Skip to main content
ဘာသာေရးေစာ္ကားမႈႏွင့္ ညစ္ညမ္း ေတးသီခ်င္းစားသားေတြ ပိတ္ပင္မႈအေပၚ အင္ဒုိ ဂီတသမားေတြ ဆႏၵျပ 
Ads Block

ဘာသာေရးေစာ္ကားမႈႏွင့္ ညစ္ညမ္း ေတးသီခ်င္းစားသားေတြ ပိတ္ပင္မႈအေပၚ အင္ဒုိ ဂီတသမားေတြ ဆႏၵျပ 

ဘုရားကုိေစာ္ကား ပုတ္ခတ္တာေတြနဲ ့ ညစ္ညမ္း ေတးဂီတအမ်ဳိးအစားေတြကုိ ပိတ္ပင္ဖုိ ့လုပ္လာတဲ့ ဥပေဒမူၾကမ္းအေပၚ ဆန္႔က်င္ေၾကာင္း အင္ဒုိနီးရွား ေဖ်ာ္ေျဖေရး သမားေတြက ဆႏၵျပ ခ်ီတက္ခဲ့ၾကပါတယ္။ ဒီဥပေဒဟာ မြတ္ဆလင္အမ်ားစုေနထုိင္ရာ ႏုိင္ငံရဲ ့ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆုိခြင့္အေပၚ ဖိႏွိပ္တဲ့လက္နက္အျဖစ္ အသုံးခ်လာႏုိင္တယ္လုိ ့ ေ၀ဖန္သူေတြက ေထာက္ျပခဲ့ပါတယ္။ 
ဂစ္တာေတြ၊ ဒရမ္ေတြ တီးခတ္ကာ ေၾကြးေၾကာ္စာသားေတြ ကုိင္ေဆာင္ ထားၾကတဲ့ ဆႏၵျပသူ ၁၀၀ ေက်ာ္ေလာက္ဟာ တနဂၤေႏြေန ့က ဂ်ကာတာၿမိဳ ့ေတာ္အနီးက ဘုိဂါၿမိဳ ့လမ္းမေပၚ ခ်ီတက္လာကာ အဆုိျပဳထားတဲ့ ဥပေဒၾကမ္းကုိ ကန္ ့ကြက္ ဆႏၵျပခဲ့ၾကပါတယ္။ ဥေပေဒၾကမ္းရုပ္သိမ္းေပးဖုိ ့အတြက္ အြန္လုိင္း လက္မွတ္ ေကာက္ယူခဲ့ရာမွာ လက္မွတ္ေရးထုိးခဲ့သူ ၂ သိန္း ၇ ေသာင္းနီးပါးရွိခဲ့ၿပီလုိ ့ ဆုိပါတယ္။ 
ဥပေဒၾကမ္းအရ ဂီတသမားေတြအေနနဲ ့ ႏုိင္ငံရပ္ျခား ယဥ္ေက်းမႈရဲ ့ အႏုတ္လကၡဏာ ေဆာင္တဲ့ လႊမ္းမုိးမႈေတြ ထည့္သြင္းေရးစပ္ျခင္း မျပဳဖုိ ့ သုိ ့မဟုတ္ အင္ဒုိနီးရွားႏုိင္ငံမွာ လူ႔ဂုဏ္သိကၡာ ထိခုိက္ေစတဲ့ စာသားေတြ ေရးသားစပ္ဆုိျခင္းကုိ ေရွာင္းရွားဖုိ ့ ထည့္သြင္းေဖာ္ျပထားပါတယ္။ 
ပါလီမန္မွာ ေဆြးေႏြးဖုိ ့လုပ္ေနတဲ့ ယင္း ဥပေဒၾကမ္း အတည္ျဖစ္ခဲ့ရင္ ဥပေဒကုိ မလုိက္နာတဲ့ ဂီတသမားေတြအဖုိ ့ ေထာင္ဒဏ္ သုိ ့မဟုတ္ ေငြဒဏ္ခ်မွတ္ခံရႏုိင္ေျခ ရွိေနပါတယ္။ ဥပေဒရဲ ့ ရွင္းလင္းတိက်မႈမရွိတဲ့ အသုံးအႏႈန္းေတြေၾကာင့္ အာဏာပုိင္ေတြရဲ ့ မေတာ္မေလ်ာ္ အသုံးခ်မႈေတြ ျဖစ္လာႏုိင္ေၾကာင္းလည္း ဂီတသမားေတြက ေျပာခဲ့ပါတယ္။ 
ဒီဥပေဒဟာ သူတုိ ့သေဘာမက်တဲ့ သူေတြရဲ ့ ဖန္တီးမႈေတြကုိ ႏွိပ္ကြပ္လုိသူ တစ္စုရဲ ့ ထြက္ေပါက္တစ္ခုျဖစ္သြားႏုိင္ေၾကာင္း ဂီတသမားေတြရဲ ့ ကုိယ္စားလွယ္ ဒန္နီလာ ရီယာဒီ က ေျပာဆုိခဲ့ပါတယ္။
Ref: CNA

- ကိုလင္း (အကုန္သိ သတင္းဌာန)


Unicode version

ဘာသာရေးစော်ကားမှုနှင့် ညစ်ညမ်း တေးသီချင်းစားသားတွေ ပိတ်ပင်မှုအပေါ် အင်ဒို ဂီတသမားတွေ ဆန္ဒပြ 
ဘုရားကိုစော်ကား ပုတ်ခတ်တာတွေနဲ့ ညစ်ညမ်း တေးဂီတအမျိုးအစားတွေကို ပိတ်ပင်ဖို့လုပ်လာတဲ့ ဥပဒေမူကြမ်းအပေါ် ဆန့်ကျင်ကြောင်း အင်ဒိုနီးရှား ဖျော်ဖြေရေး သမားတွေက ဆန္ဒပြ ချီတက်ခဲ့ကြပါတယ်။ ဒီဥပဒေဟာ မွတ်ဆလင်အများစုနေထိုင်ရာ နိုင်ငံရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပေါ် ဖိနှိပ်တဲ့လက်နက်အဖြစ် အသုံးချလာနိုင်တယ်လို့ ဝေဖန်သူတွေက ထောက်ပြခဲ့ပါတယ်။ 
ဂစ်တာတွေ၊ ဒရမ်တွေ တီးခတ်ကာ ကြွေးကြော်စာသားတွေ ကိုင်ဆောင် ထားကြတဲ့ ဆန္ဒပြသူ ၁၀၀ ကျော်လောက်ဟာ တနင်္ဂနွေနေ့က ဂျကာတာမြို့တော်အနီးက ဘိုဂါမြို့လမ်းမပေါ် ချီတက်လာကာ အဆိုပြုထားတဲ့ ဥပဒေကြမ်းကို ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။ ဥပေဒေကြမ်းရုပ်သိမ်းပေးဖို့အတွက် အွန်လိုင်း လက်မှတ် ကောက်ယူခဲ့ရာမှာ လက်မှတ်ရေးထိုးခဲ့သူ ၂ သိန်း ၇ သောင်းနီးပါးရှိခဲ့ပြီလို့ ဆိုပါတယ်။ 
ဥပဒေကြမ်းအရ ဂီတသမားတွေအနေနဲ့ နိုင်ငံရပ်ခြား ယဉ်ကျေးမှုရဲ့ အနုတ်လက္ခဏာ ဆောင်တဲ့ လွှမ်းမိုးမှုတွေ ထည့်သွင်းရေးစပ်ခြင်း မပြုဖို့ သို့မဟုတ် အင်ဒိုနီးရှားနိုင်ငံမှာ လူ့ဂုဏ်သိက္ခာ ထိခိုက်စေတဲ့ စာသားတွေ ရေးသားစပ်ဆိုခြင်းကို ရှောင်းရှားဖို့ ထည့်သွင်းဖော်ပြထားပါတယ်။ 
ပါလီမန်မှာ ဆွေးနွေးဖို့လုပ်နေတဲ့ ယင်း ဥပဒေကြမ်း အတည်ဖြစ်ခဲ့ရင် ဥပဒေကို မလိုက်နာတဲ့ ဂီတသမားတွေအဖို့ ထောင်ဒဏ် သို့မဟုတ် ငွေဒဏ်ချမှတ်ခံရနိုင်ခြေ ရှိနေပါတယ်။ ဥပဒေရဲ့ ရှင်းလင်းတိကျမှုမရှိတဲ့ အသုံးအနှုန်းတွေကြောင့် အာဏာပိုင်တွေရဲ့ မတော်မလျော် အသုံးချမှုတွေ ဖြစ်လာနိုင်ကြောင်းလည်း ဂီတသမားတွေက ပြောခဲ့ပါတယ်။ 
ဒီဥပဒေဟာ သူတို့သဘောမကျတဲ့ သူတွေရဲ့ ဖန်တီးမှုတွေကို နှိပ်ကွပ်လိုသူ တစ်စုရဲ့ ထွက်ပေါက်တစ်ခုဖြစ်သွားနိုင်ကြောင်း ဂီတသမားတွေရဲ့ ကိုယ်စားလှယ် ဒန်နီလာ ရီယာဒီ က ပြောဆိုခဲ့ပါတယ်။
Ref: CNA

- ကိုလင်း (အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။