Skip to main content
ေအာင္ပြဲခံစဥ္ ပရိသတ္တစ္ဦး၏ မ်က္မွန္က်ိဳးသြားခဲ့ျခင္းအတြက္ ကာဒစ္ဖ္ခံစစ္မွဴး ဘမ္ဘာ ေတာင္းပန္ 
Ads Block

ေအာင္ပြဲခံစဥ္ ပရိသတ္တစ္ဦး၏ မ်က္မွန္က်ိဳးသြားခဲ့ျခင္းအတြက္ ကာဒစ္ဖ္ခံစစ္မွဴး ဘမ္ဘာ ေတာင္းပန္ 

ပရီးမီးယားလိဂ္ကလပ္ ကာဒစ္ဖ္အသင္း ဗဟိုခံစစ္မွဴး ဆိုးလ္ဘမ္ဘာက ၿပီးခဲ့သည့္ ေဖေဖာ္၀ါရီလ ၉ ရက္တြင္ ကာဒစ္ဖ္ အသင္းက အေ၀းကြင္း၌ ေဆာက္သမ္တန္အသင္းအား ၂-၁ ျဖင့္ အႏုိင္ရရွိခဲ့ေသာ ပရီးမီးယားလိဂ္ပြဲစဥ္၌ ၎၏ ေအာင္ပြဲခံမႈေၾကာင့္ မ်က္မွန္က်ိဳးပဲ့ပ်က္ဆီးသြားခဲ့ရသည့္ ကာဒစ္ဖ္အသင္းပရိသတ္တစ္ဦးအား လူမႈေရးစာမ်က္ႏွာမွ တဆင့္ ေတာင္းပန္မႈ ျပဳလုပ္ခဲ့ေၾကာင္း သတင္းမ်ားတြင္ ေရးသားေဖာ္ျပထားသည္။

ေအာင္ပြဲခံစဥ္ ပရိသတ္တစ္ဦး၏ မ်က္မွန္က်ိဳးသြားခဲ့ျခင္းအတြက္ ကာဒစ္ဖ္ခံစစ္မွဴး ဘမ္ဘာ ေတာင္းပန္ 

အဆိုပါပြဲစဥ္တြင္ အိုင္ဗရီကို႔စ္ဗဟိုခံစစ္မွဴး ဘမ္ဘာ(၃၄ႏွစ္)သည္ ပြဲခ်ိန္ ၆၉ မိနစ္၌ ကာဒစ္ဖ္အသင္းအတြက္ ဦးေဆာင္ ဂိုး သြင္းယူေပးႏိုင္ခဲ့သူျဖစ္သည္။ ခံစစ္မွဴး ဘမ္ဘာသည္ ဂိုးသြင္းယူၿပီးေနာက္ ကာဒစ္ဖ္အသင္းပရိသတ္မ်ားရွိရာသို႔ ေျပး ကာ ေအာင္ပြဲခံခ်ိန္တြင္ ကာဒစ္ဖ္အသင္း၏ ပရိသတ္တစ္ဦးျဖစ္သူ ႏိုအာဘက္ဘီသည္ ခံစစ္မွဴး ဘမ္ဘာအား ေပြ႕ဖက္ ေအာင္ပြဲခံခဲ့ေသာေၾကာင့္ ႏိုအာဘက္တီ၏ ၀တ္ဆင္ထားသည့္ မ်က္မွန္ က်ိဳးပဲ့ခဲ့ရျခင္းျဖစ္သည္။

ေအာင္ပြဲခံစဥ္ ပရိသတ္တစ္ဦး၏ မ်က္မွန္က်ိဳးသြားခဲ့ျခင္းအတြက္ ကာဒစ္ဖ္ခံစစ္မွဴး ဘမ္ဘာ ေတာင္းပန္ 

ႏိုအာဘက္ဘီက က်ိဳးပဲ့သြားသည့္ မ်က္မွန္အား ဓာတ္ပံု႐ိုက္ကူးကာ သူ၏ Twitter စာမ်က္ႏွာတြင္ ေဖာ္ျပခဲ့ၿပီး အဆိုပါ ဓာတ္ပံုႏွင့္အတူ “ဒီေန႔မွာ ဘမ္ဘာနဲ႔အတူ ေအာင္ပြဲခံခဲ့တာေၾကာင့္ ကၽြန္ေတာ့္ရဲ႕ မ်က္မွန္ က်ိဳးပဲ့သြားရတာက တန္ပါတယ္”ဟု ေရးသားေဖာ္ျပခဲ့သည္။ ႏိုအာဘက္ဘီ၏ မွ်ေ၀မႈအား ခံစစ္မွဴး ဘမ္ဘာက တုန္႔ျပန္ေရးသားခဲ့ျခင္းေၾကာင့္ ႏိုအာဘက္ဘီ အံ့အားသင့္သြားခဲ့ရ သည္ဟုဆုိသည္။ ခံစစ္မွဴး ဘမ္ဘာက ႏိုအာဘက္ဘီ၏ မွ်ေ၀မႈအေပၚ “မ်က္မွန္ က်ိဳးပဲ့သြားရတ့ဲအတြက္ ေတာင္းပန္ပါတယ္။ ခင္ဗ်ားက ကၽြန္ေတာ့္ကို ကၽြန္ေတာ့္ရဲ႕ ဇနီးထက္ တင္းတင္းၾကပ္ၾကပ္ ေပြ႕ဖက္ခဲ့တာပဲ”ဟု ျပန္လည္ေရးသားခဲ့ျခင္းျဖစ္သည္။ ကာဒစ္ဖ္အသင္း၏ အမႈေဆာင္အရာရွိ ကန္ခ်ိဳကကလည္း အသင္းအေပၚ ႏိုအာဘက္ဘီ၏ အားေပးမႈအတြက္ ေက်းဇူး တင္ေၾကာင္းႏွင့္ ပ်က္စီးသြားသည့္ မ်က္မွန္အစား မ်က္မွန္အသစ္တစ္လက္ ျပန္လည္ျပဳလုပ္ေပးမည္ျဖစ္ေၾကာင္း Twitter စာမ်က္ႏွာမွတဆင့္ ကတိျပဳေရးသားခဲ့သည္။ ေဆာက္သမ္တန္အသင္းႏွင့္ပြဲတြင္ သြင္းယူခဲ့သည့္ဂိုးသည္ ယခုႏွစ္ေဘာလံုးရာသီတြင္ ခံစစ္မွဴး ဘမ္ဘာ သြင္းယူနုိင္ခဲ့ သည့္ တတိယေျမာက္သြင္းဂိုးျဖစ္သည္။

- အကုန္သိ သတင္းဌာန


Unicode version

အောင်ပွဲခံစဉ် ပရိသတ်တစ်ဦး၏ မျက်မှန်ကျိုးသွားခဲ့ခြင်းအတွက် ကာဒစ်ဖ်ခံစစ်မှူး ဘမ်ဘာ တောင်းပန် 
ပရီးမီးယားလိဂ်ကလပ် ကာဒစ်ဖ်အသင်း ဗဟိုခံစစ်မှူး ဆိုးလ်ဘမ်ဘာက ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်တွင် ကာဒစ်ဖ် အသင်းက အဝေးကွင်း၌ ဆောက်သမ်တန်အသင်းအား ၂-၁ ဖြင့် အနိုင်ရရှိခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်၌ ၎င်း၏ အောင်ပွဲခံမှုကြောင့် မျက်မှန်ကျိုးပဲ့ပျက်ဆီးသွားခဲ့ရသည့် ကာဒစ်ဖ်အသင်းပရိသတ်တစ်ဦးအား လူမှုရေးစာမျက်နှာမှ တဆင့် တောင်းပန်မှု ပြုလုပ်ခဲ့ကြောင်း သတင်းများတွင် ရေးသားဖော်ပြထားသည်။ အဆိုပါပွဲစဉ်တွင် အိုင်ဗရီကို့စ်ဗဟိုခံစစ်မှူး ဘမ်ဘာ(၃၄နှစ်)သည် ပွဲချိန် ၆၉ မိနစ်၌ ကာဒစ်ဖ်အသင်းအတွက် ဦးဆောင် ဂိုး သွင်းယူပေးနိုင်ခဲ့သူဖြစ်သည်။ ခံစစ်မှူး ဘမ်ဘာသည် ဂိုးသွင်းယူပြီးနောက် ကာဒစ်ဖ်အသင်းပရိသတ်များရှိရာသို့ ပြေး ကာ အောင်ပွဲခံချိန်တွင် ကာဒစ်ဖ်အသင်း၏ ပရိသတ်တစ်ဦးဖြစ်သူ နိုအာဘက်ဘီသည် ခံစစ်မှူး ဘမ်ဘာအား ပွေ့ဖက် အောင်ပွဲခံခဲ့သောကြောင့် နိုအာဘက်တီ၏ ဝတ်ဆင်ထားသည့် မျက်မှန် ကျိုးပဲ့ခဲ့ရခြင်းဖြစ်သည်။ နိုအာဘက်ဘီက ကျိုးပဲ့သွားသည့် မျက်မှန်အား ဓာတ်ပုံရိုက်ကူးကာ သူ၏ Twitter စာမျက်နှာတွင် ဖော်ပြခဲ့ပြီး အဆိုပါ ဓာတ်ပုံနှင့်အတူ “ဒီနေ့မှာ ဘမ်ဘာနဲ့အတူ အောင်ပွဲခံခဲ့တာကြောင့် ကျွန်တော့်ရဲ့ မျက်မှန် ကျိုးပဲ့သွားရတာက တန်ပါတယ်”ဟု ရေးသားဖော်ပြခဲ့သည်။ နိုအာဘက်ဘီ၏ မျှဝေမှုအား ခံစစ်မှူး ဘမ်ဘာက တုန့်ပြန်ရေးသားခဲ့ခြင်းကြောင့် နိုအာဘက်ဘီ အံ့အားသင့်သွားခဲ့ရ သည်ဟုဆိုသည်။ ခံစစ်မှူး ဘမ်ဘာက နိုအာဘက်ဘီ၏ မျှဝေမှုအပေါ် “မျက်မှန် ကျိုးပဲ့သွားရတဲ့အတွက် တောင်းပန်ပါတယ်။ ခင်ဗျားက ကျွန်တော့်ကို ကျွန်တော့်ရဲ့ ဇနီးထက် တင်းတင်းကြပ်ကြပ် ပွေ့ဖက်ခဲ့တာပဲ”ဟု ပြန်လည်ရေးသားခဲ့ခြင်းဖြစ်သည်။ ကာဒစ်ဖ်အသင်း၏ အမှုဆောင်အရာရှိ ကန်ချိုကကလည်း အသင်းအပေါ် နိုအာဘက်ဘီ၏ အားပေးမှုအတွက် ကျေးဇူး တင်ကြောင်းနှင့် ပျက်စီးသွားသည့် မျက်မှန်အစား မျက်မှန်အသစ်တစ်လက် ပြန်လည်ပြုလုပ်ပေးမည်ဖြစ်ကြောင်း Twitter စာမျက်နှာမှတဆင့် ကတိပြုရေးသားခဲ့သည်။ ဆောက်သမ်တန်အသင်းနှင့်ပွဲတွင် သွင်းယူခဲ့သည့်ဂိုးသည် ယခုနှစ်ဘောလုံးရာသီတွင် ခံစစ်မှူး ဘမ်ဘာ သွင်းယူနိုင်ခဲ့ သည့် တတိယမြောက်သွင်းဂိုးဖြစ်သည်။

- အကုန်သိ သတင်းဌာန

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။