Skip to main content
အီရန္တြင္ အေသခံဗုံးခြဲတုိက္ခုိက္မႈေၾကာင့္ ေတာ္လွန္ေရးအေစာင့္တပ္ဖြဲ ့၀င္ ၂၇ ဦး ေသဆုံး 
Ads Block

အီရန္တြင္ အေသခံဗုံးခြဲတုိက္ခုိက္မႈေၾကာင့္ ေတာ္လွန္ေရးအေစာင့္တပ္ဖြဲ ့၀င္ ၂၇ ဦး ေသဆုံး 

အီရန္ႏုိင္ငံ အေရွ ့ေတာင္ပုိင္းေဒသမွာ ေဖေဖာ္၀ါရီ ၁၃ ရက္ေန ့က အေသခံဗုံးခြဲတုိက္ခုိက္မႈတစ္ခုျဖစ္ပြားခဲ့တာေၾကာင့္ အီရန္ရဲ ့ လက္ေရြးစင္ ေတာ္လွန္ေရးအေစာင့္တပ္ IRGC တပ္ဖြဲ ့၀င္ ၂၇ ဦး ေသဆုံးခဲ့ေၾကာင္း ႏုိင္ငံပုိင္ မီဒီယာက ေဖာ္ျပပါတယ္။ အီရန္ လုံၿခဳံေရးတပ္ဖြဲ ့ေတြအေနနဲ ့ ယင္းေဒသမွာ လူနည္းစုဆြန္နီ စစ္ေသြးၾကြေတြရဲ ့ ျမင့္တက္လာတဲ့ တုိက္ခုိက္မႈကုိ ရင္ဆုိင္ေနခဲ့ရပါတယ္။ 
အေသခံဗုံးခြဲသမားဟာ ေဖာက္ခြဲေရးပစၥည္းေတြ တင္ေဆာင္လာတဲ့ ယာဥ္တစ္စီးနဲ ့အေစာင့္တပ္ဖြဲ ့၀င္ေတြလုိက္ပါလာတဲ့ ဘတ္စ္ကားတစ္စီးကုိ ၀င္တုိက္ေဖာက္ခြဲ ပစ္ခဲ့တာျဖစ္ေၾကာင္း IRGC က ထုတ္ျပန္ခဲ့ကာ တုိက္ခုိက္မႈအတြင္း အျခား ၁၃ ဦးလည္း ဒဏ္ရာရခဲ့တယ္လုိ ့ ဆုိပါတယ္။ သတင္းဌာနေတြက ျပခဲ့တဲ့ ဓါတ္ပုံေတြအရ ဘတ္စ္ကားဟာ ဗုံးဒဏ္ေၾကာင့္ လိမ္ပိန္သြားကာ သတၳဳအစုအပုံျဖစ္သြားခဲ့ပါတယ္။ 
လူနည္းစု ဘာလူခ်စၥ လူမ်ဳိးစုေတြအတြက္ လူေနမႈအဆင့္အတန္း ပုိမုိေကာင္းမြန္ လာေရး၊ အခြင့္အေရးပုိမုိရရွိေရးတုိ ့အတြက္ ႀကိဳးပမ္းေနတယ္ဆုိတဲ့ ဆြန္နီအုပ္စု Jaish al Adl( တရားမွ်တေရး တပ္မေတာ္) က ယင္းတုိက္ခုိက္မႈဟာ ၄င္းတုိ ့လက္ခ်က္ျဖစ္တယ္လုိ ့ ထုတ္ျပန္ခဲ့ေၾကာင္း Fars သတင္းမွာ ေဖာ္ျပပါတယ္။ တုိင္းျပည္ရဲ ့ ပင္မ စစ္တပ္ဖြဲ ့၀င္မ်ားစြာ က်ဆုံးခဲ့ရမႈအတြက္ ေတာ္လွန္ေရးအေစာင့္တပ္ အႀကီးတန္းတပ္မွဴးတစ္ဦးက ႏုိင္ငံရဲ ့ ရန္သူေတြအေပၚ သတိေပးခ်က္ ထုတ္ျပန္ခဲ့ပါတယ္။ 

 

အီရန္တြင္ အေသခံဗုံးခြဲတုိက္ခုိက္မႈေၾကာင့္ ေတာ္လွန္ေရးအေစာင့္တပ္ဖြဲ ့၀င္ ၂၇ ဦး ေသဆုံး 


“ အစၥလာမ္မစ္ေတာ္လွန္ေရးကုိ ကာကြယ္ဖုိ ့အတြက္ ကၽြႏု္ပ္တုိ ့ရဲ ့ တုံ႔ျပန္မႈဟာ နယ္စည္းေတြ ကန္ ့သတ္ေနမွာ မဟုတ္ပါဘူး” လုိ ့ တပ္မွဴး အလီ ဖာဒါဗီက ေျပာဆုိခဲ့ပါတယ္။ “သည့္မတုိင္မီက ေတာ္လွန္ေရးအေစာင့္တပ္ရဲ ့လက္တုံ့ျပန္မႈေတြလုိပဲ ျပင္းထန္တဲ့ တုံ ့ျပန္မႈကုိ ရန္သူေတြ ခံရမွာပါ” လုိ ့ ၄င္းက ဆက္လက္ ႀကိမ္း၀ါးခဲ့ပါတယ္။ 
ယခင္က တုိက္ခုိက္ခံရမႈေတြမွာေတာ့ ဆြန္နီခြဲထြက္ေရးအုပ္စုေတြကုိ အေထာက္အပံ့ ေပးေနတဲ့ ေဒသတြင္းၿပိဳင္ဘက္ ဆြန္နီအာရပ္ ေဆာ္ဒီအာေရဗ်ႏုိင္ငံကုိ အီရန္က စြပ္စြဲေလ့ရွိခဲ့ပါတယ္။ ေဆာ္ဒီကေတာ့ ယင္း စြပ္စြဲခ်က္ေတြကုိ ပယ္ခ်ထားခဲ့တာပါ။ စစ္ေသြးၾကြအုပ္စုေတြဟာ အိမ္နီးခ်င္း ပါကစၥတန္ႏုိင္ငံမွာ ေဘးကင္းစြာခုိလႈံကာ တုိက္ခုိက္မႈေတြ လုပ္ေနတယ္လုိ ့ အီရန္ရဲ ့ ရွီယုိက္မြတ္ဆလင္ အာဏာပုိင္ေတြက ေျပာဆုိခဲ့ကာ ၄င္းတုိ ့ေတြကုိ ႏွိမ္နင္းေပးဖုိ ့ အိမ္နီးခ်င္းႏုိင္ငံကုိ အႀကိမ္ႀကိမ္ ေတာင္းဆုိမႈေတြလုပ္ထားပါတယ္။ 
- ကိုလင္း (အကုန္သိ သတင္းဌာန) | Ref:Reuters 
 

 

Unicode version

အီရန်တွင် အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် တော်လှန်ရေးအစောင့်တပ်ဖွဲ့ဝင် ၂၇ ဦး သေဆုံး 

အီရန်နိုင်ငံ အရှေ့တောင်ပိုင်းဒေသမှာ ဖေဖော်ဝါရီ ၁၃ ရက်နေ့က အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့တာကြောင့် အီရန်ရဲ့ လက်ရွေးစင် တော်လှန်ရေးအစောင့်တပ် IRGC တပ်ဖွဲ့ဝင် ၂၇ ဦး သေဆုံးခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာက ဖော်ပြပါတယ်။ အီရန် လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ ယင်းဒေသမှာ လူနည်းစုဆွန်နီ စစ်သွေးကြွတွေရဲ့ မြင့်တက်လာတဲ့ တိုက်ခိုက်မှုကို ရင်ဆိုင်နေခဲ့ရပါတယ်။ 
အသေခံဗုံးခွဲသမားဟာ ဖောက်ခွဲရေးပစ္စည်းတွေ တင်ဆောင်လာတဲ့ ယာဉ်တစ်စီးနဲ့အစောင့်တပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ ဘတ်စ်ကားတစ်စီးကို ဝင်တိုက်ဖောက်ခွဲ ပစ်ခဲ့တာဖြစ်ကြောင်း IRGC က ထုတ်ပြန်ခဲ့ကာ တိုက်ခိုက်မှုအတွင်း အခြား ၁၃ ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ သတင်းဌာနတွေက ပြခဲ့တဲ့ ဓါတ်ပုံတွေအရ ဘတ်စ်ကားဟာ ဗုံးဒဏ်ကြောင့် လိမ်ပိန်သွားကာ သတ္ထုအစုအပုံဖြစ်သွားခဲ့ပါတယ်။ 
လူနည်းစု ဘာလူချစ္စ လူမျိုးစုတွေအတွက် လူနေမှုအဆင့်အတန်း ပိုမိုကောင်းမွန် လာရေး၊ အခွင့်အရေးပိုမိုရရှိရေးတို့အတွက် ကြိုးပမ်းနေတယ်ဆိုတဲ့ ဆွန်နီအုပ်စု Jaish al Adl( တရားမျှတရေး တပ်မတော်) က ယင်းတိုက်ခိုက်မှုဟာ ၎င်းတို့လက်ချက်ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ကြောင်း Fars သတင်းမှာ ဖော်ပြပါတယ်။ တိုင်းပြည်ရဲ့ ပင်မ စစ်တပ်ဖွဲ့ဝင်များစွာ ကျဆုံးခဲ့ရမှုအတွက် တော်လှန်ရေးအစောင့်တပ် အကြီးတန်းတပ်မှူးတစ်ဦးက နိုင်ငံရဲ့ ရန်သူတွေအပေါ် သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ 
“ အစ္စလာမ်မစ်တော်လှန်ရေးကို ကာကွယ်ဖို့အတွက် ကျွနု်ပ်တို့ရဲ့ တုံ့ပြန်မှုဟာ နယ်စည်းတွေ ကန့်သတ်နေမှာ မဟုတ်ပါဘူး” လို့ တပ်မှူး အလီ ဖာဒါဗီက ပြောဆိုခဲ့ပါတယ်။ “သည့်မတိုင်မီက တော်လှန်ရေးအစောင့်တပ်ရဲ့လက်တုံ့ပြန်မှုတွေလိုပဲ ပြင်းထန်တဲ့ တုံ့ပြန်မှုကို ရန်သူတွေ ခံရမှာပါ” လို့ ၎င်းက ဆက်လက် ကြိမ်းဝါးခဲ့ပါတယ်။ 
ယခင်က တိုက်ခိုက်ခံရမှုတွေမှာတော့ ဆွန်နီခွဲထွက်ရေးအုပ်စုတွေကို အထောက်အပံ့ ပေးနေတဲ့ ဒေသတွင်းပြိုင်ဘက် ဆွန်နီအာရပ် ဆော်ဒီအာရေဗျနိုင်ငံကို အီရန်က စွပ်စွဲလေ့ရှိခဲ့ပါတယ်။ ဆော်ဒီကတော့ ယင်း စွပ်စွဲချက်တွေကို ပယ်ချထားခဲ့တာပါ။ စစ်သွေးကြွအုပ်စုတွေဟာ အိမ်နီးချင်း ပါကစ္စတန်နိုင်ငံမှာ ဘေးကင်းစွာခိုလှုံကာ တိုက်ခိုက်မှုတွေ လုပ်နေတယ်လို့ အီရန်ရဲ့ ရှီယိုက်မွတ်ဆလင် အာဏာပိုင်တွေက ပြောဆိုခဲ့ကာ ၎င်းတို့တွေကို နှိမ်နင်းပေးဖို့ အိမ်နီးချင်းနိုင်ငံကို အကြိမ်ကြိမ် တောင်းဆိုမှုတွေလုပ်ထားပါတယ်။ 
- ကိုလင်း (အကုန်သိ သတင်းဌာန) | Ref:Reuters 
 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။