Skip to main content
လုပ္ေဖာ္ကုိင္ဖက္ ရဲအရာရွိ၏ ပစၥည္းမ်ားႏွင့္ စခန္းပုိင္ ပစၥည္းမ်ားကုိ ခုိးခဲ့သည့္ ရဲအုပ္ အဖမ္းခံရ 
Ads Block

လုပ္ေဖာ္ကုိင္ဖက္ ရဲအရာရွိ၏ ပစၥည္းမ်ားႏွင့္ စခန္းပုိင္ ပစၥည္းမ်ားကုိ ခုိးခဲ့သည့္ ရဲအုပ္ အဖမ္းခံရ 

ဘန္ေကာက္ၿမိဳ ့မွာ ေဖေဖာ္၀ါရီ ၉ ရက္ေန ့ မနက္ပုိင္းက လုပ္ေဖာ္ကုိင္ဖက္ ရဲအရာရွိရဲ ့ ကားထဲက ပစၥည္းေတြနဲ ့ ရဲစခန္းပုိင္ ပစၥည္းေတြကုိ ခုိးယူခဲ့တဲ့ အသက္ ၄၁ ႏွစ္အရြယ္ ရဲအုပ္တစ္ဦးကုိ ဖမ္းဆီးခဲ့ကာ ရာထူးက ထုတ္ပယ္လုိက္ေၾကာင္း သိရပါတယ္။ 
ဗဟုိစုံစမ္းစစ္ေဆးေရးဗ်ဴယုိ CIB ရဲ ့ လက္ေထာက္ အေထြေထြအမႈစစ္အရာရွိျဖစ္တဲ့ ရဲအုပ္ အီကာခ်ဳိင္ ပန္ဂ်န္ ကုိ ပတ္သမ္၀မ္ခရုိင္ ရဲစခန္း၀န္းထဲမွာ ရပ္ထားတဲ့ CIB မွ လုပ္ေဖာ္ကုိင္ဖက္ ရဲအရာရွိ အႏူဆြန္ ဘူဆာဘာဘန္ရဲ ့ ဟြန္ဒါကားအတြင္းမွ ပစၥည္းေတြကုိ ခုိးယူခဲ့မႈနဲ ့ဖမ္းဆီးခဲ့တာျဖစ္ေၾကာင္း ထုိင္း မီဒီယာေတြက ေဖာ္ျပပါတယ္။ 
နံနက္ ၅ နာရီေလာက္မွာ အႏူဆြန္ဟာ သူ ့ကားမွာ သံယျဖစ္ဖြယ္ ေျခရာလက္ရာ ပ်က္ေနတာကုိ ေတြ ့ရွိခဲ့ကာ ကားအတြင္းမွ စပယ္ယာဘီး၊ အားကစားဖိနပ္ေတြနဲ ့ အေဆာင္ေတြ ခုိးယူခံခဲ့ရတယ္လုိ ့ ရဲတပ္ဖြဲ ့က ဆုိပါတယ္။ အီကာခ်ဳိင္ဟာ ယင္း ခုိးမႈကုိ က်ဴးလြန္ခဲ့ေၾကာင္း ထြက္ဆုိခဲ့သလုိ ရဲစခန္း၀န္းထဲက ေျခာက္ထပ္တုိက္ ၄ လႊာရွိ ကြန္ပ်ဴတာ ေတြနဲ ့ ဆက္စပ္ပစၥည္းကိရိယာေတြကို ခုိးယူခဲ့ေၾကာင္းလည္း ၀န္ခံခဲ့ပါတယ္။ ခုိးယူထားတဲ့ ပစၥည္းေတြကုိ အႏူဆြန္ရဲ ့ ကားအနီးရပ္ထားခဲ့တဲ့ ၄င္းရဲ ့ ပစ္ကပ္ကားထဲကေန ျပန္ေတြ ့ခဲ့ပါတယ္။ အီကာခ်ဳိင္ကုိ ခုိးမႈနဲ ့ စြဲခ်က္တင္ခဲ့ကာ ရဲတပ္ဖြဲ ့၀င္ အျဖစ္မွ ခ်က္ခ်င္း ထုတ္ပယ္ပစ္ခဲ့တယ္လုိ ့ ပတ္သမ္၀မ္ရဲစခန္းမွဴးက ေျပာဆုိခဲ့ပါတယ္။ 
Ref: ဘန္ေကာက္ပုိ ့စ္ 

- ကိုလင္း (အကုန္သိ သတင္းဌာန)


Unicode version

လုပ်ဖော်ကိုင်ဖက် ရဲအရာရှိ၏ ပစ္စည်းများနှင့် စခန်းပိုင် ပစ္စည်းများကို ခိုးခဲ့သည့် ရဲအုပ် အဖမ်းခံရ 
ဘန်ကောက်မြို့မှာ ဖေဖော်ဝါရီ ၉ ရက်နေ့ မနက်ပိုင်းက လုပ်ဖော်ကိုင်ဖက် ရဲအရာရှိရဲ့ ကားထဲက ပစ္စည်းတွေနဲ့ ရဲစခန်းပိုင် ပစ္စည်းတွေကို ခိုးယူခဲ့တဲ့ အသက် ၄၁ နှစ်အရွယ် ရဲအုပ်တစ်ဦးကို ဖမ်းဆီးခဲ့ကာ ရာထူးက ထုတ်ပယ်လိုက်ကြောင်း သိရပါတယ်။ 
ဗဟိုစုံစမ်းစစ်ဆေးရေးဗျူယို CIB ရဲ့ လက်ထောက် အထွေထွေအမှုစစ်အရာရှိဖြစ်တဲ့ ရဲအုပ် အီကာချိုင် ပန်ဂျန် ကို ပတ်သမ်ဝမ်ခရိုင် ရဲစခန်းဝန်းထဲမှာ ရပ်ထားတဲ့ CIB မှ လုပ်ဖော်ကိုင်ဖက် ရဲအရာရှိ အနူဆွန် ဘူဆာဘာဘန်ရဲ့ ဟွန်ဒါကားအတွင်းမှ ပစ္စည်းတွေကို ခိုးယူခဲ့မှုနဲ့ဖမ်းဆီးခဲ့တာဖြစ်ကြောင်း ထိုင်း မီဒီယာတွေက ဖော်ပြပါတယ်။ 
နံနက် ၅ နာရီလောက်မှာ အနူဆွန်ဟာ သူ့ကားမှာ သံယဖြစ်ဖွယ် ခြေရာလက်ရာ ပျက်နေတာကို တွေ့ရှိခဲ့ကာ ကားအတွင်းမှ စပယ်ယာဘီး၊ အားကစားဖိနပ်တွေနဲ့ အဆောင်တွေ ခိုးယူခံခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ အီကာချိုင်ဟာ ယင်း ခိုးမှုကို ကျူးလွန်ခဲ့ကြောင်း ထွက်ဆိုခဲ့သလို ရဲစခန်းဝန်းထဲက ခြောက်ထပ်တိုက် ၄ လွှာရှိ ကွန်ပျူတာ တွေနဲ့ ဆက်စပ်ပစ္စည်းကိရိယာတွေကို ခိုးယူခဲ့ကြောင်းလည်း ဝန်ခံခဲ့ပါတယ်။ ခိုးယူထားတဲ့ ပစ္စည်းတွေကို အနူဆွန်ရဲ့ ကားအနီးရပ်ထားခဲ့တဲ့ ၎င်းရဲ့ ပစ်ကပ်ကားထဲကနေ ပြန်တွေ့ခဲ့ပါတယ်။ အီကာချိုင်ကို ခိုးမှုနဲ့ စွဲချက်တင်ခဲ့ကာ ရဲတပ်ဖွဲ့ဝင် အဖြစ်မှ ချက်ချင်း ထုတ်ပယ်ပစ်ခဲ့တယ်လို့ ပတ်သမ်ဝမ်ရဲစခန်းမှူးက ပြောဆိုခဲ့ပါတယ်။ 
Ref: ဘန်ကောက်ပို့စ် 

- ကိုလင်း (အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။