Skip to main content
လာမည့္ရာသီတြင္ မန္ယူအသင္းအေနျဖင့္ ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ စိန္ေခၚႏိုင္မည္ဟု မန္ယူကစားသမား မာတစ္ ေျပာဆုိ 
Ads Block

လာမည့္ရာသီတြင္ မန္ယူအသင္းအေနျဖင့္ ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ စိန္ေခၚႏိုင္မည္ဟု မန္ယူကစားသမား မာတစ္ ေျပာဆုိ 

မန္ယူအသင္း ယာယီမန္ေနဂ်ာ ဆုိးလ္ရွား၏ လက္ေအာက္တြင္ ျပန္လည္ေကာင္းမြန္လာသည့္ ေျခစြမ္းပံုစံေၾကာင့္ မန္ယူအသင္းအေနျဖင့္ လာမည့္ ေဘာလံုးရာသီတြင္ ပရီးမီးယားလိဂ္ခ်န္ပီယံဆုဖလား ဆြတ္ခူးႏုိင္ေရးအတြက္ စိန္ေခၚ ႏိုင္စြမ္းရွိလာလိမ့္မည္ျဖစ္ေၾကာင္း မန္ယူအသင္း ကြင္းလယ္ခံစစ္ကစားသမား နီမန္ဂ်ာမာတစ္က ထုတ္ေဖာ္ေျပာဆုိ လိုက္သည္။

လာမည့္ရာသီတြင္ မန္ယူအသင္းအေနျဖင့္ ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ စိန္ေခၚႏိုင္မည္ဟု မန္ယူကစားသမား မာတစ္ ေျပာဆုိ 

မန္ယူအသင္းသည္ ယခုႏွစ္ ပရီးမီးယားလိဂ္ၿပိဳင္ပြဲတြင္ ပြဲစဥ္ ၂၆ ကစားၿပီးခ်ိန္၌ ရမွတ္ ၅၁ မွတ္ျဖင့္ အမွတ္ေပးဇယား၏ စတုတၳေနရာကို ရယူထားႏုိင္သည့္အသင္းျဖစ္သည္။ မန္ယူအသင္းအား မန္ေနဂ်ာ ေမာ္ရင္ညိဳ တာ၀န္ယူစဥ္အတြင္း ေမာ္ရင္ညိဳက ယခုႏွစ္ေဘာလံုးရာသီ၏ ပရီးမီးယားလိဂ္အမွတ္ေပးဇယားတြင္ မန္ယူအသင္းအေနျဖင့္ အဆင့္ ၄ ေနရာ ရယူႏိုင္ခဲ့ပါက အံ့အားသင့္ဖြယ္ျဖစ္ရပ္ ျဖစ္လာလိမ့္မည္ဟု ေျပာဆုိခဲ့ဖူးသည္။ မန္ယူအသင္းသည္ ေမာ္ရင္ညိဳအား ရာထူးမွ ထုတ္ပယ္ခဲ့ၿပီးေနာက္ ယာယီမန္ေနဂ်ာအျဖစ္ ခန္႔အပ္ခဲ့သည့္ ဆုိးလ္ရွား၏ လက္ေအာက္တြင္ ၁၁ ပြဲ ယွဥ္ၿပိဳင္ ကစားခဲ့ရာ ႐ံႈးပြဲမရွိခဲ့ဘဲ သေရပြဲတစ္ပြဲသာ ႀကံဳေတြ႕ခဲ့ကာ က်န္ပြဲအားလံုး အႏုိင္ရရွိခဲ့သည္။ ဆားဘီးယားကစားသမား မာတစ္က “ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ ေအာင္ျမင္မႈ ရရွိဖို႔ဆိုရင္ ၿပီးခဲ့တဲ့ အမွတ္ေပးပြဲ ၇ ပြဲ ၈ ပြဲ ေလာက္တုန္းက မန္ယူအသင္း ႏုိင္ပြဲေတြ ရရွိခ့ဲသလိုမ်ိဳး အႏုိင္ယူႏုိင္ဖို႔ လိုအပ္သလို ေရွ႕ဆက္ၿပီးလည္း ႏိုင္ပြဲေတြ ရယူ ႏုိင္ဖို႔ လိုပါတယ္။ ကၽြန္ေတာ္တုိ႔အေနနဲ႔ ေလ့လာသင္ယူမႈေတြလည္း ဆက္လုပ္သြားရမွာပါ။ လာမယ့္ ေဘာလံုးရာသီမွာ မန္ယူအသင္းက အခုေျခစြမ္းမ်ိဳးအတိုင္း ဆက္လက္ကစားႏိုင္ခဲ့မယ္ဆုိရင္ မန္ယူအသင္းဟာ အဲဒီရာသီရဲ႕ ပရီးမီးယား လိဂ္ခ်န္ပီယံဆုအတြက္ စိန္ေခၚႏုိင္တဲ့ အသင္းေတြအနက္က တစ္သင္းျဖစ္လာမွာပါ”ဟု ေျပာဆုိခဲ့သည္။ မန္ယူအသင္းသည္ ပရီးမီးယားလိဂ္ (ယခင္ အဂၤလန္ပထမတန္း) ၿပိဳင္ပဲြသမိုင္းေၾကာင္းတစ္ေလွ်ာက္ ခ်န္ပီယံဆုအား အႀကိမ္ ၂၀ ရရွိထားၿပီး ၿပိဳင္ပြဲသမိုင္းေၾကာင္းတစ္ေလွ်ာက္ အေအာင္ျမင္ဆံုးအသင္းအျဖစ္ ရပ္တည္ေနေသာ္လည္း ၂၀၁၂-၁၃ ခုႏွစ္ေဘာလံုးရာသီတြင္ ခ်န္ပီယံဆု ရရွိၿပီးေနာက္ပိုင္း အမွတ္ေပးၿပိဳင္ပြဲတြင္ ထပ္မံေအာင္ပြဲခံႏိုင္ျခင္းမရွိေပ။ မန္ယူအသင္း ကစားသမားမ်ားအေနျဖင့္ ယာယီမန္ေနဂ်ာ ဆုိးလ္ရွား၏ လက္ေအာက္တြင္ စိတ္ေနစိတ္ထားပိုင္း မ်ားစြာ တိုးတက္လာခဲ့သည္မွာလည္း သံသယရွိစရာ မရွိေၾကာင္း ကြင္းလယ္ခံစစ္ကစားသမား မာတစ္က ဆက္လက္ေျပာဆုိခဲ့ သည္။ “ဆိုးလ္ရွားက အေကာင္းျမင္၀ါဒရွိသူပါ။ ကြင္းထဲမွာ ကၽြန္ေတာ္တုိ႔ ေကာင္းေကာင္း မကစားႏုိင္ခ်ိန္မွာ သူ႔အေနနဲ႔ အနည္းငယ္ေလာက္ေတာ့ ေအာ္ဟစ္ေျပာဆုိမႈေတြ ရွိႏိုင္ပါတယ္။ ဒါေပမယ့္ သူက အၿမဲတမ္း အေကာင္းျမင္တတ္သူပါ။ သတင္းစာရွင္းလင္းပြဲမွာေရာ အသင္းရဲ႕ အ၀တ္လဲခန္းအတြင္းမွာပါ ဆိုးလ္ရွားရဲ႕ စိတ္ေနစိတ္ထားက အတူတူပါပဲ”ဟု မာတစ္က ေျပာဆုိခဲ့သည္။

- အကုန္သိ သတင္းဌာန


Unicode version

လာမည့်ရာသီတွင် မန်ယူအသင်းအနေဖြင့် ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် စိန်ခေါ်နိုင်မည်ဟု မန်ယူကစားသမား မာတစ် ပြောဆို 
မန်ယူအသင်း ယာယီမန်နေဂျာ ဆိုးလ်ရှား၏ လက်အောက်တွင် ပြန်လည်ကောင်းမွန်လာသည့် ခြေစွမ်းပုံစံကြောင့် မန်ယူအသင်းအနေဖြင့် လာမည့် ဘောလုံးရာသီတွင် ပရီးမီးယားလိဂ်ချန်ပီယံဆုဖလား ဆွတ်ခူးနိုင်ရေးအတွက် စိန်ခေါ် နိုင်စွမ်းရှိလာလိမ့်မည်ဖြစ်ကြောင်း မန်ယူအသင်း ကွင်းလယ်ခံစစ်ကစားသမား နီမန်ဂျာမာတစ်က ထုတ်ဖော်ပြောဆို လိုက်သည်။ မန်ယူအသင်းသည် ယခုနှစ် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ပွဲစဉ် ၂၆ ကစားပြီးချိန်၌ ရမှတ် ၅၁ မှတ်ဖြင့် အမှတ်ပေးဇယား၏ စတုတ္ထနေရာကို ရယူထားနိုင်သည့်အသင်းဖြစ်သည်။ မန်ယူအသင်းအား မန်နေဂျာ မော်ရင်ညို တာဝန်ယူစဉ်အတွင်း မော်ရင်ညိုက ယခုနှစ်ဘောလုံးရာသီ၏ ပရီးမီးယားလိဂ်အမှတ်ပေးဇယားတွင် မန်ယူအသင်းအနေဖြင့် အဆင့် ၄ နေရာ ရယူနိုင်ခဲ့ပါက အံ့အားသင့်ဖွယ်ဖြစ်ရပ် ဖြစ်လာလိမ့်မည်ဟု ပြောဆိုခဲ့ဖူးသည်။ မန်ယူအသင်းသည် မော်ရင်ညိုအား ရာထူးမှ ထုတ်ပယ်ခဲ့ပြီးနောက် ယာယီမန်နေဂျာအဖြစ် ခန့်အပ်ခဲ့သည့် ဆိုးလ်ရှား၏ လက်အောက်တွင် ၁၁ ပွဲ ယှဉ်ပြိုင် ကစားခဲ့ရာ ရှုံးပွဲမရှိခဲ့ဘဲ သရေပွဲတစ်ပွဲသာ ကြုံတွေ့ခဲ့ကာ ကျန်ပွဲအားလုံး အနိုင်ရရှိခဲ့သည်။ ဆားဘီးယားကစားသမား မာတစ်က “ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အောင်မြင်မှု ရရှိဖို့ဆိုရင် ပြီးခဲ့တဲ့ အမှတ်ပေးပွဲ ၇ ပွဲ ၈ ပွဲ လောက်တုန်းက မန်ယူအသင်း နိုင်ပွဲတွေ ရရှိခဲ့သလိုမျိုး အနိုင်ယူနိုင်ဖို့ လိုအပ်သလို ရှေ့ဆက်ပြီးလည်း နိုင်ပွဲတွေ ရယူ နိုင်ဖို့ လိုပါတယ်။ ကျွန်တော်တို့အနေနဲ့ လေ့လာသင်ယူမှုတွေလည်း ဆက်လုပ်သွားရမှာပါ။ လာမယ့် ဘောလုံးရာသီမှာ မန်ယူအသင်းက အခုခြေစွမ်းမျိုးအတိုင်း ဆက်လက်ကစားနိုင်ခဲ့မယ်ဆိုရင် မန်ယူအသင်းဟာ အဲဒီရာသီရဲ့ ပရီးမီးယား လိဂ်ချန်ပီယံဆုအတွက် စိန်ခေါ်နိုင်တဲ့ အသင်းတွေအနက်က တစ်သင်းဖြစ်လာမှာပါ”ဟု ပြောဆိုခဲ့သည်။ မန်ယူအသင်းသည် ပရီးမီးယားလိဂ် (ယခင် အင်္ဂလန်ပထမတန်း) ပြိုင်ပွဲသမိုင်းကြောင်းတစ်လျှောက် ချန်ပီယံဆုအား အကြိမ် ၂၀ ရရှိထားပြီး ပြိုင်ပွဲသမိုင်းကြောင်းတစ်လျှောက် အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေသော်လည်း ၂၀၁၂-၁၃ ခုနှစ်ဘောလုံးရာသီတွင် ချန်ပီယံဆု ရရှိပြီးနောက်ပိုင်း အမှတ်ပေးပြိုင်ပွဲတွင် ထပ်မံအောင်ပွဲခံနိုင်ခြင်းမရှိပေ။ မန်ယူအသင်း ကစားသမားများအနေဖြင့် ယာယီမန်နေဂျာ ဆိုးလ်ရှား၏ လက်အောက်တွင် စိတ်နေစိတ်ထားပိုင်း များစွာ တိုးတက်လာခဲ့သည်မှာလည်း သံသယရှိစရာ မရှိကြောင်း ကွင်းလယ်ခံစစ်ကစားသမား မာတစ်က ဆက်လက်ပြောဆိုခဲ့ သည်။ “ဆိုးလ်ရှားက အကောင်းမြင်ဝါဒရှိသူပါ။ ကွင်းထဲမှာ ကျွန်တော်တို့ ကောင်းကောင်း မကစားနိုင်ချိန်မှာ သူ့အနေနဲ့ အနည်းငယ်လောက်တော့ အော်ဟစ်ပြောဆိုမှုတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် သူက အမြဲတမ်း အကောင်းမြင်တတ်သူပါ။ သတင်းစာရှင်းလင်းပွဲမှာရော အသင်းရဲ့ အဝတ်လဲခန်းအတွင်းမှာပါ ဆိုးလ်ရှားရဲ့ စိတ်နေစိတ်ထားက အတူတူပါပဲ”ဟု မာတစ်က ပြောဆိုခဲ့သည်။

- အကုန်သိ သတင်းဌာန

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။