်င္းခ်င္းသစၥာေဖာက္လို႔ေၾကကြဲတယ္ဆိုၿပီး ဇာတိေျမရုပ္ရွင္ထုတ္လုပ္သူ ရင္ဖြင့္လာ


ဒါ့အျပင္ ဇာတိေျမရုပ္ရွင္ကို Online မွာျဖန္႔ေ၀ခဲ့တဲ့အမႈနဲ႔ပတ္သက္လုိ႔လည္း CID ကေဖာ္ထုတ္ႏုိင္တဲ့ တစ္ေန႔မွာ မီဒီယာေတြကိုခ်ျပသြားမယ္လုိ႔လည္း ဆက္ေျပာပါတယ္။ 
ဇာတိေျမရုပ္ရွင္ဇာတ္ကားထုတ္လုပ္သူ နန္းေမာက္ေလာက္ဆိုင္ဟာ လတ္တေလာမွာေတာ့ မေနာေျမမွ ေက်ာက္စိမ္းကမၻာရုပ္ရွင္ကားကို ရံုတင္ျပသဖို႔စီစဥ္ေနတယ္လုိ႔သိရပါတယ္။ 
- ခေရဖူး(အကုန္သိသတင္းဌာန) 

 

Unicode version

မြန်မာအချင်းချင်းသစ္စာဖောက်လို့ကြေကွဲတယ်ဆိုပြီး ဇာတိမြေရုပ်ရှင်ထုတ်လုပ်သူ ရင်ဖွင့်လာ

မြန်မာအချင်းချင်းသစ္စာဖောက်လို့ကြေကွဲရတယ်ဆိုပြီး ဇာတိမြေဇာတ်ကားကို ရုံတင်မပြရသေးခင် Online မှာ ပြန့်နှံ့သွားတဲ့အပေါ် ဇာတ်ကားထုတ်လုပ်သူနန်းမောက်လောက်ဆိုင်က ပြောလာပါတယ်။ 
ဇာတိမြေရုပ်ရှင်ဟာဆိုရင် ဂျပန်နဲ့ မြန်မာနှစ်နိုင်ငံရဲ့သဘာဝအလှအပတွေဖော်ကြူးထားပြီး သရုပ်ဆောင်တွေ အဖြစ် မီကီဆာကီဝင်း၊ အောင်ရဲလင်းနဲ့ ဝတ်မှုန်ရွှေရည်တို့က ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။ 
“ နိုင်ငံခြားနဲ့ပထမဦးဆုံးရိုက်တဲ့ ဇာတ်ကားဖြစ်တဲ့အတွက်ကြောင့် မြန်မာအချင်းချင်းသစ္စာဖောက်ပြီး ကိုယ့်ကို လုပ်သွားလို့ တော်တော်ကြေကွဲတယ်။ အစ်မအနေနဲ့ သူများကိုထိခိုက်အောင်ဘာမှမလုပ်ခဲ့ဖူးတဲ့ သူတစ်ယောက်ပါ။ သိလည်းမသိဘူး၊ မြင်လည်းမမြင်ဖူးတဲ့လူတစ်ယောက်က အစ်မကို အဲဒီလိုလုပ်တယ်ဆိုတာ နားမလည်ဘူး။ ဘာရန်ငြှိုးရန်စမှလည်း မရှိပါဘူး။ အများကြီးရင်းနှီးထားတာဆိုတော့ လုပ်ရက်လိုက်တာလို့ တွေးမိတယ်။ အစ်မတို့ဆိုရင် နှစ်နိုင်ငံချစ်ကြည်ရေးမှာ မြန်မာကဖြစ်တယ်ဆိုတော့ သူများနိုင်ငံကြားထဲမှာ အစ်မလည်းမျက်နှာမရဘူးပေါ့” လို့ ဇာတိမြေရုပ်ရှင်ထုတ်လုပ်သူ နန်းမောက်လောက်ဆိုင်က ပြောပါတယ်။ 
ဒါ့အပြင် ဇာတိမြေရုပ်ရှင်ကို Online မှာဖြန့်ဝေခဲ့တဲ့အမှုနဲ့ပတ်သက်လို့လည်း CID ကဖော်ထုတ်နိုင်တဲ့ တစ်နေ့မှာ မီဒီယာတွေကိုချပြသွားမယ်လို့လည်း ဆက်ပြောပါတယ်။ 
ဇာတိမြေရုပ်ရှင်ဇာတ်ကားထုတ်လုပ်သူ နန်းမောက်လောက်ဆိုင်ဟာ လတ်တလောမှာတော့ မနောမြေမှ ကျောက်စိမ်းကမ္ဘာရုပ်ရှင်ကားကို ရုံတင်ပြသဖို့စီစဉ်နေတယ်လို့သိရပါတယ်။ 
- ခရေဖူး(အကုန်သိသတင်းဌာန) 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။