Skip to main content
ျမန္မာအမ်ိဳးသမီး ကို ညွင္းပန္းႏွိပ္စက္တဲ့ စင္ကာပူ အိမ္ရွင္စံုတြဲကို ေထာင္ဒဏ္ခ်   ------ ေကာင္းထက္ (အကုန္သိ သတင္းဌာန) -----  ျမန္မာအိမ္အကူ အမ်ိဳးသမီးကို ညွင္းပန္းႏွိပ္စက္မႈမ်ားျပဳလုပ္ခဲ့တဲ့ စင္ကာပူအမ်ိဳးသမီး စံုတြဲကို စင္ကာပူ တရားရံုးက ေထာင္ဒဏ္ ျပစ္ဒဏ္ခ်မွတ္လုိက္ေၾကာင္း သိရပါတယ္။ အလွျပင္ဆိုင္ မန္ေနဂ်ာအျဖစ္ လုပ္ကိုင္ေနတဲ့ စင္ကာပူအမ်ိဳးသမီး Linda Seah, ဟာ သူတုိ႔အိမ္မွာ အိမ္အကူလုပ္ေနတဲ့ ျမန္မာအမ်ိဳးသမီး ျဖဴျဖဴမာကို ညွင္းပန္းႏွိပ္စက္မႈမ်ားျပဳလုပ္ခဲ့ေၾကာင္း၊ အဆုိပါစင္ကာပူအမ်ိဳးသမီး ဟာ ျမန္မာ အိမ္အကူ အမ်ိဳးသမီးကို
Ads Block

ျမန္မာအမ်ိဳးသမီးကို ညွင္းပန္းႏွိပ္စက္တဲ့ စင္ကာပူ အိမ္ရွင္စံုတြဲကို ေထာင္ဒဏ္ခ် 

ျမန္မာအိမ္အကူ အမ်ိဳးသမီးကို ညွင္းပန္းႏွိပ္စက္မႈမ်ားျပဳလုပ္ခဲ့တဲ့ စင္ကာပူအမ်ိဳးသမီး စံုတြဲကို စင္ကာပူ တရားရံုးက ေထာင္ဒဏ္ ျပစ္ဒဏ္ခ်မွတ္လုိက္ေၾကာင္း သိရပါတယ္။ အလွျပင္ဆိုင္ မန္ေနဂ်ာအျဖစ္ လုပ္ကိုင္ေနတဲ့ စင္ကာပူအမ်ိဳးသမီး Linda Seah, ဟာ သူတုိ႔အိမ္မွာ အိမ္အကူလုပ္ေနတဲ့ ျမန္မာအမ်ိဳးသမီး ျဖဴျဖဴမာကို ညွင္းပန္းႏွိပ္စက္မႈမ်ားျပဳလုပ္ခဲ့ေၾကာင္း၊ အဆုိပါစင္ကာပူအမ်ိဳးသမီး ဟာ ျမန္မာ အိမ္အကူ အမ်ိဳးသမီးကို သန္႔ရွင္းမႈမရွိတဲ့ေရေတြ အဓမၼေသာက္ခုိင္းတဲ့အျပင္ ဆံပင္ဆြဲ ရိုက္ႏွက္မႈေတြလုပ္ခဲ့တာေၾကာင့္ စြဲခ်က္ ၆ ခုတင္ခံရၿပီး ေထာင္ဒဏ္ သံုးႏွစ္ျပစ္ဒဏ္ေပးခံခဲ့ရတယ္လို႔ သိရပါတယ္။ စင္ကာပူအမ်ိဳးသမီးဟာ ျမန္မာအမ်ိဳးသမီးကို ရိုက္ႏွက္မႈအျပင္ မီးရွိဳ႕မႈေတြလည္းလုပ္ခဲ့ေသးေၾကာင္း၊ အိမ္သန္႔ရွင္းမွာအသံုးျပဳတဲ့ သန္႔ရွင္းမႈမရွိတဲ့ေရေတြကို အဓမၼေသာက္သံုးေစခဲ့ေၾကာင္း သူ႔အေပၚတင္ထားတဲ့ စြဲခ်က္ေတြမွာ ေဖာ္ျပထားပါတယ္။ ဒါအျပင္ ျမန္မာအမ်ိဳးသမီးရဲ႕ ဦးေခါင္းကို ဖုန္းနဲ႔ ပစ္ေပါက္ခဲ့ေၾကာင္း၊ စင္ကာပူသတင္းေတြက ေဖာ္ျပခဲ့ပါတယ္။ စင္ကာပူ တရားသူႀကီး Olivia Low က စင္ကာပူစံုတြဲဟာ ျမန္မာအိမ္အကူအလုပ္သမားကို အစားအစာ အငတ္ထားတဲ့အျပင္ လုပ္ခ လစာေပးတာလည္း မရွိဘူးလို႔ ေျပာပါတယ္။ စင္ကာပူအမ်ိဳးသမီးအေပၚ စြဲဆုိခဲ့တဲ့စြဲခ်က္ ၆ ခုနဲ႔ ပတ္သက္ၿပီး ေထာင္ဒဏ္အျပင္ေငြဒဏ္ စင္ကာပူ ေဒၚလာ ၉၀၀၀ ဒဏ္ရိုက္ခဲ့ေၾကာင္း သိရပါတယ္။ စင္ကာပူအမ်ိဳးသမီးက သူ႔အေနနဲ႔ အခုလိုမ်ိဳးေထာင္ဒဏ္ ျပစ္ေပးခံရမႈအတြက္ စိတ္ထိခိုက္နာက်င္ ရတယ္လို႔ ဆုိပါတယ္။ စင္ကာပူအမ်ိဳးသမီးရဲ႕ခင္ပြန္းျဖစ္သူ Lim Toon Leng, ဟာလည္း သူ႔အိမ္မွာ အလုပ္လုပ္တဲ့ ျမန္မာအိမ္အကူအမ်ိဳးသမီး ျဖဴျဖဴမာကို လက္သီးနဲ႔ထုိးခဲ့တယ္လို႔ စြဲခ်က္တင္ခံရၿပီးေထာင္ဒဏ္ ၆ လ ျပစ္ဒဏ္ေပးခံခဲ့ရတယ္လို႔ ဆုိပါတယ္။

- ေကာင္းထက္ (အကုန္သိ သတင္းဌာန)


Unicode version

မြန်မာအမျိုးသမီးကို ညှင်းပန်းနှိပ်စက်တဲ့ စင်ကာပူ အိမ်ရှင်စုံတွဲကို ထောင်ဒဏ်ချ 
မြန်မာအိမ်အကူ အမျိုးသမီးကို ညှင်းပန်းနှိပ်စက်မှုများပြုလုပ်ခဲ့တဲ့ စင်ကာပူအမျိုးသမီး စုံတွဲကို စင်ကာပူ တရားရုံးက ထောင်ဒဏ် ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရပါတယ်။ အလှပြင်ဆိုင် မန်နေဂျာအဖြစ် လုပ်ကိုင်နေတဲ့ စင်ကာပူအမျိုးသမီး Linda Seah, ဟာ သူတို့အိမ်မှာ အိမ်အကူလုပ်နေတဲ့ မြန်မာအမျိုးသမီး ဖြူဖြူမာကို ညှင်းပန်းနှိပ်စက်မှုများပြုလုပ်ခဲ့ကြောင်း၊ အဆိုပါစင်ကာပူအမျိုးသမီး ဟာ မြန်မာ အိမ်အကူ အမျိုးသမီးကို သန့်ရှင်းမှုမရှိတဲ့ရေတွေ အဓမ္မသောက်ခိုင်းတဲ့အပြင် ဆံပင်ဆွဲ ရိုက်နှက်မှုတွေလုပ်ခဲ့တာကြောင့် စွဲချက် ၆ ခုတင်ခံရပြီး ထောင်ဒဏ် သုံးနှစ်ပြစ်ဒဏ်ပေးခံခဲ့ရတယ်လို့ သိရပါတယ်။ စင်ကာပူအမျိုးသမီးဟာ မြန်မာအမျိုးသမီးကို ရိုက်နှက်မှုအပြင် မီးရှို့မှုတွေလည်းလုပ်ခဲ့သေးကြောင်း၊ အိမ်သန့်ရှင်းမှာအသုံးပြုတဲ့ သန့်ရှင်းမှုမရှိတဲ့ရေတွေကို အဓမ္မသောက်သုံးစေခဲ့ကြောင်း သူ့အပေါ်တင်ထားတဲ့ စွဲချက်တွေမှာ ဖော်ပြထားပါတယ်။ ဒါအပြင် မြန်မာအမျိုးသမီးရဲ့ ဦးခေါင်းကို ဖုန်းနဲ့ ပစ်ပေါက်ခဲ့ကြောင်း၊ စင်ကာပူသတင်းတွေက ဖော်ပြခဲ့ပါတယ်။ စင်ကာပူ တရားသူကြီး Olivia Low က စင်ကာပူစုံတွဲဟာ မြန်မာအိမ်အကူအလုပ်သမားကို အစားအစာ အငတ်ထားတဲ့အပြင် လုပ်ခ လစာပေးတာလည်း မရှိဘူးလို့ ပြောပါတယ်။ စင်ကာပူအမျိုးသမီးအပေါ် စွဲဆိုခဲ့တဲ့စွဲချက် ၆ ခုနဲ့ ပတ်သက်ပြီး ထောင်ဒဏ်အပြင်ငွေဒဏ် စင်ကာပူ ဒေါ်လာ ၉၀၀၀ ဒဏ်ရိုက်ခဲ့ကြောင်း သိရပါတယ်။ စင်ကာပူအမျိုးသမီးက သူ့အနေနဲ့ အခုလိုမျိုးထောင်ဒဏ် ပြစ်ပေးခံရမှုအတွက် စိတ်ထိခိုက်နာကျင် ရတယ်လို့ ဆိုပါတယ်။ စင်ကာပူအမျိုးသမီးရဲ့ခင်ပွန်းဖြစ်သူ Lim Toon Leng, ဟာလည်း သူ့အိမ်မှာ အလုပ်လုပ်တဲ့ မြန်မာအိမ်အကူအမျိုးသမီး ဖြူဖြူမာကို လက်သီးနဲ့ထိုးခဲ့တယ်လို့ စွဲချက်တင်ခံရပြီးထောင်ဒဏ် ၆ လ ပြစ်ဒဏ်ပေးခံခဲ့ရတယ်လို့ ဆိုပါတယ်။

- ကောင်းထက် (အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။