Skip to main content
ကယားျပည္နယ္၀န္ႀကီးခ်ဳပ္ႏုတ္ထြက္ေပးရန္ ကရင္နီလူငယ္မ်ားဆႏၵထုတ္ေဖာ္
Ads Block

ကယားျပည္နယ္၀န္ႀကီးခ်ဳပ္ႏုတ္ထြက္ေပးရန္ ကရင္နီလူငယ္မ်ားဆႏၵထုတ္ေဖာ္

ကယားျပည္နယ္၀န္ႀကီးခ်ဳပ္အပါအ၀င္ ကယားျပည္နယ္စီမံဘ႑၀န္ႀကီးပါ ႏုတ္ထြက္ေပးရန္ ကရင္နီလူငယ္မ်ားမွ ယေန႔ (ေဖေဖၚ၀ါရီလ ၁၁ ရက္) ညေနပုိင္းက ဆႏၵထုတ္ေဖာ္ေတာင္းဆုိေနၾကသည္။ 
ကယားျပည္နယ္လႊတ္ေတာ္၀န္းဟစ္တုိင္တြင္ ေဖေဖၚ၀ါရီလ ၁၁ ရက္ညေနပုိင္းက ကရင္နီလူငယ္မ်ားမွ ဗုိလ္ခ်ဳပ္ေၾကးရုပ္ဖယ္ရွားေပးေရးအပါအ၀င္ ကယားျပည္နယ္၀န္ႀကီးခ်ဳပ္ႏွင့္ ျပည္နယ္စီမံဘ႑ာ၀န္ႀကီးအား ႏုတ္ထြက္ေပးရန္ ဟစ္ေၾကြးဆႏၵထုတ္ေဖာ္ၾကျခင္းျဖစ္သည္။

ကယားျပည္နယ္၀န္ႀကီးခ်ဳပ္ႏုတ္ထြက္ေပးရန္ ကရင္နီလူငယ္မ်ားဆႏၵထုတ္ေဖာ္


“ကြ်န္ေတာ္တုိ႔လုိခ်င္တာဗုိလ္ခ်ဳပ္ေၾကးရုပ္မဟုတ္ဘူး။ ဗုိလ္ခ်ဳပ္ေျပာခဲ့တဲ့တန္းတူေရး ညီမွ်ေရးျဖစ္တယ္။ တုိင္းရင္းသားေတြလုိခ်င္ေနတဲ့အရာျဖစ္တယ္။ အခုကဗုိလ္ခ်ဳပ္ေၾကးရုပ္ကုိ ကြ်န္ေတာ္တုိ႔နယ္မွာ လာစုိက္ထူတယ္။ ဒါကုိသေဘာမတူဘူးဆုိတာမသိတာလား။ မသိခ်င္ေယာင္ေဆာင္တာလား။ ဒါမွမဟုတ္ ၀န္ႀကီးခ်ဳပ္အေနနဲ႔ ေစာ္ကားေနတာလား။ ဗုိလ္ခ်ဳပ္ေၾကးရုပ္ကုိဖယ္ရွားေပးေစခ်င္တယ္။ အဲဒီေတာ့ ကြ်န္ေတာ္ ဟစ္ေၾကြးတာကုိတုိင္ေပးခ်င္ပါတယ္။ ၀န္ႀကီးခ်ဳပ္ႏုတ္ထြက္ေပးေရး ဒုိ႔အေရး၊ စီမံဘ႑ာ၀န္ႀကီး ႏုတ္ထြက္ေပးေရး ဒုိ႔အေရး’’ ဟု ကရင္နီလူငယ္သပိတ္ေကာ္မတီမွ ကုိဒီးဒီက ေျပာသည္။
အဆုိပါဆႏၵထုတ္ေဖာ္ပြဲတြင္ ရန္ကုန္မွ ၀န္းရံလူငယ္မ်ားလည္းပါ၀င္ခဲ့ၿပီး ၀န္ႀကီးခ်ဳပ္ႏုတ္ထြက္ေပးေရး ၊ စီမံဘ႑ာ၀န္ႀကီးႏုတ္ထြက္ေပးေရးတုိ႔ကုိေတာင္းဆုိခဲ့ၿပီးဗုိလ္ခ်ဳပ္ေၾကးရုပ္ကုိ ဖယ္ရွားေပးေရး (သုိ႔မဟုတ္) ေျပာင္းေရႊ႕ေပးေရးတုိ႔ကုိ ေတာင္းဆုိခဲ့ၾကသည္။

ကယားျပည္နယ္၀န္ႀကီးခ်ဳပ္ႏုတ္ထြက္ေပးရန္ ကရင္နီလူငယ္မ်ားဆႏၵထုတ္ေဖာ္


ကယားျပည္နယ္၊ လြဳိင္ေကာ္ၿမဳိ ႔၊ ကႏၵာေဟ၀န္ပန္းၿခံတြင္ ဗုိလ္ခ်ဳပ္ေၾကးရုပ္ျဖစ္ေျမာက္ေရး စတင္စီစဥ္ခ်ိန္မွစ၍ ကရင္နီလူငယ္မ်ားမွ ကန္႔ကြက္ဆႏၵထုတ္ေဖာ္ခဲ့ၾကၿပီး ၂၀၁၈ ခုႏွစ္၊ ဇူလုိင္လကလည္း လူဦးေရရာႏွင့္ခ်ီ ဆႏၵထုတ္ေဖာ္ခဲ့သည္။
ယင္းေနာက္ ၂၀၁၉ ခုႏွစ္၊ ဇန္န၀ါရီလ ၃၁ ရက္တြင္ ဗုိလ္ခ်ဳပ္ျမင္းစီးရုပ္ကို ပန္းၿခံတြင္ သယ္ေဆာင္တင္ခဲ့သျဖင့္ ကရင္နီလူငယ္အဖြဲ႔မွ သပိတ္ဖြင့္လွစ္ကာ ဆႏၵထုတ္ေဖာ္ၾကၿပီး ဖမ္းဆီးအေရးယူမႈမ်ားရွိခဲ့သည္။
ထို႔ေနာက္ ေဖေဖၚ၀ါရီလဆန္းပုိင္းတြင္ ကယားျပည္နယ္အမ်ိဳးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ပါတီရုံးခ်ဳပ္ေရွ ႔တြင္ ထုိင္သပိတ္ထပ္မံဆင္ႏႊဲေသာေၾကာင့္ ဖယ္ရွားရွင္းလင္းခဲ့ေၾကာင္းသိရသည္။
“ကြ်န္ေတာ္တုိ႔ကဒီအတြက္ ကြ်န္ေတာ္တုိ႔အသက္ေတြကုိေတာင္စေတးမွာျဖစ္တယ္။ အစုိးရအေနနဲ႔ ဒီကိစၥကုိ သူတုိ႔တာ၀န္ယူမႈတာ၀န္ခံမႈနဲ႔လာညွိနႈိင္းရမွာျဖစ္တယ္’’ ဟု ကရင္နီလူငယ္သပိတ္ေကာ္မတီမွ လူငယ္တစ္ဦးက ေျပာသည္။
လက္ရွိတြင္ ဗုိလ္ခ်ဳပ္ေၾကးရုပ္ထားရွိမႈကန္႔ကြက္ေသာေၾကာင့္ ကရင္နီလူငယ္အားတရားစြဲဆုိအေရးယူမႈ ၅၅ ဦး အထိရွိလာၿပီျဖစ္ၿပီးအမ်ားစုမွာပုဒ္မ ၁၉၊၂၀ ၊ ပုဒ္မ ၅၀၅ ခ ၊ ဂ တုိ႔ျဖင့္ တရားစြဲဆုိခံထားရျခင္းျဖစ္သည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

 

Unicode version

ကယားပြည်နယ်ဝန်ကြီးချုပ်နုတ်ထွက်ပေးရန် ကရင်နီလူငယ်များဆန္ဒထုတ်ဖော်

ကယားပြည်နယ်ဝန်ကြီးချုပ်အပါအဝင် ကယားပြည်နယ်စီမံဘဏ္ဍဝန်ကြီးပါ နုတ်ထွက်ပေးရန် ကရင်နီလူငယ်များမှ ယနေ့ (ဖေဖေါ်ဝါရီလ ၁၁ ရက်) ညနေပိုင်းက ဆန္ဒထုတ်ဖော်တောင်းဆိုနေကြသည်။ 
ကယားပြည်နယ်လွှတ်တော်ဝန်းဟစ်တိုင်တွင် ဖေဖေါ်ဝါရီလ ၁၁ ရက်ညနေပိုင်းက ကရင်နီလူငယ်များမှ ဗိုလ်ချုပ်ကြေးရုပ်ဖယ်ရှားပေးရေးအပါအဝင် ကယားပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်စီမံဘဏ္ဍာဝန်ကြီးအား နုတ်ထွက်ပေးရန် ဟစ်ကြွေးဆန္ဒထုတ်ဖော်ကြခြင်းဖြစ်သည်။

ကယားျပည္နယ္၀န္ႀကီးခ်ဳပ္ႏုတ္ထြက္ေပးရန္ ကရင္နီလူငယ္မ်ားဆႏၵထုတ္ေဖာ္


“ကျွန်တော်တို့လိုချင်တာဗိုလ်ချုပ်ကြေးရုပ်မဟုတ်ဘူး။ ဗိုလ်ချုပ်ပြောခဲ့တဲ့တန်းတူရေး ညီမျှရေးဖြစ်တယ်။ တိုင်းရင်းသားတွေလိုချင်နေတဲ့အရာဖြစ်တယ်။ အခုကဗိုလ်ချုပ်ကြေးရုပ်ကို ကျွန်တော်တို့နယ်မှာ လာစိုက်ထူတယ်။ ဒါကိုသဘောမတူဘူးဆိုတာမသိတာလား။ မသိချင်ယောင်ဆောင်တာလား။ ဒါမှမဟုတ် ဝန်ကြီးချုပ်အနေနဲ့ စော်ကားနေတာလား။ ဗိုလ်ချုပ်ကြေးရုပ်ကိုဖယ်ရှားပေးစေချင်တယ်။ အဲဒီတော့ ကျွန်တော် ဟစ်ကြွေးတာကိုတိုင်ပေးချင်ပါတယ်။ ဝန်ကြီးချုပ်နုတ်ထွက်ပေးရေး ဒို့အရေး၊ စီမံဘဏ္ဍာဝန်ကြီး နုတ်ထွက်ပေးရေး ဒို့အရေး’’ ဟု ကရင်နီလူငယ်သပိတ်ကော်မတီမှ ကိုဒီးဒီက ပြောသည်။

ကယားျပည္နယ္၀န္ႀကီးခ်ဳပ္ႏုတ္ထြက္ေပးရန္ ကရင္နီလူငယ္မ်ားဆႏၵထုတ္ေဖာ္


အဆိုပါဆန္ဒထုတ်ဖော်ပွဲတွင် ရန်ကုန်မှ ဝန်းရံလူငယ်များလည်းပါဝင်ခဲ့ပြီး ဝန်ကြီးချုပ်နုတ်ထွက်ပေးရေး ၊ စီမံဘဏ္ဍာဝန်ကြီးနုတ်ထွက်ပေးရေးတို့ကိုတောင်းဆိုခဲ့ပြီးဗိုလ်ချုပ်ကြေးရုပ်ကို ဖယ်ရှားပေးရေး (သို့မဟုတ်) ပြောင်းရွှေ့ပေးရေးတို့ကို တောင်းဆိုခဲ့ကြသည်။
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ကန္ဒာဟေဝန်ပန်းခြံတွင် ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေး စတင်စီစဉ်ချိန်မှစ၍ ကရင်နီလူငယ်များမှ ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ၂၀၁၈ ခုနှစ်၊ ဇူလိုင်လကလည်း လူဦးရေရာနှင့်ချီ ဆန္ဒထုတ်ဖော်ခဲ့သည်။
ယင်းနောက် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်တွင် ဗိုလ်ချုပ်မြင်းစီးရုပ်ကို ပန်းခြံတွင် သယ်ဆောင်တင်ခဲ့သဖြင့် ကရင်နီလူငယ်အဖွဲ့မှ သပိတ်ဖွင့်လှစ်ကာ ဆန္ဒထုတ်ဖော်ကြပြီး ဖမ်းဆီးအရေးယူမှုများရှိခဲ့သည်။
ထို့နောက် ဖေဖေါ်ဝါရီလဆန်းပိုင်းတွင် ကယားပြည်နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးချုပ်ရှေ့တွင် ထိုင်သပိတ်ထပ်မံဆင်နွှဲသောကြောင့် ဖယ်ရှားရှင်းလင်းခဲ့ကြောင်းသိရသည်။
“ကျွန်တော်တို့ကဒီအတွက် ကျွန်တော်တို့အသက်တွေကိုတောင်စတေးမှာဖြစ်တယ်။ အစိုးရအနေနဲ့ ဒီကိစ္စကို သူတို့တာဝန်ယူမှုတာဝန်ခံမှုနဲ့လာညှိနှိုင်းရမှာဖြစ်တယ်’’ ဟု ကရင်နီလူငယ်သပိတ်ကော်မတီမှ လူငယ်တစ်ဦးက ပြောသည်။
လက်ရှိတွင် ဗိုလ်ချုပ်ကြေးရုပ်ထားရှိမှုကန့်ကွက်သောကြောင့် ကရင်နီလူငယ်အားတရားစွဲဆိုအရေးယူမှု ၅၅ ဦး အထိရှိလာပြီဖြစ်ပြီးအများစုမှာပုဒ်မ ၁၉၊၂၀ ၊ ပုဒ်မ ၅၀၅ ခ ၊ ဂ တို့ဖြင့် တရားစွဲဆိုခံထားရခြင်းဖြစ်သည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။