Skip to main content
ဖြံ႕ၿဖိဳးမႈအားနည္းေသာေဒသမ်ားအတြက္ ဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားႏွစ္ဆေဆာင္ရြက္ေပးသင့္ဟု ဆို 
Ads Block

ဖြံ႕ၿဖိဳးမႈအားနည္းေသာေဒသမ်ားအတြက္ ဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားႏွစ္ဆေဆာင္ရြက္ေပးသင့္ဟု ဆို 

ေ၀းလံေဒသမ်ားတြင္ တာ၀န္ထမ္းေဆာင္ေသာ ၀န္ထမ္းမ်ားအား လစာႏွစ္ဆေပးသကဲ့သို႔ ဖြံ႕ၿဖိဳးမႈ အားနည္းေသာေဒသမ်ားတြင္ ဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ား ႏွစ္ဆပိုလုပ္ေပးသင့္ေၾကာင္း က်ိဳက္လတ္မဲဆႏၵနယ္မွ လႊတ္ေတာ္ကုိယ္စားလွယ္ ဦးရန္လင္းက ေျပာလိုက္သည္။
ေဖေဖၚ၀ါရီလ ၁၁ ရက္က က်င္းပေသာ ဒုတိယအႀကိမ္ျပည္ေထာင္စုလႊတ္ေတာ္ ၁၁ ႀကိမ္ေျမာက္ ပုံမွန္အစည္းအေ၀း၊ သမၼတေျမာက္ေန႔တြင္ ျပည္ေထာင္စုလႊတ္ေတာ္ဆုိင္ရာဖြံ႕ၿဖိဳးေရးရန္ပုံေငြစာရင္းမ်ားႏွင့္ စပ္လ်ဥ္းသည့္ ျပည္ေထာင္စုစာရင္းစစ္ခ်ဳပ္၏ စစ္ေဆးေတြ႔ရွိခ်က္အေပၚေဆြးေႏြးၾကရာတြင္ ထည့္သြင္း ေျပာၾကားခဲ့ျခင္း ျဖစ္သည္။ 

ဖြံ႕ၿဖိဳးမႈအားနည္းေသာေဒသမ်ားအတြက္ ဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားႏွစ္ဆေဆာင္ရြက္ေပးသင့္ဟု ဆို 


“ ေ၀းလံတဲ့ေဒသမွာရွိတဲ့ ၀န္ထမ္းေတြကုိလခနွစ္ဆေပးသလုိ ဖြံ႔ၿဖိဳးေရးအားနည္းတဲ့ေဒသေတြအတြက္လည္း ႏွစ္ဆဖြြံ႕ၿဖိဳးေရးလုပ္ငန္းေတြပုိလုပ္ေပးရင္ေကာင္းပါတယ္” ဟု က်ိဳက္လတ္မဲဆႏၵနယ္မွ လႊတ္ေတာ္ကုိယ္စားလွယ္ ဦးရန္လင္းက ေျပာသည္။
ျပည္ေထာင္စုလႊတ္ေတာ္ဆုိင္ရာဖြံ႔ၿဖိဳးေရးရန္ပုံေငြမ်ားကို ေရြးေကာက္ပြဲက်င္းပႏုိင္ျခင္းမရွိသည့္ေနရာမ်ား အတြက္ပါ ေတာင္းထားၿပီး ျပန္လည္အပ္နွံမႈမ်ားရွိခဲ့ေၾကာင္း ျပည္ေထာင္စုစာရင္းစစ္ခ်ဳပ္ရုံး၏ စစ္ေဆးေတြ႔ရွိခ်က္အရ သိရသည္။

ဖြံ႕ၿဖိဳးမႈအားနည္းေသာေဒသမ်ားအတြက္ ဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားႏွစ္ဆေဆာင္ရြက္ေပးသင့္ဟု ဆို 


စစ္ေဆးေတြ႔ရွိခ်က္အရ တုိင္းေဒသႀကီးနွင့္ျပည္နယ္မ်ားသုိ႔ေထာက္ပံ့ေငြ ရန္ပုံေငြခြင့္ျပဳမႈ ၃၂၂၀၀၀၀၀ ၊လႊဲ႔ပုိ႔မႈ ၃၀၆၉၉၉၉၀ ပုိလွ်ံေငြ ၅၀၀၀၀၂ တုိ႔ျဖစ္ၿပီး ျပည္ေထာင္စုစာရင္းစစ္ခ်ဳပ္ရုံး၏ အႀကံျပဳခ်က္တြင္ ေရြးေကာက္ပြဲ က်င္းပႏုိင္ျခင္းမရွိသည့္ၿမိဳ႕နယ္မ်ားအတြက္ ႏွစ္စဥ္ ခြင့္ျပဳရန္ပုံေငြတင္ျပေတာင္းခံၿပီး ျပန္လည္ အပ္ႏွံထားေၾကာင္းေတြ႔ရွိရပါသျဖင့္ ခြင့္ျပဳရန္ပုံေငြတင္ျပေတာင္းခံမႈမ်ားကုိ ျပန္လည္စိစစ္သင့္ေၾကာင္း ေဖာ္ျပထားသည္။ 

ဖြံ႕ၿဖိဳးမႈအားနည္းေသာေဒသမ်ားအတြက္ ဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားႏွစ္ဆေဆာင္ရြက္ေပးသင့္ဟု ဆို 


ထုိ႔အျပင္ ဘ႑ာေရးလုပ္ထုံးလုပ္နည္းႏွင့္မညီေသာ ေငြစာရင္းစာအုပ္ႏွင့္သက္ဆုိင္ရာ အေထာက္အထားမ်ား မထားရွိျခင္း ၊ ေဆာင္ရြက္ခြင့္တင္ျပသည့္လုပ္ငန္းေနရာႏွင့္ အမွန္တကယ္ ေဆာင္ရြက္သည့္ေနရာ လုပ္ငန္းမ်ားကြဲလြဲျခင္း၊ လုပ္ငန္းခန္႔မွန္းေျခစာရင္းမ်ားေရးဆြဲျခင္းမရွိျခင္း၊ မ်က္ျမင္စစ္ေဆးရာတြင္ လုပ္ငန္းမ်ားၿပီးစီးမႈမရွိျခင္းတုိ႔ေတြ႔ရွိရေၾကာင္း ျပည္ေထာင္စုစာရင္းစစ္ခ်ဳပ္၏ စစ္ေဆးေတြ႔ရွိခ်က္အရသိရသည္။
ျပည္ေထာင္စုလႊတ္ေတာ္ဖြံၿဖဳိးေရးရန္ပုံေငြျဖင့္ ေဒသခံျပည္သူမ်ား၏ လုိအပ္ခ်က္အရ လမ္း၊ ဖြံၿဖဳိးေရးအေဆာက္အဦ စသည္တုိ႔ကုိေဆာင္ရြက္ေပးေၾကာင္း သိရသည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

 

Unicode version

ဖွံ့ဖြိုးမှုအားနည်းသောဒေသများအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများနှစ်ဆဆောင်ရွက်ပေးသင့်ဟု ဆို 
 

ဝေးလံဒေသများတွင် တာဝန်ထမ်းဆောင်သော ဝန်ထမ်းများအား လစာနှစ်ဆပေးသကဲ့သို့ ဖွံ့ဖြိုးမှု အားနည်းသောဒေသများတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ နှစ်ဆပိုလုပ်ပေးသင့်ကြောင်း ကျိုက်လတ်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးရန်လင်းက ပြောလိုက်သည်။
ဖေဖေါ်ဝါရီလ ၁၁ ရက်က ကျင်းပသော ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေး၊ သမ္မတမြောက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဖွံ့ဖြိုးရေးရန်ပုံငွေစာရင်းများနှင့် စပ်လျဉ်းသည့် ပြည်ထောင်စုစာရင်းစစ်ချုပ်၏ စစ်ဆေးတွေ့ရှိချက်အပေါ်ဆွေးနွေးကြရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

ဖြံ႕ၿဖိဳးမႈအားနည္းေသာေဒသမ်ားအတြက္ ဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားႏွစ္ဆေဆာင္ရြက္ေပးသင့္ဟု ဆို 


“ ဝေးလံတဲ့ဒေသမှာရှိတဲ့ ဝန်ထမ်းတွေကိုလခနှစ်ဆပေးသလို ဖွံ့ဖြိုးရေးအားနည်းတဲ့ဒေသတွေအတွက်လည်း နှစ်ဆဖွံ့ဖြိုးရေးလုပ်ငန်းတွေပိုလုပ်ပေးရင်ကောင်းပါတယ်” ဟု ကျိုက်လတ်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးရန်လင်းက ပြောသည်။
ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဖွံ့ဖြိုးရေးရန်ပုံငွေများကို ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသည့်နေရာများ အတွက်ပါ တောင်းထားပြီး ပြန်လည်အပ်နှံမှုများရှိခဲ့ကြောင်း ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးတွေ့ရှိချက်အရ သိရသည်။

ဖြံ႕ၿဖိဳးမႈအားနည္းေသာေဒသမ်ားအတြက္ ဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားႏွစ္ဆေဆာင္ရြက္ေပးသင့္ဟု ဆို 


စစ်ဆေးတွေ့ရှိချက်အရ တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ထောက်ပံ့ငွေ ရန်ပုံငွေခွင့်ပြုမှု ၃၂၂၀၀၀၀၀ ၊လွှဲ့ပို့မှု ၃၀၆၉၉၉၉၀ ပိုလျှံငွေ ၅၀၀၀၀၂ တို့ဖြစ်ပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အကြံပြုချက်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိသည့်မြို့နယ်များအတွက် နှစ်စဉ် ခွင့်ပြုရန်ပုံငွေတင်ပြတောင်းခံပြီး ပြန်လည် အပ်နှံထားကြောင်းတွေ့ရှိရပါသဖြင့် ခွင့်ပြုရန်ပုံငွေတင်ပြတောင်းခံမှုများကို ပြန်လည်စိစစ်သင့်ကြောင်း ဖော်ပြထားသည်။ 

ဖြံ႕ၿဖိဳးမႈအားနည္းေသာေဒသမ်ားအတြက္ ဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားႏွစ္ဆေဆာင္ရြက္ေပးသင့္ဟု ဆို 


ထို့အပြင် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့်မညီသော ငွေစာရင်းစာအုပ်နှင့်သက်ဆိုင်ရာ အထောက်အထားများ မထားရှိခြင်း ၊ ဆောင်ရွက်ခွင့်တင်ပြသည့်လုပ်ငန်းနေရာနှင့် အမှန်တကယ် ဆောင်ရွက်သည့်နေရာ လုပ်ငန်းများကွဲလွဲခြင်း၊ လုပ်ငန်းခန့်မှန်းခြေစာရင်းများရေးဆွဲခြင်းမရှိခြင်း၊ မျက်မြင်စစ်ဆေးရာတွင် လုပ်ငန်းများပြီးစီးမှုမရှိခြင်းတို့တွေ့ရှိရကြောင်း ပြည်ထောင်စုစာရင်းစစ်ချုပ်၏ စစ်ဆေးတွေ့ရှိချက်အရသိရသည်။
ပြည်ထောင်စုလွှတ်တော်ဖွံဖြိုးရေးရန်ပုံငွေဖြင့် ဒေသခံပြည်သူများ၏ လိုအပ်ချက်အရ လမ်း၊ ဖွံဖြိုးရေးအဆောက်အဦ စသည်တို့ကိုဆောင်ရွက်ပေးကြောင်း သိရသည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။