Skip to main content
လာမည့္ မတ္လ၌ မႏၲေလးၿမိဳ႕တြင္ ပထမဆုံးအႀကိမ္ Futsal Open Cup က်င္းပမည္
Ads Block

လာမည့္ မတ္လ၌ မႏၲေလးၿမိဳ႕တြင္ ပထမဆုံးအႀကိမ္ Futsal Open Cup က်င္းပမည္

ျမန္မာႏိုင္ငံ ေဘာလုံးအဖြဲ႕ခ်ဳပ္က ႀကီးမႉးက်င္းပမည့္ ဖူဆယ္ အေပ်ာ္တမ္း ၿပိဳင္ပြဲတစ္ခု ျဖစ္သည့္ MFF Futsal Open Cup ၿပိဳင္ပြဲကို လာမည့္ မတ္လတြင္ မႏၲေလးၿမိဳ႕၌ ပထမဆုံးအႀကိမ္ က်င္းပသြားမည္ ျဖစ္ေၾကာင္း သိရသည္။ 
ရန္ကုန္ ျပင္ပတြင္ ပထမဆုံး က်င္းပမည္ ျဖစ္ေသာေၾကာင့္ ကစားသမားေကာင္းမ်ား ထြက္လာရန္ ရွိၿပီး၊ ဖူဆယ္ေလာကအတြက္ ကစားသမား အသစ္မ်ား ရွိလာမည့္အတြက္ အလြန္ေကာင္းမြန္ေၾကာင္း ျမန္မာ့လက္ေ႐ြးစင္ ဖူဆယ္အသင္း နည္းျပခ်ဳပ္ ဦးေ႒းျမင့္က ေျပာသည္။

လာမည့္ မတ္လ၌ မႏၲေလးၿမိဳ႕တြင္ ပထမဆုံးအႀကိမ္ Futsal Open Cup က်င္းပမည္


“ရန္ကုန္မွာပဲ ၿပိဳင္ပြဲေတြက လုပ္ေနတာဆိုေတာ့ ကစားသမားေကာင္း ရဖို႔က နည္းပါတယ္၊ ေနာက္ႏွစ္က်ရင္ ကြင္းအသစ္ရ သြားရင္ေတာ့ တစ္မ်ိဳးတစ္ဖုံေတာ့ ေျပာင္လဲသြားႏိုင္ပါတယ္၊ လာမယ့္ မတ္လမွာ မႏၲေလးမွာ လုပ္မယ့္ Open Cup ၿပိဳင္ပြဲကေနလည္း ကစားသမားေကာင္းေတြ အမ်ားႀကီးထြက္လာႏိုင္ပါတယ္” ဟု ဦးေ႒းျမင့္က ေျပာသည္။
Futsal Open Cup ၿပိဳင္ပြဲကို ၂၀၁၇ ခုႏွစ္မွ စတင္ကာ ျမန္မာႏိုင္ငံ ေဘာလုံးအဖြဲ႕ခ်ဳပ္မွ ႀကီးမႉးက်င္းပျခင္း ျဖစ္ၿပီး၊ လိဂ္တြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ေနေသာ အသင္းမ်ား အျပင္ အျခား အေပ်ာ္တမ္းအသင္းမ်ားလည္း ပါဝင္ယွဥ္ၿပိဳင္ျခင္း ျဖစ္သည္။
ဖူဆယ္ အေပ်ာ္တမ္း ၿပိဳင္ပြဲမ်ားကို ေဘာလုံးအဖြဲ႕ခ်ဳပ္ သာမက အျခားဝါသနာရွင္မ်ားကလည္း ျမက္ခင္းတုကြင္းမ်ားတြင္ က်င္းပေပးေနၿပီး ကြင္းသစ္ေဆာက္လုပ္ ၿပီးစီပါက ျပည္နယ္ႏွင့္တိုင္းၿပိဳင္ပြဲမ်ားလည္း က်င္းပသြားရန္ရွိေၾကာင္း သိရသည္။ 
လက္ရွိခ်န္ပီယံအသင္း MIC အသင္း မွာ ယခုႏွစ္လိဂ္ၿပိဳင္ပြဲတြင္လည္း အမွတ္ေပးဇယား ထိပ္ဆုံးတြင္ဦးေဆာင္ေနေၾကာင္း သိရသည္။

- ထက္ေဝလင္း(အကုန္သိ သတင္းဌာန)

 

Unicode version

လာမည့် မတ်လ၌ မန္တလေးမြို့တွင် ပထမဆုံးအကြိမ် Futsal Open Cup ကျင်းပမည်

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပမည့် ဖူဆယ် အပျော်တမ်း ပြိုင်ပွဲတစ်ခု ဖြစ်သည့် MFF Futsal Open Cup ပြိုင်ပွဲကို လာမည့် မတ်လတွင် မန္တလေးမြို့၌ ပထမဆုံးအကြိမ် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ 
ရန်ကုန် ပြင်ပတွင် ပထမဆုံး ကျင်းပမည် ဖြစ်သောကြောင့် ကစားသမားကောင်းများ ထွက်လာရန် ရှိပြီး၊ ဖူဆယ်လောကအတွက် ကစားသမား အသစ်များ ရှိလာမည့်အတွက် အလွန်ကောင်းမွန်ကြောင်း မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း နည်းပြချုပ် ဦးဋ္ဌေးမြင့်က ပြောသည်။
“ရန်ကုန်မှာပဲ ပြိုင်ပွဲတွေက လုပ်နေတာဆိုတော့ ကစားသမားကောင်း ရဖို့က နည်းပါတယ်၊ နောက်နှစ်ကျရင် ကွင်းအသစ်ရ သွားရင်တော့ တစ်မျိုးတစ်ဖုံတော့ ပြောင်လဲသွားနိုင်ပါတယ်၊ လာမယ့် မတ်လမှာ မန္တလေးမှာ လုပ်မယ့် Open Cup ပြိုင်ပွဲကနေလည်း ကစားသမားကောင်းတွေ အများကြီးထွက်လာနိုင်ပါတယ်” ဟု ဦးဋ္ဌေးမြင့်က ပြောသည်။
Futsal Open Cup ပြိုင်ပွဲကို ၂၀၁၇ ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပခြင်း ဖြစ်ပြီး၊ လိဂ်တွင် ဝင်ရောက်ယှဉ်ပြိုင်နေသော အသင်းများ အပြင် အခြား အပျော်တမ်းအသင်းများလည်း ပါဝင်ယှဉ်ပြိုင်ခြင်း ဖြစ်သည်။
ဖူဆယ် အပျော်တမ်း ပြိုင်ပွဲများကို ဘောလုံးအဖွဲ့ချုပ် သာမက အခြားဝါသနာရှင်များကလည်း မြက်ခင်းတုကွင်းများတွင် ကျင်းပပေးနေပြီး ကွင်းသစ်ဆောက်လုပ် ပြီးစီပါက ပြည်နယ်နှင့်တိုင်းပြိုင်ပွဲများလည်း ကျင်းပသွားရန်ရှိကြောင်း သိရသည်။ 
လက်ရှိချန်ပီယံအသင်း MIC အသင်း မှာ ယခုနှစ်လိဂ်ပြိုင်ပွဲတွင်လည်း အမှတ်ပေးဇယား ထိပ်ဆုံးတွင်ဦးဆောင်နေကြောင်း သိရသည်။

- ထက်ဝေလင်း(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။