Skip to main content
ဗိုလ္ခ်ဳပ္ေၾကးရုပ္ အတင္းအၾကပ္ထားရိွမႈအား ကန္႔ကြက္ဆႏၵျပသူမ်ားကို ရဲတပ္ဖြဲ႔မွ ေရာ္ဘာက်ည္ျဖင့္ ပစ္ခတ္ၿဖိဳခြင္း 
Ads Block

ဗိုလ္ခ်ဳပ္ေၾကးရုပ္ အတင္းအၾကပ္ထားရိွမႈအား ကန္႔ကြက္ဆႏၵျပသူမ်ားကို ရဲတပ္ဖြဲ႔မွ ေရာ္ဘာက်ည္ျဖင့္ ပစ္ခတ္ၿဖိဳခြင္း 

ကယားျပည္နယ္၊ လိြဳင္ေကာ္ၿမိဳ႕တြင္ ဗိုလ္ခ်ဳပ္ေၾကးရုပ္စိုက္ထူမႈကို ကန္႔ကြက္ဆႏၵျပေနၾကသည့္ ေထာင္ႏွင့္ခ်ီေသာ ကရင္နီ လူငယ္မ်ားကို ရဲတပ္ဖြဲ႔မွ ေရာ္ဘာက်ည္ျဖင့္ ပစ္ခတ္ၿဖိဳခြင္းမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

ဗိုလ္ခ်ဳပ္ေၾကးရုပ္ အတင္းအၾကပ္ထားရိွမႈအား ကန္႔ကြက္ဆႏၵျပသူမ်ားကို ရဲတပ္ဖြဲ႔မွ ေရာ္ဘာက်ည္ျဖင့္ ပစ္ခတ္ၿဖိဳခြင္း 


ေဖေဖၚ၀ါရီလ ၁၂ ရက္ (ျပည္ေထာင္စုေန႔) နံနက္ပိုင္း ၁၀ နာရီ အခ်ိန္တြင္ ဗိုလ္ခ်ဳပ္ေၾကးရုပ္စိုက္ထူထားေသာ လိြဳင္ေကာ္ၿမိဳ ႔ လယ္ ပန္းၿခံေရွ႕တြင္ စုရံုးေရာက္ရိွလာစဥ္ ရဲတပ္ဖြဲ႔မွ ပစ္ခတ္ၿဖိဳခြင္းခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
ထိုသို႔ ပစ္ခတ္ၿဖိဳခြင္းမႈေၾကာင့္ ဆႏၵေဖာ္ထုတ္သူအဖြဲ႔မ်ားမွ ထိခိုက္ဒဏ္ရာရရွိမႈအခ်ိဳ႕ရွိခဲ့ေသာ္လည္း ဆႏၵေဖာ္ထုတ္မႈမ်ားမွာ ရပ္တန္႔မသြားဘဲ ကရင္နီလူငယ္အင္အားစုသမၼဂၢအဖြဲ႔မွ ဦးေဆာင္ကာ မိန္႔ခြန္းမ်ားေျပာၾကား၍ ဆက္လက္ဆႏၵျပခဲ့ၾကသည္။

ဗိုလ္ခ်ဳပ္ေၾကးရုပ္ အတင္းအၾကပ္ထားရိွမႈအား ကန္႔ကြက္ဆႏၵျပသူမ်ားကို ရဲတပ္ဖြဲ႔မွ ေရာ္ဘာက်ည္ျဖင့္ ပစ္ခတ္ၿဖိဳခြင္း 


ဆႏၵျပ စစ္ေၾကာင္းေလးေၾကာင္းျဖင့္ (ပန္ကန္း၊ ခ်ိကယ္၊ နာရီစင္၊ ၿမိဳ ့နယ္ေစတီလမ္းၾကား) ခ်ီတက္လာခဲ့ရာမွ ေထာင္ႏွင့္ခ်ီေသာ ဆႏၵျပသူမ်ားသည္  ဗိုလ္ခ်ဳပ္ ေၾကးရုပ္ထု တည္ထားသည့္ ပန္းၿခံသို႔ စုရံုးေရာက္ရိွလာျခင္း ျဖစ္ေၾကာင္းလည္း သိရသည္။
ဗိုလ္ခ်ဳပ္ေၾကးရုပ္စိုက္ထူမႈႏွင့္ ပတ္သက္၍ ဗမာႏိုင္ငံလံုးဆုိင္ရာ ေက်ာင္းသားသမၼဂၢအဖြဲ႔ခ်ဳပ္၏ သတင္းထုတ္ျပန္ခ်က္၌လည္း လက္ရွိအစိုးရ တာ၀န္ရွိသူမ်ားဘက္က ယေန႔(ေဖေဖာ္၀ါရီလ ၁၂ ရက္)ေန႔လယ္ ၁၂ နာရီမတိုင္မီ လာေရာက္ညွိႏိႈင္းရန္ ေတာင္းဆိုခဲ့ၾကၿပီး လာေရာက္မေတြ႔ဆံုပါက ပိုမိုျပင္းထန္သည့္ တုန္႔ျပန္မႈကိုေတြ႔ႀကံဳရမည္ဟုလည္း သတိေပးထားေၾကာင္း သိရသည္။

ဗိုလ္ခ်ဳပ္ေၾကးရုပ္ အတင္းအၾကပ္ထားရိွမႈအား ကန္႔ကြက္ဆႏၵျပသူမ်ားကို ရဲတပ္ဖြဲ႔မွ ေရာ္ဘာက်ည္ျဖင့္ ပစ္ခတ္ၿဖိဳခြင္း


ဗိုလ္ခ်ဳပ္ေၾကးရုပ္စိုက္ထူျခင္းကို ကန္႔ကြက္ရျခင္းမွား ကယားျပည္နယ္သည္ သမိုင္းေၾကာင္းအရ သီးျခားလြတ္လပ္ေသာ ျပည္ နယ္အျဖစ္တည္ရွိေနကာ ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ ျမန္မာ့လြတ္လပ္ေရး ႀကိဳးပမ္းမႈႏွင့္ အလ်ဥ္းသက္ဆိုင္ျခင္းမရွိျခင္းေၾကာင့္ ျဖစ္ေၾကာင္း Karenni National Society (Japan) ၏ သေဘာထားထုတ္ျပန္ထားသည္။
ေဒသခံမ်ား၏ ကန္႔ကြက္မႈမ်ားရိွေနသည့္ၾကားမွ ျပည္နယ္အစိုးရမွ ဗိုလ္ခ်ဳပ္ ရုပ္တုကို အတင္းအၾကပ္စိုက္ထူခဲ့သည့္အတြက္ ယုခဲ့သို႔ အေျခအေနတင္းမာမႈမ်ား ျဖစ္ေပၚေနျခင္း ျဖစ္ၿပီး ျပည္နယ္အစိုးရအေပၚ ျပစ္တင္ေ၀ဖန္မႈမ်ားလည္း ျမင့္တက္ေနျခင္း ျဖစ္သည္။

photo: KnIC/PKPF
 

- ဒါးဇ(အကုန္သိ သတင္းဌာန)


Unicode version

ဗိုလ်ချုပ်ကြေးရုပ် အတင်းအကြပ်ထားရှိမှုအား ကန့်ကွက်ဆန္ဒပြသူများကို ရဲတပ်ဖွဲ့မှ ရော်ဘာကျည်ဖြင့် ပစ်ခတ်ဖြိုခွင်း 
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူမှုကို ကန့်ကွက်ဆန္ဒပြနေကြသည့် ထောင်နှင့်ချီသော ကရင်နီ လူငယ်များကို ရဲတပ်ဖွဲ့မှ ရော်ဘာကျည်ဖြင့် ပစ်ခတ်ဖြိုခွင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖေဖေါ်ဝါရီလ ၁၂ ရက် (ပြည်ထောင်စုနေ့) နံနက်ပိုင်း ၁၀ နာရီ အချိန်တွင် ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူထားသော လွိုင်ကော်မြို့ လယ် ပန်းခြံရှေ့တွင် စုရုံးရောက်ရှိလာစဉ် ရဲတပ်ဖွဲ့မှ ပစ်ခတ်ဖြိုခွင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်ဖြိုခွင်းမှုကြောင့် ဆန္ဒဖော်ထုတ်သူအဖွဲ့များမှ ထိခိုက်ဒဏ်ရာရရှိမှုအချို့ရှိခဲ့သော်လည်း ဆန္ဒဖော်ထုတ်မှုများမှာ ရပ်တန့်မသွားဘဲ ကရင်နီလူငယ်အင်အားစုသမ္မဂ္ဂအဖွဲ့မှ ဦးဆောင်ကာ မိန့်ခွန်းများပြောကြား၍ ဆက်လက်ဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြ စစ်ကြောင်းလေးကြောင်းဖြင့် (ပန်ကန်း၊ ချိကယ်၊ နာရီစင်၊ မြို့နယ်စေတီလမ်းကြား) ချီတက်လာခဲ့ရာမှ ထောင်နှင့်ချီသော ဆန္ဒပြသူများသည်  ဗိုလ်ချုပ် ကြေးရုပ်ထု တည်ထားသည့် ပန်းခြံသို့ စုရုံးရောက်ရှိလာခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူမှုနှင့် ပတ်သက်၍ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမ္မဂ္ဂအဖွဲ့ချုပ်၏ သတင်းထုတ်ပြန်ချက်၌လည်း လက်ရှိအစိုးရ တာဝန်ရှိသူများဘက်က ယနေ့(ဖေဖော်ဝါရီလ ၁၂ ရက်)နေ့လယ် ၁၂ နာရီမတိုင်မီ လာရောက်ညှိနှိုင်းရန် တောင်းဆိုခဲ့ကြပြီး လာရောက်မတွေ့ဆုံပါက ပိုမိုပြင်းထန်သည့် တုန့်ပြန်မှုကိုတွေ့ကြုံရမည်ဟုလည်း သတိပေးထားကြောင်း သိရသည်။
ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူခြင်းကို ကန့်ကွက်ရခြင်းမှား ကယားပြည်နယ်သည် သမိုင်းကြောင်းအရ သီးခြားလွတ်လပ်သော ပြည် နယ်အဖြစ်တည်ရှိနေကာ ဗိုလ်ချုပ်အောင်ဆန်း၏ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုနှင့် အလျဉ်းသက်ဆိုင်ခြင်းမရှိခြင်းကြောင့် ဖြစ်ကြောင်း Karenni National Society (Japan) ၏ သဘောထားထုတ်ပြန်ထားသည်။
ဒေသခံများ၏ ကန့်ကွက်မှုများရှိနေသည့်ကြားမှ ပြည်နယ်အစိုးရမှ ဗိုလ်ချုပ် ရုပ်တုကို အတင်းအကြပ်စိုက်ထူခဲ့သည့်အတွက် ယုခဲ့သို့ အခြေအနေတင်းမာမှုများ ဖြစ်ပေါ်နေခြင်း ဖြစ်ပြီး ပြည်နယ်အစိုးရအပေါ် ပြစ်တင်ဝေဖန်မှုများလည်း မြင့်တက်နေခြင်း ဖြစ်သည်။

photo: KnIC/PKPF
 

- ဒါးဇ(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။