Skip to main content
၂၀၀၈ ဖြဲ႔စည္းပုံျပင္ဆင္ေသာမူၾကမ္းကုိ လႊတ္ေတာ္သို႔တင္ထားၿပီးၿပီဟု ျပည္ခုိင္ၿဖိဳးအမတ္ဦးေသာင္းေအး ေျပာ 
Ads Block

၂၀၀၈ ဖြဲ႔စည္းပုံျပင္ဆင္ေသာမူၾကမ္းကုိ လႊတ္ေတာ္သို႔တင္ထားၿပီးၿပီဟု ျပည္ခုိင္ၿဖိဳးအမတ္ဦးေသာင္းေအး ေျပာ 

၂၀၀၈ ဖြဲ႔စည္းပုံအေျခခံဥပေဒကုိျပင္ဆင္သည့္မူၾကမ္း ျပည္ေထာင္စုလႊတ္ေတာ္သုိ႔တင္သြင္းထားၿပီး ျဖစ္ကာ ျပင္ဆင္သင့္၊ ျပင္ဆင္ထုိက္သည္မ်ားပါ၀င္ေၾကာင္း ျပည္သူ႔လႊတ္ေတာ္ကုိယ္စားလွယ္ ဦးေသာင္းေအးက အကုန္သိသတင္းဌာနသုိ႔ ေျပာသည္။
ေဖေဖၚ၀ါရီ ၁၁ ရက္တြင္ အကုန္သိသတင္းဌာန၏ ဆက္သြယ္ေမးျမန္းမႈအေပၚ ယခုကဲ့သို႔ အတည္ျပဳ ေျပာၾကားျခင္း ျဖစ္သည္။ 
“ဟုတ္ပါတယ္။ မူၾကမ္းကုိ တင္သြင္းၿပီးပါၿပီ။ ျပင္ဆင္သင့္၊ ျပင္ဆင္ထုိက္တာေတြအားလုံးပါပါတယ္။ ပါတီက ျပင္ဆင္သင့္ျပင္ဆင္ထုိက္တာေတြကုိလုပ္ၿပီးေလ့လာၿပီးတင္သြင္းတာပါ။ ဘယ္ေတာ့ေဆြးေႏြးမယ္ဆုိတာ ကေတာ့ မသိပါဘူး။ လႊတ္ေတာ္သေဘာပါ။ ဒါကမူၾကမ္းဆုိတာ ဘယ္သူတင္တင္၊ တင္လုိ႔ရပါတယ္။ ဥပေဒနဲ႔အညီသြားတာပါ။ ဖြဲ႔စည္းပုံျပင္ဆင္တဲ့အခန္း- ၁၂ ကုိၾကည့္ပါ။ အဲဒီအတုိင္းပဲျပင္မွာပါ။ အဓိကက ကုိယ့္တုိင္းရင္းသားညီအကုိေမာင္နွမေတြ လုိခ်င္တဲ့ဒီမုိကေရစီစံနႈန္းနဲ႔ညီတဲ့ တရားမွ်တမႈ ၊ ဗဟုိခ်ဳပ္ကုိင္ခြင့္ ေလွ်ာ့ခ်ဖုိ႔၊ တန္းတူညီမွ်ဖုိ႔ အဲဒီလုိရည္ရြယ္ခ်က္ေတြနဲ႔ ျပည့္စုံတုိက္ဆုိင္တဲ့ အခ်က္ေတြပါပါတယ္’’ ဟု ျပည္သူ႔လႊတ္ေတာ္ကုိယ္စားလွယ္ ဦးေသာင္းေအးက အကုန္သိသတင္းဌာနသုိ႔ေျပာသည္။
ၿပီးခဲ့ေသာ ဇန္န၀ါရီ ၂၉ ရက္က NLD ပါတီမွ မဲဆႏၵနယ္အမွတ္- ၄ အမ်ိဳးသားလႊတ္ေတာ္ကုိယ္စားလွယ္ ဦးေအာင္ၾကည္ညြန္႔က ၂၀၀၈ ဖြဲ႔စည္းပုံအေျခခံဥပေဒျပင္ဆင္ေရးကို အေရးႀကီးအဆုိအျဖစ္ ျပည္ေထာင္စုလႊတ္ေတာ္သို႔ တင္သြင္းခဲ့သည္။
ယင္းကဲ့သို႔တင္သြင္းျခင္းသည္ ပုံစံမက်၍ ဥပေဒႏွင့္မညီဟုဆုိကာ တပ္မေတာ္သားကုိယ္စားလွယ္ႏွင့္ ျပည္ခုိင္ၿဖဳိးပါတီ၀င္ လႊတ္ေတာ္ကုိယ္စားလွယ္တုိ႔မွအဆုိကိုကန္႔ကြက္ေဆြးေႏြးေျပာၾကားခဲ့ၿပီး မဲခြဲဆုံးျဖတ္မႈအရ အဆုိမွာအႏုိင္ရရွိခဲ့သည္။
၂၀၀၈ဖြဲ႔စည္းပုံအေျခခံဥပေဒတြင္ အခန္းေပါင္း- ၁၅ ခန္း၊ ပုဒ္မေပါင္း ၄၀၀ ေက်ာ္ပါ၀င္ကာ ၂၀၀၈ ခုႏွစ္၊ ေမလ ၁၀ ရက္က ျပည္လုံးကြ်တ္ဆႏၵခံယူပြဲက်င္းပကာ လူ ၂၀၇၈၆၅၉၆ ဦးကေထာက္ခံဆႏၵမဲေပးခဲ့ၾကသည္။
၂၀၀၈ ဖြဲ႔စည္းပုံအခန္း၁၂ ဖြဲ႔စည္းပုံအေျခခံဥပေဒျပင္ဆင္ျခင္းပုဒ္မ ၄၃၆ (က)တြင္ ဖြဲ႔စည္းပုံအေျခခံဥပေဒအခန္း (၁)၊ အခန္း (၂)၊ အခန္း (၃)၊ အခန္း (၄)၊ အခန္း (၅)၊ အခန္း (၆)၊ အခန္း (၁၁)၊ အခန္း (၁၂) တုိ႔ရွိ ျပ႒ာန္းခ်က္မ်ားကုိ ျပင္ဆင္လုိလွ်င္ ျပည္ေထာင္စုလႊတ္ေတာ္ ကုိယ္စားလွယ္အားလုံး၏ ၇၅ရာခုိင္နႈန္းေက်ာ္က ျပင္ဆင္ရန္ သေဘာတူလက္ခံၿပီးေနာက္ ျပည္လုံးကြ်တ္ဆႏၵခံယူပြဲက်င္းပ၍ ဆႏၵမဲေပးပုိင္ခြင့္ရွိသူအားလုံး၏ ထက္၀က္ေက်ာ္ဆႏၵမဲျဖင့္သာ ျပင္ဆင္ရမည္ဟု ျပ႒ာန္းပါရွိသည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

 

Unicode version

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်သောမူကြမ်းကို လွှတ်တော်သို့တင်ထားပြီးပြီဟု ပြည်ခိုင်ဖြိုးအမတ်ဦးသောင်းအေး ပြော 

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်သည့်မူကြမ်း ပြည်ထောင်စုလွှတ်တော်သို့တင်သွင်းထားပြီး ဖြစ်ကာ ပြင်ဆင်သင့်၊ ပြင်ဆင်ထိုက်သည်များပါဝင်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက အကုန်သိသတင်းဌာနသို့ ပြောသည်။
ဖေဖေါ်ဝါရီ ၁၁ ရက်တွင် အကုန်သိသတင်းဌာန၏ ဆက်သွယ်မေးမြန်းမှုအပေါ် ယခုကဲ့သို့ အတည်ပြု ပြောကြားခြင်း ဖြစ်သည်။ 
“ဟုတ်ပါတယ်။ မူကြမ်းကို တင်သွင်းပြီးပါပြီ။ ပြင်ဆင်သင့်၊ ပြင်ဆင်ထိုက်တာတွေအားလုံးပါပါတယ်။ ပါတီက ပြင်ဆင်သင့်ပြင်ဆင်ထိုက်တာတွေကိုလုပ်ပြီးလေ့လာပြီးတင်သွင်းတာပါ။ ဘယ်တော့ဆွေးနွေးမယ်ဆိုတာ ကတော့ မသိပါဘူး။ လွှတ်တော်သဘောပါ။ ဒါကမူကြမ်းဆိုတာ ဘယ်သူတင်တင်၊ တင်လို့ရပါတယ်။ ဥပဒေနဲ့အညီသွားတာပါ။ ဖွဲ့စည်းပုံပြင်ဆင်တဲ့အခန်း- ၁၂ ကိုကြည့်ပါ။ အဲဒီအတိုင်းပဲပြင်မှာပါ။ အဓိကက ကိုယ့်တိုင်းရင်းသားညီအကိုမောင်နှမတွေ လိုချင်တဲ့ဒီမိုကရေစီစံနှုန်းနဲ့ညီတဲ့ တရားမျှတမှု ၊ ဗဟိုချုပ်ကိုင်ခွင့် လျှော့ချဖို့၊ တန်းတူညီမျှဖို့ အဲဒီလိုရည်ရွယ်ချက်တွေနဲ့ ပြည့်စုံတိုက်ဆိုင်တဲ့ အချက်တွေပါပါတယ်’’ ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက အကုန်သိသတင်းဌာနသို့ပြောသည်။
ပြီးခဲ့သော ဇန်နဝါရီ ၂၉ ရက်က NLD ပါတီမှ မဲဆန္ဒနယ်အမှတ်- ၄ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို အရေးကြီးအဆိုအဖြစ် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့သည်။
ယင်းကဲ့သို့တင်သွင်းခြင်းသည် ပုံစံမကျ၍ ဥပဒေနှင့်မညီဟုဆိုကာ တပ်မတော်သားကိုယ်စားလှယ်နှင့် ပြည်ခိုင်ဖြိုးပါတီဝင် လွှတ်တော်ကိုယ်စားလှယ်တို့မှအဆိုကိုကန့်ကွက်ဆွေးနွေးပြောကြားခဲ့ပြီး မဲခွဲဆုံးဖြတ်မှုအရ အဆိုမှာအနိုင်ရရှိခဲ့သည်။
၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အခန်းပေါင်း- ၁၅ ခန်း၊ ပုဒ်မပေါင်း ၄၀၀ ကျော်ပါဝင်ကာ ၂၀၀၈ ခုနှစ်၊ မေလ ၁၀ ရက်က ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပကာ လူ ၂၀၇၈၆၅၉၆ ဦးကထောက်ခံဆန္ဒမဲပေးခဲ့ကြသည်။
၂၀၀၈ ဖွဲ့စည်းပုံအခန်း၁၂ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းပုဒ်မ ၄၃၆ (က)တွင် ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း (၁)၊ အခန်း(၂)၊ အခန်း(၃)၊ အခန်း(၄)၊ အခန်း(၅)၊ အခန်း(၆)၊ အခန်း(၁၁)၊ အခန်း(၁၂)တို့ရှိ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟု ပြဋ္ဌာန်းပါရှိသည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။