Skip to main content
ရန္ကုန္မိုးပ်ံ အျမန္လမ္းအတြက္ ေရြးခ်ယ္ထားသည့္ ကုမၸဏီ ၁၀ ခု ေမလတြင္ စီမံကိန္းပေရာဂ်က္ တင္ရမည္ဟုဆို
Ads Block

ရန္ကုန္မိုးပ်ံ အျမန္လမ္းအတြက္ ေရြးခ်ယ္ထားသည့္ ကုမၸဏီ ၁၀ ခု ေမလတြင္ စီမံကိန္းပေရာဂ်က္ တင္ရမည္ဟုဆို

ရန္ကုန္ၿမိဳ႕ကို “ဂ” ပတ္ ပတ္မည့္ အတြင္းပတ္လမ္း (ရန္ကုန္မိုးပ်ံအျမန္လမ္း) သတ္မွတ္အရည္အခ်င္းႏွင့္ ျပည့္မီသည့္ ကုမၸဏီ (၁၀) ခုကို ေ႐ြးခ်ယ္ထားၿပီး အဆိုပါ ကုမၸဏီမ်ားမွ ေမလတြင္ စီမံကိန္းပေရာဂ်က္ တင္ရမည္ျဖစ္ေၾကာင္း ေဆာက္လုပ္ေရး ဝန္ႀကီးဌာနမွ သိရသည္။
လက္ရွိတြင္ စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာနႏွင့္ အစိုးရမွေပးႏိုင္မႈအာမခံခ်က္အေျခအေနကို ညႇိႏႈိင္းေနေၾကာင္း၊ ယင္းအျပင္ ဝန္ႀကီးဌာနအခ်င္းခ်င္း ေဆြးေႏြးညႇိႏႈိင္းၿပီးပါက ကုမၸဏီမ်ားႏွင့္ ဆက္လက္ေဆြးေႏြးသြားမည္ျဖစ္ကာ ေမလ (သို႔မဟုတ္) ဇြန္လ တြင္ စီမံကိန္းပေရာဂ်က္ကို ကုမၸဏီမ်ားမွ တင္ရမည္ျဖစ္ၿပီး ယင္းမွ ေနာက္ဆုံးကုမၸဏီတစ္ခုကိုသာ ေ႐ြးခ်ယ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
“ တင္ဒါကိစၥေတြ အားလုံးၿပီးၿပီဆိုမွ စီမံကိန္းစလို႔ရမွာ။ ဇူလိုင္လ ေလာက္ေတာ့ မွန္းထားတယ္။ မွန္းထားတဲ့ရက္ထက္ တစ္လ ေတာ့ ေနာက္က်သြားတယ္။ ၿပီးေတာ့ လမ္းတစ္ခုတည္းပါပဲ။ ရထားလမ္းမပါဘူး။ ရထားလမ္းက သက္သက္ပါ” ဟု ေဆာက္ လုပ္ေရးဝန္ႀကီးဌာန၊ ဒုတိယ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးၾကည္ေဇာ္ျမင့္က ေျပာသည္။

ရန္ကုန္မိုးပ်ံ အျမန္လမ္းအတြက္ ေရြးခ်ယ္ထားသည့္ ကုမၸဏီ ၁၀ ခု ေမလတြင္ စီမံကိန္းပေရာဂ်က္ တင္ရမည္ဟုဆို

ယင္းအျပင္ ျပန္လည္ရရွိမည့္ ေငြေၾကးစနစ္အေနျဖင့္ Inner Ring Road ကို အသုံးျပဳသြားလာမည္ျဖစ္ၿပီး ေမာ္ေတာ္ယာဥ္မ်ားထံမွ လမ္းျဖတ္သန္းခေကာက္ခံၿပီး အရင္းေက်ရန္ႏွင့္ အက်ိဳးအျမတ္ရရန္တို႔ကို စီမံေဆာင္႐ြက္သြားရမည့္ စနစ္ျဖစ္ေၾကာင္း သိရသည္။ 
အတြင္းပတ္လမ္းစီမံကိန္း၏ လမ္းေၾကာင္းကို ကမ္းနားလမ္းႏွင့္ ဗိုလ္တေထာင္ဘုရားလမ္းမွ စတင္မည္ျဖစ္ၿပီး ယင္းမွတစ္ဆင့္ ဗိုလ္ခ်ဳပ္လမ္း၊ ေအာက္ပုဇြန္ေတာင္လမ္း၊ ၾကက္ဘဲေဈးကိုျဖတ္၍ သံသုမာလမ္းအတိုင္း တတ္မည္ျဖစ္ၿပီး ေတာင္ဥကၠလာ ေဂါက္ကြင္း၊ ေျမာက္ဥကၠလာလမ္းအတိုင္း ဆက္သြားမည္ျဖစ္ကာ ယင္းမွ မဂၤလာဒုံစက္မႈဇုန္၊ ခေရပင္လမ္း အတိုင္းျပန္ခ်ိဳး၍ ဘုရင့္ ေနာင္လမ္း အတိုင္းဆက္သြားကာ ကြန္ကရစ္လမ္းအစကို ျပန္ေရာက္မည္ျဖစ္ေၾကာင္း သိရသည္။
အတြင္းပတ္လမ္း၊ အျပင္ပတ္လမ္းစီမံကိန္းကို ယခင္အစိုးရလက္ထက္တြင္ ဂ်ပန္အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္ ႐ြက္ေရး ေအဂ်င္စီ (JICA) မွတင္ျပခဲ့ၿပီး ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားသည့္အတြက္ စီမံကိန္းၾကန႔္ၾကာေနရျခင္း ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ၂၀၁၉ ခုႏွစ္အတြင္း အေကာင္အထည္ ေဖာ္ေဆာင္႐ြက္မည့္ အတြင္းပတ္လမ္းကို သုံးႏွစ္အတြင္း ေဆာင္႐ြက္သြား မည္ျဖစ္ေၾကာင္း သိရသည္။

- စုသက္ႏွင္း (အကုန္သိသတင္းဌာန)

 

Unicode version

ရန်ကုန်မိုးပျံ အမြန်လမ်းအတွက် ရွေးချယ်ထားသည့် ကုမ္ပဏီ (၁၀) ခု မေလတွင် စီမံကိန်းပရောဂျက် တင်ရမည်ဟုဆို

ရန်ကုန်မြို့ကို “ဂ” ပတ် ပတ်မည့် အတွင်းပတ်လမ်း (ရန်ကုန်မိုးပျံအမြန်လမ်း) သတ်မှတ်အရည်အချင်းနှင့် ပြည့်မီသည့် ကုမ္ပဏီ (၁၀) ခုကို ရွေးချယ်ထားပြီး အဆိုပါ ကုမ္ပဏီများမှ မေလတွင် စီမံကိန်းပရောဂျက် တင်ရမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သိရသည်။
လက်ရှိတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် အစိုးရမှပေးနိုင်မှုအာမခံချက်အခြေအနေကို ညှိနှိုင်းနေကြောင်း၊ ယင်းအပြင် ဝန်ကြီးဌာနအချင်းချင်း ဆွေးနွေးညှိနှိုင်းပြီးပါက ကုမ္ပဏီများနှင့် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကာ မေလ (သို့မဟုတ်) ဇွန်လ တွင် စီမံကိန်းပရောဂျက်ကို ကုမ္ပဏီများမှ တင်ရမည်ဖြစ်ပြီး ယင်းမှ နောက်ဆုံးကုမ္ပဏီတစ်ခုကိုသာ ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
“ တင်ဒါကိစ္စတွေ အားလုံးပြီးပြီဆိုမှ စီမံကိန်းစလို့ရမှာ။ ဇူလိုင်လ လောက်တော့ မှန်းထားတယ်။ မှန်းထားတဲ့ရက်ထက် တစ်လ တော့ နောက်ကျသွားတယ်။ ပြီးတော့ လမ်းတစ်ခုတည်းပါပဲ။ ရထားလမ်းမပါဘူး။ ရထားလမ်းက သက်သက်ပါ” ဟု ဆောက် လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇော်မြင့်က ပြောသည်။
ယင်းအပြင် ပြန်လည်ရရှိမည့် ငွေကြေးစနစ်အနေဖြင့် Inner Ring Road ကို အသုံးပြုသွားလာမည်ဖြစ်ပြီး မော်တော်ယာဉ်များထံမှ လမ်းဖြတ်သန်းခကောက်ခံပြီး အရင်းကျေရန်နှင့် အကျိုးအမြတ်ရရန်တို့ကို စီမံဆောင်ရွက်သွားရမည့် စနစ်ဖြစ်ကြောင်း သိရသည်။ 
အတွင်းပတ်လမ်းစီမံကိန်း၏ လမ်းကြောင်းကို ကမ်းနားလမ်းနှင့် ဗိုလ်တထောင်ဘုရားလမ်းမှ စတင်မည်ဖြစ်ပြီး ယင်းမှတစ်ဆင့် ဗိုလ်ချုပ်လမ်း၊ အောက်ပုဇွန်တောင်လမ်း၊ ကြက်ဘဲဈေးကိုဖြတ်၍ သံသုမာလမ်းအတိုင်း တတ်မည်ဖြစ်ပြီး တောင်ဥက္ကလာ ဂေါက်ကွင်း၊ မြောက်ဥက္ကလာလမ်းအတိုင်း ဆက်သွားမည်ဖြစ်ကာ ယင်းမှ မင်္ဂလာဒုံစက်မှုဇုန်၊ ခရေပင်လမ်း အတိုင်းပြန်ချိုး၍ ဘုရင့် နောင်လမ်း အတိုင်းဆက်သွားကာ ကွန်ကရစ်လမ်းအစကို ပြန်ရောက်မည်ဖြစ်ကြောင်း သိရသည်။
အတွင်းပတ်လမ်း၊ အပြင်ပတ်လမ်းစီမံကိန်းကို ယခင်အစိုးရလက်ထက်တွင် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေး အေဂျင်စီ (JICA) မှတင်ပြခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုများသည့်အတွက် စီမံကိန်းကြန့်ကြာနေရခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ၂၀၁၉ ခုနှစ်အတွင်း အကောင်အထည် ဖော်ဆောင်ရွက်မည့် အတွင်းပတ်လမ်းကို သုံးနှစ်အတွင်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

- စုသက်နှင်း (အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။