Skip to main content
 ေျမြအရွင္ လည္ပင္းပတ္ကာ စစ္ေၾကာခဲ့မႈအတြက္ အင္ဒုိရဲ  ျပန္လည္ေတာင္းပန္ 
Ads Block

 ေျမြအရွင္ လည္ပင္းပတ္ကာ စစ္ေၾကာခဲ့မႈအတြက္ အင္ဒုိရဲ  ျပန္လည္ေတာင္းပန္ 

အင္ဒုိနီးရွားႏုိင္ငံ အေရွ ့ဘက္စြန္းက ပါပူအာေဒသမွာ သံသယရွိ ဖုန္းသူခုိးတစ္ဦးရဲ ့ လည္ပင္းကို ေျမြအရွင္ပတ္ကာ ၿခိမ္းေျခာက္စစ္ေၾကာေရးလုပ္ခဲ့မႈအတြက္ အင္ဒုိနီးရွားရဲတပ္ဖြဲ ့က ေတာင္းပန္ခဲ့ကာ ယင္း စစ္ေၾကာမႈလုပ္ခဲ့တဲ့ ရဲတပ္ဖြဲ ့၀င္ေတြကုိ စည္းကမ္းပုိင္းအရ အေရးယူေဆာင္ရြက္သြားမယ္လုိ ့ ကတိေပးခဲ့ပါတယ္။ 
အြန္လုိင္းမွာ ပ်ံ ့ႏွံ ့ခဲ့တဲ့ ဗီဒီယုိဖုိင္မွာ လက္ထိပ္ခတ္ခံထားရတဲ့ အမ်ဳိးသားတစ္ဦးကုိ ဖုန္းခုိးမႈနဲ ့ပတ္သက္ၿပီး ေမးျမန္းစစ္ေဆးေနကာ ရဲတပ္ဖြဲ ့၀င္တစ္ဦးက ေျမြကုိ ၄င္းရဲ ့ မ်က္ႏွာဆီ တြန္းတြန္းပုိ ့ေနခဲ့တာေၾကာင့္ အမ်ဳိးသားခမ်ာ ေၾကာက္လန္ ့ေအာ္ဟစ္ေနခဲ့တာေတြ ့ရပါတယ္။ ဒါ့အျပင္ ယင္း အမ်ဳိးသားကုိ ရဲတပ္ဖြဲ ့၀င္တစ္ဦးက ဖုန္းခုိးတာ ဘယ္ႏွစ္ႀကိမ္ေျမာက္ရွိၿပီလဲလုိ ့ ၾကမ္းျပင္မွာ စာေရးေမးျမန္းခဲ့တာလည္း ေတြ ့ရပါတယ္။ သံယယရွိသူက ေနာက္ဆုံးမွာေတာ့ ႏွစ္ႀကိမ္ေျမာက္ ရွိပါၿပီလုိ ့ ျပန္ေျဖခဲ့တာကုိ လည္း ေတြ ့ရပါတယ္။ 
ယင္း ျဖစ္ရပ္ဟာ မၾကာခင္က ဂ်ာယာ၀ီဂ်ာယာခရုိင္မွာ အေသးစားမႈခင္းျဖစ္စဥ္ ႏွိမ္နင္းေရးလုပ္ခဲ့စဥ္ ျဖစ္ပြားခဲ့တာျဖစ္ပါေၾကာင္း ရဲတပ္ဖြဲ ့က ထုတ္ေဖာ္ေျပာဆုိခဲ့ပါတယ္။ ပါပူအာ ရဲတပ္ဖြဲ ့က ယင္းျဖစ္စဥ္အတြက္ ေတာင္းပန္ခဲ့ေပမယ့္ ေျမြဟာ အဆိပ္ျပင္းေျမြ မဟုတ္ခဲ့သလုိ ရဲေတြကလည္း သံသယရွိသူခုိးကုိ ရုိက္ႏွက္ျခင္းမလုပ္ခဲ့ဘူးလုိ ့ ဆုိကာ တပ္ဖြဲ ့၀င္ေတြရဲ ့လုပ္ရပ္ကုိ ဆင္ေျခေပးေျဖရွင္းဖုိ ့ ႀကိဳးစားခဲ့ပါတယ္။ 
ယင္းျဖစ္စဥ္မွာ ပါ၀င္ပတ္သက္တဲ့ တပ္ဖြဲ ့၀င္ေတြကုိ ရဲက်င့္၀တ္ခ်ဳိးေဖာက္မႈနဲ ့ စုံစမ္းစစ္ေဆးေနတယ္လုိ ့ ဂ်ကာတာပုိ ့စ္သတင္းမွာ ေဖာ္ျပပါတယ္။ ရဲတပ္ဖြဲ ့၀င္ေတြရဲ ့ စစ္ေၾကာေရးနည္းလမ္းေတြဟာ ညွင္းပန္းႏွိပ္စက္မႈျဖစ္ေၾကာင္း လူ ့အခြင့္အေရးေရွ ့ေန ဗစ္တုိးရီးယား ကုိမန္က ေျပဆုိခဲ့ပါတယ္။ ဒါ့အျပင္ “လူမ်ဳိးေရးခြဲျခားမႈ၀ါဒ စရုိက္လကၡဏာေတြ ေပၚေနတဲ့ ႏွိပ္စက္မႈ” လုိ ့ အမည္တပ္ကာ ယင္း ဗီဒီယုိဖုိင္ကုိ သူရဲ႕တြစ္တာ အေကာင့္မွာ မွ်ေ၀ေဖာ္ျပခဲ့ပါတယ္။ 
Ref: CNA

- ကိုလင္း (အကုန္သိ သတင္းဌာန)

Unicode version

 မြွေအရှင် လည်ပင်းပတ်ကာ စစ်ကြောခဲ့မှုအတွက် အင်ဒိုရဲ  ပြန်လည်တောင်းပန် 
အင်ဒိုနီးရှားနိုင်ငံ အရှေ့ဘက်စွန်းက ပါပူအာဒေသမှာ သံသယရှိ ဖုန်းသူခိုးတစ်ဦးရဲ့ လည်ပင်းကို မြွေအရှင်ပတ်ကာ ခြိမ်းခြောက်စစ်ကြောရေးလုပ်ခဲ့မှုအတွက် အင်ဒိုနီးရှားရဲတပ်ဖွဲ့က တောင်းပန်ခဲ့ကာ ယင်း စစ်ကြောမှုလုပ်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို စည်းကမ်းပိုင်းအရ အရေးယူဆောင်ရွက်သွားမယ်လို့ ကတိပေးခဲ့ပါတယ်။ 
အွန်လိုင်းမှာ ပျံ့နှံ့ခဲ့တဲ့ ဗီဒီယိုဖိုင်မှာ လက်ထိပ်ခတ်ခံထားရတဲ့ အမျိုးသားတစ်ဦးကို ဖုန်းခိုးမှုနဲ့ပတ်သက်ပြီး မေးမြန်းစစ်ဆေးနေကာ ရဲတပ်ဖွဲ့ဝင်တစ်ဦးက မြွေကို ၎င်းရဲ့ မျက်နှာဆီ တွန်းတွန်းပို့နေခဲ့တာကြောင့် အမျိုးသားခမျာ ကြောက်လန့်အော်ဟစ်နေခဲ့တာတွေ့ရပါတယ်။ ဒါ့အပြင် ယင်း အမျိုးသားကို ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဖုန်းခိုးတာ ဘယ်နှစ်ကြိမ်မြောက်ရှိပြီလဲလို့ ကြမ်းပြင်မှာ စာရေးမေးမြန်းခဲ့တာလည်း တွေ့ရပါတယ်။ သံယယရှိသူက နောက်ဆုံးမှာတော့ နှစ်ကြိမ်မြောက် ရှိပါပြီလို့ ပြန်ဖြေခဲ့တာကို လည်း တွေ့ရပါတယ်။ 
ယင်း ဖြစ်ရပ်ဟာ မကြာခင်က ဂျာယာဝီဂျာယာခရိုင်မှာ အသေးစားမှုခင်းဖြစ်စဉ် နှိမ်နင်းရေးလုပ်ခဲ့စဉ် ဖြစ်ပွားခဲ့တာဖြစ်ပါကြောင်း ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ပါပူအာ ရဲတပ်ဖွဲ့က ယင်းဖြစ်စဉ်အတွက် တောင်းပန်ခဲ့ပေမယ့် မြွေဟာ အဆိပ်ပြင်းမြွေ မဟုတ်ခဲ့သလို ရဲတွေကလည်း သံသယရှိသူခိုးကို ရိုက်နှက်ခြင်းမလုပ်ခဲ့ဘူးလို့ ဆိုကာ တပ်ဖွဲ့ဝင်တွေရဲ့လုပ်ရပ်ကို ဆင်ခြေပေးဖြေရှင်းဖို့ ကြိုးစားခဲ့ပါတယ်။ 
ယင်းဖြစ်စဉ်မှာ ပါဝင်ပတ်သက်တဲ့ တပ်ဖွဲ့ဝင်တွေကို ရဲကျင့်ဝတ်ချိုးဖောက်မှုနဲ့ စုံစမ်းစစ်ဆေးနေတယ်လို့ ဂျကာတာပို့စ်သတင်းမှာ ဖော်ပြပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေရဲ့ စစ်ကြောရေးနည်းလမ်းတွေဟာ ညှင်းပန်းနှိပ်စက်မှုဖြစ်ကြောင်း လူ့အခွင့်အရေးရှေ့နေ ဗစ်တိုးရီးယား ကိုမန်က ပြေဆိုခဲ့ပါတယ်။ ဒါ့အပြင် “လူမျိုးရေးခွဲခြားမှုဝါဒ စရိုက်လက္ခဏာတွေ ပေါ်နေတဲ့ နှိပ်စက်မှု” လို့ အမည်တပ်ကာ ယင်း ဗီဒီယိုဖိုင်ကို သူရဲ့တွစ်တာ အကောင့်မှာ မျှဝေဖော်ပြခဲ့ပါတယ်။ 
Ref: CNA

- ကိုလင်း (အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။