Skip to main content
မန္ယူႏွင့္ ရင္ဆုိင္ရမည့္ အေ၀းကြင္းပြဲတြင္ ပီအက္စ္ဂ်ီတုိက္စစ္မွဴး ကာဗာနီ လြဲေခ်ာ္မည္ 
Ads Block

မန္ယူႏွင့္ ရင္ဆုိင္ရမည့္ အေ၀းကြင္းပြဲတြင္ ပီအက္စ္ဂ်ီတုိက္စစ္မွဴး ကာဗာနီ လြဲေခ်ာ္မည္ 

 ျပင္သစ္ကလပ္ ပီအက္စ္ဂ်ီအသင္း၏ အဓိက တုိက္စစ္မွဴးတစ္ဦးျဖစ္သူ ကာဗာနီသည္ ေပါင္ဒဏ္ရာျပႆနာေၾကာင့္ လာမည့္ ေဖေဖာ္၀ါရီလ ၁၃ ရက္တြင္ အေ၀းကြင္း၌ မန္ယူအသင္းအား သြားေရာက္ရင္ဆုိင္ရမည့္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲ ၁၆ သင္း ႐ံႈးထြက္အဆင့္ ပထမအေက်ာ့ပြဲစဥ္အား ေသခ်ာေပါက္ လြဲေခ်ာ္ရေတာ့မည္ျဖစ္ေၾကာင္း သတင္းမ်ားတြင္ ေရးသား ေဖာ္ျပခဲ့သည္။

မန္ယူႏွင့္ ရင္ဆုိင္ရမည့္ အေ၀းကြင္းပြဲတြင္ ပီအက္စ္ဂ်ီတုိက္စစ္မွဴး ကာဗာနီ လြဲေခ်ာ္မည္ 

ေဖေဖာ္၀ါရီလ ၉ ရက္ေန႔တြင္ ပီအက္စ္ဂ်ီအသင္းက အိမ္ကြင္း၌ ေဘာ္ဒိုးအသင္းအား ၁-၀ ျဖင့္ အႏုိင္ရရွိခဲ့ေသာ ျပင္သစ္ ပထမတန္းပြဲစဥ္တြင္ ပီအက္စ္ဂ်ီအသင္းအတြက္ အဖိုးတန္အႏိုင္ဂိုးအား ပင္နယ္တီမွတဆင့္ သြင္းယူေပးႏိုင္ခဲ့သူ ဥ႐ုေဂြး တုိက္စစ္မွဴး ကာဗာနီသည္ အဆုိပါပဲြတြင္ ညာဘက္ေပါင္ဒဏ္ရာ ရရွိခဲ့ျခင္းျဖစ္သည္။ ပီအက္စ္ဂ်ီအသင္းနည္းျပ တူခ်ယ္ က မန္ယူအသင္းအား သြားေရာက္ရင္ဆုိင္ရမည့္ပြဲတြင္ တုိက္စစ္မွဴး ကာဗာနီ ပါ၀င္ကစားႏုိင္ေရးမွာ အလြန္ခက္ခဲ ေၾကာင္း ေျပာဆုိခဲ့သည္။

မန္ယူႏွင့္ ရင္ဆုိင္ရမည့္ အေ၀းကြင္းပြဲတြင္ ပီအက္စ္ဂ်ီတုိက္စစ္မွဴး ကာဗာနီ လြဲေခ်ာ္မည္ 

ကာဗာနီ၏ ဒဏ္ရာအား ေနာက္ထပ္ ေဆးစစ္ေဆးမႈမ်ား ျပဳလုပ္ရျခင္း မရွိေသးေသာ္လည္း ပီအက္စ္ဂ်ီ အသင္းတာ၀န္ရွိသူမ်ားက ကာဗာနီအေနျဖင့္ မတ္လ ၇ ရက္ေန႔တြင္ မန္ယူအသင္းအား အိမ္ကြင္း၌ ျပန္လည္ လက္ခံ ကစားရမည့္ပြဲကိုလည္း လြဲေခ်ာ္ရမည္ကို စိုးရိမ္ပူပန္လ်က္ရွိသည္။ ကာဗာနီသည္ ယခုႏွစ္ ေဘာလံုးရာသီတြင္ ပီအက္စ္ဂ်ီအသင္းအတြက္ စုစုေပါင္း ၂၆ ပြဲ ပါ၀င္ကစားၿပီးခ်ိန္ တြင္ ၂၂ ဂိုးသြင္းယူထားကာ လူငယ္ကစားသမား အမ္ဘာေပႏွင့္အတူ ပီအက္္စ္ဂ်ီအသင္း၏ ဂိုးသြင္းအမ်ားဆံုး ကစားသမားအျဖစ္ ရပ္တည္ေနသူျဖစ္သည္။ ပီအက္စ္ဂ်ီအသင္း၏ အျခားအဓိက တိုက္စစ္မွဴးတစ္ဦးျဖစ္သူ ဘရာဇီးကစားသမား ေနမာသည္လည္း ေျခေထာက္ဒဏ္ရာေၾကာင့္ မန္ယူအသင္းႏွင့္ ရင္ဆုိင္ရမည့္ ခ်န္ပီယံလိဂ္ အိမ္ကြင္း၊ အေ၀းကြင္းပြဲစဥ္မ်ားကို လြဲေခ်ာ္ရမည္ျဖစ္ရာ ပီအက္စ္ဂ်ီအသင္းအေနျဖင့္ တုိက္စစ္ပိုင္း အားနည္းသည့္ ျပႆနာႏွင့္ ရင္ဆုိင္ရဖြယ္ရွိေနသည္။ မန္ယူအသင္းသည္ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္တြင္ ပီအက္စ္ဂ်ီအသင္းအား ေက်ာ္ျဖတ္ႏိုင္ခဲ့ပါက အသင္း၏ ယာယီ မန္ေနဂ်ာအျဖစ္ ခန္႔အပ္ထားသည့္ အိုေလဂန္နာဆိုးလ္ရွားသည္ အသင္း၏ အၿမဲတမ္းမန္ေနဂ်ာအျဖစ္ ခန္႔အပ္ခံရဖြယ္ရွိ ေနသည္ဟုဆုိသည္။ မန္ေနဂ်ာ ဆုိးလ္ရွားသည္ ၿပီးခဲ့သည့္ စေနေန႔တြင္ မန္ယူအသင္းက ဖူလ္ဟမ္အသင္းအား ၃-၀ ျဖင့္ အႏုိင္ရရွိခဲ့ေသာ ပရီးမီးယားလိဂ္ပြဲအၿပီးတြင္ မန္ယူအသင္းပိုင္ရွင္ ဂေလဇာမိသားစုႏွင့္ ေတြ႕ဆံုခဲ့ေၾကာင္း သတင္း မ်ားတြင္ ဆက္လက္ေရးသားထားသည္။

- အကုန္သိ သတင္းဌာန

Unicode version

မန်ယူနှင့် ရင်ဆိုင်ရမည့် အဝေးကွင်းပွဲတွင် ပီအက်စ်ဂျီတိုက်စစ်မှူး ကာဗာနီ လွဲချော်မည် 
 ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်း၏ အဓိက တိုက်စစ်မှူးတစ်ဦးဖြစ်သူ ကာဗာနီသည် ပေါင်ဒဏ်ရာပြဿနာကြောင့် လာမည့် ဖေဖော်ဝါရီလ ၁၃ ရက်တွင် အဝေးကွင်း၌ မန်ယူအသင်းအား သွားရောက်ရင်ဆိုင်ရမည့် ချန်ပီယံလိဂ်ပြိုင်ပွဲ ၁၆ သင်း ရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်အား သေချာပေါက် လွဲချော်ရတော့မည်ဖြစ်ကြောင်း သတင်းများတွင် ရေးသား ဖော်ပြခဲ့သည်။ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ပီအက်စ်ဂျီအသင်းက အိမ်ကွင်း၌ ဘော်ဒိုးအသင်းအား ၁-၀ ဖြင့် အနိုင်ရရှိခဲ့သော ပြင်သစ် ပထမတန်းပွဲစဉ်တွင် ပီအက်စ်ဂျီအသင်းအတွက် အဖိုးတန်အနိုင်ဂိုးအား ပင်နယ်တီမှတဆင့် သွင်းယူပေးနိုင်ခဲ့သူ ဥရုဂွေး တိုက်စစ်မှူး ကာဗာနီသည် အဆိုပါပွဲတွင် ညာဘက်ပေါင်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။ ပီအက်စ်ဂျီအသင်းနည်းပြ တူချယ် က မန်ယူအသင်းအား သွားရောက်ရင်ဆိုင်ရမည့်ပွဲတွင် တိုက်စစ်မှူး ကာဗာနီ ပါဝင်ကစားနိုင်ရေးမှာ အလွန်ခက်ခဲ ကြောင်း ပြောဆိုခဲ့သည်။ ကာဗာနီ၏ ဒဏ်ရာအား နောက်ထပ် ဆေးစစ်ဆေးမှုများ ပြုလုပ်ရခြင်း မရှိသေးသော်လည်း ပီအက်စ်ဂျီ အသင်းတာဝန်ရှိသူများက ကာဗာနီအနေဖြင့် မတ်လ ၇ ရက်နေ့တွင် မန်ယူအသင်းအား အိမ်ကွင်း၌ ပြန်လည် လက်ခံ ကစားရမည့်ပွဲကိုလည်း လွဲချော်ရမည်ကို စိုးရိမ်ပူပန်လျက်ရှိသည်။ ကာဗာနီသည် ယခုနှစ် ဘောလုံးရာသီတွင် ပီအက်စ်ဂျီအသင်းအတွက် စုစုပေါင်း ၂၆ ပွဲ ပါဝင်ကစားပြီးချိန် တွင် ၂၂ ဂိုးသွင်းယူထားကာ လူငယ်ကစားသမား အမ်ဘာပေနှင့်အတူ ပီအက်စ်ဂျီအသင်း၏ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နေသူဖြစ်သည်။ ပီအက်စ်ဂျီအသင်း၏ အခြားအဓိက တိုက်စစ်မှူးတစ်ဦးဖြစ်သူ ဘရာဇီးကစားသမား နေမာသည်လည်း ခြေထောက်ဒဏ်ရာကြောင့် မန်ယူအသင်းနှင့် ရင်ဆိုင်ရမည့် ချန်ပီယံလိဂ် အိမ်ကွင်း၊ အဝေးကွင်းပွဲစဉ်များကို လွဲချော်ရမည်ဖြစ်ရာ ပီအက်စ်ဂျီအသင်းအနေဖြင့် တိုက်စစ်ပိုင်း အားနည်းသည့် ပြဿနာနှင့် ရင်ဆိုင်ရဖွယ်ရှိနေသည်။ မန်ယူအသင်းသည် ချန်ပီယံလိဂ် ၁၆ သင်းအဆင့်တွင် ပီအက်စ်ဂျီအသင်းအား ကျော်ဖြတ်နိုင်ခဲ့ပါက အသင်း၏ ယာယီ မန်နေဂျာအဖြစ် ခန့်အပ်ထားသည့် အိုလေဂန်နာဆိုးလ်ရှားသည် အသင်း၏ အမြဲတမ်းမန်နေဂျာအဖြစ် ခန့်အပ်ခံရဖွယ်ရှိ နေသည်ဟုဆိုသည်။ မန်နေဂျာ ဆိုးလ်ရှားသည် ပြီးခဲ့သည့် စနေနေ့တွင် မန်ယူအသင်းက ဖူလ်ဟမ်အသင်းအား ၃-၀ ဖြင့် အနိုင်ရရှိခဲ့သော ပရီးမီးယားလိဂ်ပွဲအပြီးတွင် မန်ယူအသင်းပိုင်ရှင် ဂလေဇာမိသားစုနှင့် တွေ့ဆုံခဲ့ကြောင်း သတင်း များတွင် ဆက်လက်ရေးသားထားသည်။

- အကုန်သိ သတင်းဌာန

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။