Skip to main content
က.ည.န အင္ဂ်င္နီယာဝန္ထမ္းအေယာင္ေဆာင္ၿပီး လိုင္စင္ျပဳလုပ္သူမ်ားထံလိမ္လည္သူႏွစ္ဦးကို ဖမ္းဆီးရမိ 
Ads Block

က.ည.န အင္ဂ်င္နီယာဝန္ထမ္းအေယာင္ေဆာင္ၿပီး လိုင္စင္ျပဳလုပ္သူမ်ားထံလိမ္လည္သူႏွစ္ဦးကို ဖမ္းဆီးရမိ 

ရန္ကုန္ၿမိဳ႕၊ ေတာင္ဥကၠလာပၿမိဳ႕နယ္၊ ကုန္းလမ္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာန(ျမင္သာ)႐ုံးမွ ဝန္ထမ္းအေယာင္ေဆာင္၍ ယာဥ္လိုင္စင္ျပဳလုပ္သူျပည္သူမ်ားထံမွ ေငြေၾကးလိမ္လည္ေကာက္ခံသူႏွစ္ဦးကို ဖမ္းဆီးရမိခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယေန႔(ေဖေဖာ္ဝါရီလ ၁၁ ရက္)၊ မြန္းလြဲ ၂ နာရီခန႔္တြင္ ေတာင္ဥကၠလာပၿမိဳ႕နယ္၊ ျမင္သာကညနဌာန၏ အင္ဂ်င္နီယာဝန္ထမ္းအျဖစ္အေယာင္ေဆာင္သူ ေအာင္ေက်ာ္ဦး (၅၃) ႏွစ္ႏွင့္ ျပည့္ၿဖိဳးေအာင္ (၂၃) ႏွစ္တို႔ႏွစ္ဦးကို သဃၤန္းကြၽန္းၿမိဳ႕နယ္ရဲတပ္ဖြဲ႕မ်ားႏွင့္ ပူးေပါင္း၍ အသြင္ယူဖမ္းဆီးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ 
“ ကြၽန္ေတာ္တို႔ သတင္းရရွိထားတာၾကာၿပီ။အဲဒါေၾကာင့္ ဒီေန႔မွာပဲ သဃၤန္းကြၽန္းရဲတပ္ဖြဲ႕နဲ႔ပူးေပါင္းၿပီး အသြင္ယူဖမ္းဆီးလိုက္တာပါ။ ဒီေကာင္ေတြက ကြၽန္ေတာ္တို႔ က.ည.န ႐ုံးကဝန္ထမ္းေတြ ထမင္းစားနားေနတဲ့အခ်ိန္မွာအခြင့္ေကာင္းယူၿပီး ကားလိုင္စင္လာလုပ္တဲ့ျပည္သူေတြထံကေန ေငြေၾကးလိမ္လည္ေတာင္းခံေနတဲ့သူေတြေပါ့” ဟု ကုန္လမ္းပို႔ေဆာင္ေရးႏွင့္ၫႊန္ၾကားမႈဦးစီးဌာန(ျမင္သာ)မွ  တိုင္းဦးစီးမႉးဦးလ်န္က်င့္မန္က အကုန္သိသတင္းဌာနသို႔ေျပာသည္။
ဖမ္းဆီးရမိသူႏွစ္ဦးထံမွ လိုင္စင္ျပဳလုပ္သူမ်ားထံလိမ္လည္ေတာင္းယူထားေသာ ေငြက်ပ္ ၁၃၀,၀၀၀ ကိုလည္း သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။
“ကြၽန္ေတာ္လည္း ဒီေန႔မနက္ ကားလိုင္စင္သက္တမ္းတိုးဖို႔ လာတာ ေငြ ၇၀၀၀၀ ေသာင္း အလိမ္ခံလိုက္ရတယ္။အဲဒီ႐ုံးနားမွာပြဲစားဆိုတဲ့သူကေနၿပီး ပုံပန္းသ႑ာန္ကိုၾကည့္ၿပီးေတာ့ ျမန္ျမန္ၿပီး ခ်င္တယ္ဆိုရင္ လုပ္ေပးမယ္လို႔ေျပာတယ္။ကြၽန္ေတာ္ကလည္း ျမန္ျမန္ၿပီးခ်င္တဲ့အတြက္ သူတို႔ေျပာတဲ့ သက္တမ္းတိုး လိုင္စင္ေၾကး ၅၀၀၀၀၊ ရက္လြန္ေၾကး ၁၀၀၀၀၊ အာမခံေၾကး ၅၀၀၀၊ ကြန္ပ်ဴတာစစ္ခ ၁၀၀၀၊ စာ႐ြက္စာတမ္းေၾကး ၁၀၀၀ နဲ႔ ပြဲခ ၂၀၀၀ ဆိုၿပီး ေငြက်ပ္ ၇၀၀၀၀ ေလာက္ကိုလိမ္သြားတယ္။ဒါေတာင္ ကြၽန္ေတာ္တစ္ေယာက္ပဲရွိေသးတယ္” ဟု ယေန႔(ေဖေဖာ္ဝါရီလ ၁၁ ရက္)၊ နံနက္ပိုင္းတြင္ လိုင္စင္သက္တမ္း တိုးရန္ေရာက္လာသည့္ ျပည္သူတစ္ဦးက ေျပာသည္။
ထို႔ေၾကာင့္ ျပစ္မႈက်ဴးလြန္သည့္ ေအာင္ေက်ာ္ဦး (၅၃) ႏွစ္ႏွင့္ ျပည့္ၿဖိဳးေအာင္(၂၃) ႏွစ္တို႔ႏွစ္ဦးကို သဃၤန္းကြၽန္း ၿမိဳ႕မရဲစခန္း၌ ေခၚေဆာင္စစ္ေဆးေနေၾကာင္း သတင္းရရွိသည္။

- ဒါးဇ(အကုန္သိသတင္းဌာန)

 

Unicode version

က.ည.န အင်ဂျင်နီယာဝန်ထမ်းအယောင်ဆောင်ပြီး လိုင်စင်ပြုလုပ်သူများထံလိမ်လည်သူနှစ်ဦးကို ဖမ်းဆီးရမိ 

ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(မြင်သာ)ရုံးမှ ဝန်ထမ်းအယောင်ဆောင်၍ ယာဉ်လိုင်စင်ပြုလုပ်သူပြည်သူများထံမှ ငွေကြေးလိမ်လည်ကောက်ခံသူနှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့(ဖေဖော်ဝါရီလ ၁၁ ရက်)၊ မွန်းလွဲ ၂ နာရီခန့်တွင် တောင်ဥက္ကလာပမြို့နယ်၊ မြင်သာကညနဌာန၏ အင်ဂျင်နီယာဝန်ထမ်းအဖြစ်အယောင်ဆောင်သူ အောင်ကျော်ဦး (၅၃) နှစ်နှင့် ပြည့်ဖြိုးအောင် (၂၃) နှစ်တို့နှစ်ဦးကို သင်္ဃန်းကျွန်းမြို့နယ်ရဲတပ်ဖွဲ့များနှင့် ပူးပေါင်း၍ အသွင်ယူဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 
“ ကျွန်တော်တို့ သတင်းရရှိထားတာကြာပြီ။အဲဒါကြောင့် ဒီနေ့မှာပဲ သင်္ဃန်းကျွန်းရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီး အသွင်ယူဖမ်းဆီးလိုက်တာပါ။ ဒီကောင်တွေက ကျွန်တော်တို့ က.ည.န ရုံးကဝန်ထမ်းတွေ ထမင်းစားနားနေတဲ့အချိန်မှာအခွင့်ကောင်းယူပြီး ကားလိုင်စင်လာလုပ်တဲ့ပြည်သူတွေထံကနေ ငွေကြေးလိမ်လည်တောင်းခံနေတဲ့သူတွေပေါ့” ဟု ကုန်လမ်းပို့ဆောင်ရေးနှင့်ညွှန်ကြားမှုဦးစီးဌာန(မြင်သာ)မှ  တိုင်းဦးစီးမှူးဦးလျန်ကျင့်မန်က အကုန်သိသတင်းဌာနသို့ပြောသည်။
ဖမ်းဆီးရမိသူနှစ်ဦးထံမှ လိုင်စင်ပြုလုပ်သူများထံလိမ်လည်တောင်းယူထားသော ငွေကျပ် ၁၃၀,၀၀၀ ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
“ကျွန်တော်လည်း ဒီနေ့မနက် ကားလိုင်စင်သက်တမ်းတိုးဖို့ လာတာ ငွေ ၇၀၀၀၀ သောင်း အလိမ်ခံလိုက်ရတယ်။အဲဒီရုံးနားမှာပွဲစားဆိုတဲ့သူကနေပြီး ပုံပန်းသဏ္ဍာန်ကိုကြည့်ပြီးတော့ မြန်မြန်ပြီး ချင်တယ်ဆိုရင် လုပ်ပေးမယ်လို့ပြောတယ်။ကျွန်တော်ကလည်း မြန်မြန်ပြီးချင်တဲ့အတွက် သူတို့ပြောတဲ့ သက်တမ်းတိုး လိုင်စင်ကြေး ၅၀၀၀၀၊ ရက်လွန်ကြေး ၁၀၀၀၀၊ အာမခံကြေး ၅၀၀၀၊ ကွန်ပျူတာစစ်ခ ၁၀၀၀၊ စာရွက်စာတမ်းကြေး ၁၀၀၀ နဲ့ ပွဲခ ၂၀၀၀ ဆိုပြီး ငွေကျပ် ၇၀၀၀၀ လောက်ကိုလိမ်သွားတယ်။ဒါတောင် ကျွန်တော်တစ်ယောက်ပဲရှိသေးတယ်” ဟု ယနေ့(ဖေဖော်ဝါရီလ ၁၁ ရက်)၊ နံနက်ပိုင်းတွင် လိုင်စင်သက်တမ်း တိုးရန်ရောက်လာသည့် ပြည်သူတစ်ဦးက ပြောသည်။
ထို့ကြောင့် ပြစ်မှုကျူးလွန်သည့် အောင်ကျော်ဦး (၅၃) နှစ်နှင့် ပြည့်ဖြိုးအောင်(၂၃) နှစ်တို့နှစ်ဦးကို သင်္ဃန်းကျွန်း မြို့မရဲစခန်း၌ ခေါ်ဆောင်စစ်ဆေးနေကြောင်း သတင်းရရှိသည်။

- ဒါးဇ(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။