Skip to main content
တစ္ႏွစ္လွ်င္ လွ်ပ္စစ္ ၁၇၀၀ မဂၢါဝပ္ တိုးခ်ဲ႕ရန္ လိုအပ္ေနဟုဆို
Ads Block

တစ္ႏွစ္လွ်င္ လွ်ပ္စစ္ ၁၇၀၀ မဂၢါဝပ္ တိုးခ်ဲ႕ရန္ လိုအပ္ေနဟုဆို

တစ္ႏိုင္ငံလံုး အတိုင္းအတာအေနျဖင့္ လွ်ပ္စစ္လိုအပ္ခ်က္ကို ျဖည့္တင္းႏိုင္ရန္အတြက္ တစ္ႏွစ္လွ်င္ လွ်ပ္စစ္ ၁၇၀၀ မဂၢါဝပ္ တိုးခ်ဲ႕ရန္ လိုအပ္ေနေၾကာင္း စြမ္းအင္ဝန္ႀကီးဌာနမွ သိရသည္။
အမ်ိဳးသားလွ်ပ္စစ္ပင္မစီမံခ်က္ကို ၂၀၁၄ တြင္ ေရးဆြဲခဲ့ၿပီး စီမံခ်က္တြင္ ၂၀၃၀ ျပည့္ႏွစ္၌ ျမန္မာႏိုင္ငံတြင္ လွ်ပ္စစ္ဓာတ္အား တပ္ဆင္မႈမွာ ၂၈၇၈၄ မဂၢါဝပ္ရွိရမည္ဟု လ်ာထားခဲ့ၿပီး ယင္းလ်ာထားလ်က္ကို ျပည့္မီရန္အတြက္ တစ္ႏွစ္လွ်င္ လွ်ပ္စစ္ ၁၇၀၀ မဂၢါဝပ္ထိ တိုးခ်ဲ႕ရန္ လိုအပ္ေၾကာင္း သိရသည္။ 
ယင္းအျပင္ ခ်မွတ္ထားသည့္ မူဝါဒ၊ စီမံကိန္းမ်ားကို ေဆာင္ရြက္ျခင္းမရွိဘဲ ေရတိုစီမံကိန္းမ်ားျဖင့္ ေျဖရွင္းေဆာင္ရြက္ပါက အဆင္မေျပႏိုင္ေၾကာင္း သိရသည္။
“ တစ္ႏို္င္ငံလံုးမွာ လွ်ပ္စစ္က လံုေလာက္စြာမရၾကေသးဘူး။ စက္မႈဇုန္ေတြမွာဆိုရင္လည္း လွ်ပ္စစ္လံုေလာက္စြာ မရရွိတဲ့ အတြက္ ဒုကၡေရာက္ၾကတယ္။ အဲဒီလိုအေျခအေနေတြကို ေက်ာ္လႊားႏိုင္ဖို႔အတြက္ စြမ္းအင္ဝန္ႀကီးဌာနအေနနဲ႔ မူဝါဒေရးဆြဲ ထားတယ္။ တစ္နိုင္ငံလံုး လွ်ပ္စစ္ရရွိေအာင္ ဝန္ႀကီးဌာအေနနဲ႔လည္း ႀကိဳးပမ္းေဆာင္ရြက္ေနပါတယ္။ လွ်ပ္စစ္မီးမရရွိေသးတဲ့ ေက်းရြာေတြက အမ်ားႀကီးက်န္ေသးတယ္။ ဒါကို အစိုးရက စီမံကိန္းေရးဆြဲၿပီးေတာ့ လွ်ပ္စစ္ဓာတ္အားေပးစက္ရံုေတြ တည္ ေဆာက္ေပးတယ္။ ၿပီးေတာ့ အသစ္ေတြ႔ရွိထားတဲ့ ေနရာေတြလည္း ရွိပါတယ္။ အဲ့ကေနလည္း လွ်ပ္စစ္ကို လံုလံုေလာက္ ေလာက္ေပးႏိုင္ဖို႔အတြက္ စီမံကိန္းေတြေရးဆြဲေနပါတယ္” ဟု စြမ္းအင္ဝန္ႀကီးဌာနမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
ျပည္တြင္း၌ လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္ႏိုင္မႈမွာ တစ္ရက္လွ်င္ ၃၀၀၀ မဂၢါဝပ္ရွိၿပီး အမွန္တကယ္လိုအပ္မႈမွာ တစ္ရက္လွ်င္ လွ်ပ္စစ္ဓာတ္အား ၄၅၀၀ မဂၢါဝပ္အမွန္တကယ္ လိုအပ္မႈရွိေၾကာင္း သိရသည္။
 ျမန္မာတစ္ႏိုင္ငံလုံး လွ်ပ္စစ္ဓာတ္အား ျပည့္မီစြာရရွိေရးႏွင့္ ျပည္တြင္းလွ်ပ္စစ္ဓာတ္အား ျပည့္မီၿပီးပါက ျပည္ပသို႔ လွ်ပ္စစ္ဓာတ္ အား တင္ပို႔ေရာင္းခ်ႏိုင္ရန္ ၅၀၀ ေကဗြီ အေရွ႕၊ အေနာက္၊ ေတာင္၊ ေျမာက္ လွ်ပ္စစ္ဓာတ္အားလိုင္း (4 Grid System) မ်ား တည္ေဆာက္သြယ္တန္းမည္ျဖစ္ၿပီး အိမ္နီးခ်င္းႏိုင္ငံမ်ားႏွင့္လည္း လွ်ပ္စစ္ဓာတ္အားလိုင္း သြယ္တန္းသြားမည့္ စီမံကိန္းမ်ား ရွိေၾကာင္း သိရသည္။

- စုသက္ႏွင္း (အကုန္သိသတင္းဌာန)

 

Unicode version

တစ်နှစ်လျှင် လျှပ်စစ် ၁၇၀၀ မဂ္ဂါဝပ် တိုးချဲ့ရန် လိုအပ်နေဟုဆို

တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် လျှပ်စစ်လိုအပ်ချက်ကို ဖြည့်တင်းနိုင်ရန်အတွက် တစ်နှစ်လျှင် လျှပ်စစ် ၁၇၀၀ မဂ္ဂါဝပ် တိုးချဲ့ရန် လိုအပ်နေကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
အမျိုးသားလျှပ်စစ်ပင်မစီမံချက်ကို ၂၀၁၄ တွင် ရေးဆွဲခဲ့ပြီး စီမံချက်တွင် ၂၀၃၀ ပြည့်နှစ်၌ မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား တပ်ဆင်မှုမှာ ၂၈၇၈၄ မဂ္ဂါဝပ်ရှိရမည်ဟု လျာထားခဲ့ပြီး ယင်းလျာထားလျက်ကို ပြည့်မီရန်အတွက် တစ်နှစ်လျှင် လျှပ်စစ် ၁၇၀၀ မဂ္ဂါဝပ်ထိ တိုးချဲ့ရန် လိုအပ်ကြောင်း သိရသည်။ 
ယင်းအပြင် ချမှတ်ထားသည့် မူဝါဒ၊ စီမံကိန်းများကို ဆောင်ရွက်ခြင်းမရှိဘဲ ရေတိုစီမံကိန်းများဖြင့် ဖြေရှင်းဆောင်ရွက်ပါက အဆင်မပြေနိုင်ကြောင်း သိရသည်။
“ တစ်နိုင်ငံလုံးမှာ လျှပ်စစ်က လုံလောက်စွာမရကြသေးဘူး။ စက်မှုဇုန်တွေမှာဆိုရင်လည်း လျှပ်စစ်လုံလောက်စွာ မရရှိတဲ့ အတွက် ဒုက္ခရောက်ကြတယ်။ အဲဒီလိုအခြေအနေတွေကို ကျော်လွှားနိုင်ဖို့အတွက် စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ မူဝါဒရေးဆွဲ ထားတယ်။ တစ်နိုင်ငံလုံး လျှပ်စစ်ရရှိအောင် ဝန်ကြီးဌာအနေနဲ့လည်း ကြိုးပမ်းဆောင်ရွက်နေပါတယ်။ လျှပ်စစ်မီးမရရှိသေးတဲ့ ကျေးရွာတွေက အများကြီးကျန်သေးတယ်။ ဒါကို အစိုးရက စီမံကိန်းရေးဆွဲပြီးတော့ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ တည် ဆောက်ပေးတယ်။ ပြီးတော့ အသစ်တွေ့ရှိထားတဲ့ နေရာတွေလည်း ရှိပါတယ်။ အဲ့ကနေလည်း လျှပ်စစ်ကို လုံလုံလောက် လောက်ပေးနိုင်ဖို့အတွက် စီမံကိန်းတွေရေးဆွဲနေပါတယ်” ဟု စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြည်တွင်း၌ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှုမှာ တစ်ရက်လျှင် ၃၀၀၀ မဂ္ဂါဝပ်ရှိပြီး အမှန်တကယ်လိုအပ်မှုမှာ တစ်ရက်လျှင် လျှပ်စစ်ဓာတ်အား ၄၅၀၀ မဂ္ဂါဝပ်အမှန်တကယ် လိုအပ်မှုရှိကြောင်း သိရသည်။
 မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ပြည့်မီစွာရရှိရေးနှင့် ပြည်တွင်းလျှပ်စစ်ဓာတ်အား ပြည့်မီပြီးပါက ပြည်ပသို့ လျှပ်စစ်ဓာတ် အား တင်ပို့ရောင်းချနိုင်ရန် ၅၀၀ ကေဗွီ အရှေ့၊ အနောက်၊ တောင်၊ မြောက် လျှပ်စစ်ဓာတ်အားလိုင်း (4 Grid System) များ တည်ဆောက်သွယ်တန်းမည်ဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများနှင့်လည်း လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းသွားမည့် စီမံကိန်းများ ရှိကြောင်း သိရသည်။

- စုသက်နှင်း (အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။